မြောက်ကျုံးထောင့် ထနောင်းရိပ်က လက်ဖက်ရည်သုံးခွက်

ဆူးငှက် ကုန်လွန်ခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါဘေးကြီး အရှိန်ကောင်းဆဲ ကျွန်တော်တို့ ဒုက္ခက လက်ဖက်ရည်ဆိုင် ငတ်ခြင်းက မဖုံးနိုင် မဖိနိုင်ဖြစ်နေသည်။ ဆိုင်တွေမှာ ပါဆယ်ရောင်းနေတာပဲ။ ပါဆယ်ကို delivery နှင့် မှာသောက်ပေါ့ဟု စာဖတ်သူက အပြစ်တင်လျှင်လည်း ခံရရုံပါပဲ။ ကျွန်တော်တို့က လက်ဖက်ရည် ငတ်တာမဟုတ်။ လက်ဖက်ရည်ဆိုင် ငတ်ခြင်းဖြစ်သည်။ လက်ဖက်ရည် တစ်ခွက်ထက် ဆိုင်မှာထိုင်ပြီး မိတ်ဆွေတွေနှင့် စကားပြောလိုခြင်းဖြစ်သည်။ ထမင်းမေ့ ဟင်းမေ့ ဆိုပါစို့။ ထို့ကြောင့် ကိုဗစ်ကာလ stay at home မှာဘယ်လိုမှ ဟန်မဆောင်နိုင်တော့။ အရင်ကတစ်ပတ်လျှင် ၃ကြိမ်လောက်တွ့ဖြစ်နေကြတဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တို့ မအောင့်နိုင်ကြတော့။ သည်ကြားထဲ ကုန်လွန်ခဲ့သော ဆယ်စုနှစ်၃စုလောက် ကတည်းက လက်ဖက်ရည်လေး တစ်ခွက်စီ အလယ်ချပြီး စကားဖောင်ဖွဲ့ဖက်ဖြစ်သူ ချစ်မိတ်ဆွေ ခွဲစိပ်ဆရာဝန်ကြီးလည်း တစ်နယ်တစ်ကြေးမှ မန်းမြေမှာ ကိုဗစ်လာရှောင်တာမို့ မတွေ့ရမနေနိုင် စကားမပြောရ မနေနိုင်ဖြစ်ကာလက်ဖက်ရည်သောက်ရန်…

Read More

ဗြိတိန်မှာ အကြာရှည်ဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရကြောင်း အင်္ဂလန်ဘဏ်သတိပေး

လန်ဒန်၊ အောက်တိုဘာ-၄-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်တွင် ၃၃ နှစ်အတွင်း အတိုးနှုန်းအမြင့်ဆုံးရောက်ရှိနေချိန်မှာ မှတ်တမ်းတွေစတင်ထားရှိချိန်နောက်ပိုင်း အကြာရှည်ဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရကြောင်း အင်္ဂလန်ဘဏ်က နို၀င်ဘာ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ အလုပ်လက်မဲ့နှုန်း နှစ်ဆနီးပါးတိုးလာပြီး နှစ်နှစ်တာကာလအတွင်း အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အင်္ဂလန်ဘဏ်ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲရဲ့ သက်ရောက်မှုတစိတ်တပိုင်းအဖြစ် စာနပ်ရိက္ခာနဲ့ စွမ်းအင်စျေးနှုန်းတွေ ခုန်တက်သွားခဲ့ပြီး အိမ်ထောင်စုအများအပြားဟာ အကျပ်အတည်းတွေ စီးပွားကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယခုနှစ်ကုန်မှာ ဗြိတိန်ရဲ့စီးပွားရေးကျဆင်းလိမ့်မယ်လို့ အဂ်လန်ဘဏ်က ယခင်ကတည်းက ခန့်မှန်းထားခဲ့ပြီး လာမယ့်နှစ်မှာ အလုံးစုံကျဆင်းမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဗြိတိန်စီးပွားရေးကျဆင်းမှုဟာ အနိမ့်ဆုံးအဆင့်မပေမယ့်လည်း ၁၉၂၀ ပြည့်နှစ်တွေမှာ မှတ်တမ်းတွေ စတင်ခဲ့ပြီးနောက် အရှည်ကြာဆုံးဖြစ်လိမ့်မယ်လို့ အင်္ဂလန်ဘဏ်က သတိပေးပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #လန်ဒန်

Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ် အချိန်ကြန့်ကြာမှုကြောင့် ကုန်ကားတွေ စောင့်နေရပြီး ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၄ – ၂၀၂၂ SN (VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရန်ကုန်အဝင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုတွေဖြစ်နေတဲ့အတွက် ကုန်ကားတွေ စောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု အခက်အခဲတွေ ဖြစ်နေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီစျေးတွေ မြင့်တက်နေတဲ့အပြင် လမ်းခရီးမှာ စောင့်ဆိုင်းရမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကုန်စည်စီးဆင်းမှုတွေ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ “ကုန်တွေအချိန်မီ မရောက်တော့ လမ်းမှာတင် အပျက်အစီး ရှိတာပေါ့။ အခုလို လောင်စာဆီ ရှားပါးနေချိန်မှာ ကုန်စည်စီးဆင်းမှုကို အနှောင့်အရှက်ပေးသလို ဖြစ်နေပြီ။ အတင်းကျော်လို့ အကျော်မတတ်ရင် ဖမ်းပြီး ဒဏ်ရိုက်တဲ့အဖွဲ့ကလည်း သက်သက်ကို ရှိသေးတာ”လို့ ကုန်တင်ယာဥ်မောင်းတဦးက ပြောပါတယ်။ နစကအနေနဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း သယ်ဆောင်မှု ရှိ၊မရှိ စစ်ဆေးဖို့ဆိုကာ အခုလို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒီစစ်ဆေးရေးဂိတ်ကြောင့်…

Read More

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အထောက်အထားမဲ့သူ ၃၀၀ ကျော် အဖမ်းခံရ

နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၂ SP( VOM) ရေလမ်း ၊ ကုန်လမ်းကနေ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ နိုင်ငံသား ဘဂ်ါလီလူမျိုး သုံးရာကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဖမ်းဆီးခံရတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက) အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ အောက်တိုဘာ ၁ လထဲမှာ အထောက်အထားမဲ့သူ ဖမ်းဆီးရမိတဲ့ ဖြစ်စဥ် အရေအတွက် ၆ ကြိမ်ရှိတယ် ၊ ဖမ်းဆီးရမိသူ ၃၀၆ ယောက်​ဖြစ်တယ် ၊ အဲ့ဒီအထဲမှာ ကလေးသူငယ် ၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦးပါဝင်နေပြီး ကျန်သူတွေကတော့ အသက်ပြည့် အရွယ်ရောက်ပြီး အမျိုးသားတွေဖြစ်တယ် ” လို့ နေပြည်တော် လဝက အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖမ်းဆီခံရသူတွေဟာ ရခိုင်ကမ်းရိုးတန်းဒေသကနေ…

Read More

ရုရှားရဲ့တိုက်ခိုက်မှု ယူကရိန်းဓါတ်အားပေးစက်ရုံတွေ သုံးပုံတပုံကျော်ပျက်စီး၊ ပြည်သူ ၄ ဒသမ ၅ သန်း ဓါတ်အား ပြတ်တောက်နေ

ကိဗ်ယက်၊ နို၀င်ဘာ-၄-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ အသာစီးအနည်းငယ်သာရရှိတာကြောင့် စွမ်းအင်ဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာကွန်ရက်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းပြည်သူ ၄ ၏သမ ၅ သန်း လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားဟာ ယူကရိန်းရဲ့ အဓိက ဓါတ်အားပေးစက်ရုံတွေကို ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းဓါတ်အားပေးစက်ရုံစုစုပေါင်းရဲ့သုံးပုံတပုံကျော်ပျက်စီးသွားပြီးလို့ ဇီလန်စကီးကပြောပါတယ်။ လက်ရှိချိန်ထိ ယူကရိန်းပြည်သူ ၄ ဒသမ ၅ သန်းလောက် ယာယီဓါတ်အားပြတ်တောက်နေပြီး စွမ်းအင်ကို အချိန်နဲ့အသုံးပြုဖို့ တိုက်တွန်းထားရတယ်လို့ သူကပြောပါတယ်။ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနကလည်း အတည်ပြုပြောဆိုထားပါတယ်။ ရုရှားဟာ စွမ်းအင်အကြမ်းဖက်မှုကျူးလွန်နေတာဟာ သူ့ရဲ့စစ်မြေပြင်ကအားနည်းချက်တွေကို ပြသနေတာဖြစ်ပြီး စစ်မြေပြင်မှာ အနိုင်မရရှိတာကြောင့် ဒီနည်းလမ်းကို အသုံးပြုနေတယ်လို့…

Read More

ကျောက်တော်မှာ လက်နက်ကြီးကျပြီး ဒေသခံ ၁၅ ဦး ထိမှန်၊ ၈ နှစ်အရွယ်ကလေးနဲ့ အဘ်ိုးအိုတဦးသေဆုံး

နိုဝင်ဘာ ၄- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် ၁၀ နာရီလောက်ကစပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၅ ဦး ထိမှန်ကာ အသက် ၈ နှစ်အရွယ်ကလေး တဦးနဲ့ အသက် ၈၀ အရွယ် အဘိုးအိုတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီကနေ အခု ညနေပိုင်းအထိ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး အခုလို ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားကြတာလို့ သိရပါတယ်။ လက်နက်ကြီး ထိမှန်ပြီး သေဆုံးဒဏ်ရာရကြတဲ့ ၁၅ ဦးဟာ ကုလားတန်မြစ်အရှေ့ဘက် ရွှေပြည်သစ်ရွာ၊ ကုလားတန်မြစ်အနောက်ဘက် မူဆလင်ကျေးရွာဖြစ်တဲ့ လက်ဆောင်ကောက်ရွာ၊ အုန်းပတီးနဲ့ ပိန္နဲချောင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလို့ သိရပါတယ်။ ဒဏ်ရာရရတဲ့အထဲ လက်ဆောင်ကောက်ကျေးရွာက ၂…

Read More

ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်း လုပ်ကြံခံရပြီး ဆေးရုံတင်ထားရ

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၄-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ဝါဇီရာဘတ်မြ်ို့မှာ ပါစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းရဲ့ ယာဉ်တန်းကို သေနတ်သမားတွေက အောက်တိုဘာ ၃ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုကနေ ၀န်င်္ကြီးချုပ်ဟောင်းကတော့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် သူ့ရဲ့မော်တော်ယာဉ်ကို သေနတ်ထိမှန်ပြီးနောက် ၀န်ကြီချုပ်ဟောင်းရဲ့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကြောင့် လူတဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်မှုဖြစ်ကြောင်း မဟာမိတ်တွေက ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်အပေါ် တရား၀င်မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ရွေးကောက်ပွဲစောလျင်စွာကကျင်းပရေး တောင်းဆိုဖို့အတွက် မြို့တော်အစ္စလာမ္မာဘတ်မှာ အဆုံးသတ်မယ့် ဆန္ဒပြချီတက်ပွဲကို ၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းက ဦးဆောင်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ရဲ့အခြေအနေတည်ငြိမ်ပေမယ့်လည်း ကျည်ဆန်ထိမှန်ခဲ့တဲ့အတွက် ခွဲစိတ်မှုခံယူရနိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။ ၀န်ကြီးချုပ်ဟောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြောင်း ဖမ်းဆီးခံရသူတဦးက ၀န်ခံထားတဲ့ ရုပ်သံမှတ်တမ်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:Twitter…

Read More

ပြည်တွင်းစစ်ကြောင့် ရခိုင်မှာ ခရီးသွားလာရေး မတည်မငြိမ်ဖြစ်နေ

နိုဝင်ဘာ ၄- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ပြည်တွင်းစစ်ရေး ပဋိပက္ခကြောင့် မြို့နယ်ချင်း ခရီးသွားလာရေးတွေပိုမိုခက်ခဲသွားပြီး ရန်ကုန် – စစ်တွေ အဝေးပြေးလမ်းတလျှောက်မှာလည်း ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေသာ ရှိတော့တယ်လို့ သိရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေတွေဟာ တနေ့တခြားပိုမိုပြင်းထန်လာပြီး တပ်နဲ့ အေအေတို့ရဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေဟာလည်း နေ့စဉ်ဆိုသလိုမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အရင် ၂၀၁၇ ခုနှစ်ကစလို့ စစ်တွေမြို့နဲ့ တခြားမြို့နယ်တွေကြား ခရီးသွားလာရေးတွေ ကောင်းမွန်ခဲ့ပေမယ့် ၂၀၁၈ နှစ်ကုန်ပိုင်း စစ်ရေးပဋိပက္ခတွေနောက်ပိုင်းနှစ်တွေက စလို့ အများပြည်သူခရီးသွားလာရေးဟာ လွတ်လပ်မှု ကင်းမဲ့သွားပါတယ်။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီကာလတွေဟာလည်း ရခိုင်မှာ စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးကာလတွေဖြစ်ခဲ့ပြီး အများပြည်သူခရီးသွားလာရေးဟာ လုံခြုံမှုမရှိတော့ဘဲ အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြရပါတယ်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာတော့ တပ်နဲ့ အေအေတို့ရဲ့ နှစ်ဖက်နားလည်မှုနဲ့…

Read More

သတ်သေမှုတွေရဲ့ နောက်ကွယ်

နိုဝင်ဘာ ၄-၂၀၂၂ KK(VOM) နိူင်ငံအတွင်း ကုန်စျေးနှုန်းကြီးမြှင့်တာတွေ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ကျန်းမာရေးဆေးဝါးနဲ့ကုသမှု့စရိတ်ကြီးမြှင့်တာတွေအပြင် အထွေထွေပြသာနာတွေကြောင့်၂၀၂၂ ခုနှစ် ဇူလဆန်းမှ ဒီကနေ့အခြေအနေထိ မြို့နယ် ၃၄ မြို့နယ်မှာ ကိုယ့်ကိုယ်ကိုသတ်သေသူ ၄၄ ဦးရှိခဲ့တယ်လို့ သတင်းမှတ်တွေအရသိရပါတယ်။ ဟိုအရင်ကနဲ့မတူတဲ့ သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာဟာ အထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုတွေကြောင့် လူထုကြား စိတ်ဖိစီးမှု စိတ်မွန်းကြပ်မှု စိတ်ဓာတ်ကျဆင်းမှုတွေ မြင့်တက်လာနေကြောင်း ပြသနေတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒီလို စိတ်ကျန်းမာရေးပြသာနာများဖြစ်လာပြီးနောက် မိမိကိုယ်ကိုအဆုံးစီရင်တာတွေ ဖြစ်လာတာနဲ့ပတ်သက်ပြီး တယ်လီကျန်းမာရဲ့စိတ်ရောဂါကုဆရာဝန်တဦးနဲ့ Voice oF Myanmar သတင်းဌာနမှ မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ❓အခုတလော သတ်သေမှုတွေ ဘာကြောင့်များလာတာလဲ၊ ဟိုအရင်ကနဲ့မတူ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာ ဟုတ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုတွေကြောင့် လူထုကြား စိတ်ဖိစီးမှု…

Read More

ဂန့်ဂေါ – ကလေး ကားလမ်းပိတ်ထားတာကြောင့် ရာသီပေါ်သီးနှံတွေ စျေးကွက်ထဲရောက်ဖို့ အခက်တွေ့နေ

နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တို့ ဆက်သွယ်ထားတဲ့ ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းဟာ ၇ လကျော်ကြာ ပိတ်ထားခံရတဲ့အတွက် ရာသီပေါ်သီးနှံတွေနဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီနှစ်ပေါ်တဲ့ နွေသီးနှံနဲ့ မိုးသီးနှံတွေ ရိတ်သိမ်းပြီးပေမယ့် ကားလမ်းတွေပိတ်ထားတာကြောင့် စျေးကွက်ထဲကို အချိန်မီ ပို့ဆောင်နိုင်တာမရှိဘူး ၊ အဲ့ဒီ ရာသီပေါ်သီးနှံတွေကို ရွာမှာ လှောင်ထားရင်လည်း မီးဘေးအန္တရာယ်ကြောက်ရတယ် ၊ ကားတွေ အသွားအလာမရှိလို့ ဆိုင်ကယ်နဲ့ တနိုင်တပိုင် သယ်ယူရောင်းချရတယ် ၊ လက်လီရောင်းရတဲ့အခါ ၊ အလျော့တွက် နဲ့ လေလွင့်မှုများသလို စျေးနှိမ်ခံရတာတွေလည်း ရှိတယ် ၊ သီးနှံပွဲစားတွေက ရွာတွေဘက်ကို မလာရဲတော့…

Read More
VOM News

FREE
VIEW