ရုရှားရဲ့တိုက်ခိုက်မှု ယူကရိန်းဓါတ်အားပေးစက်ရုံတွေ သုံးပုံတပုံကျော်ပျက်စီး၊ ပြည်သူ ၄ ဒသမ ၅ သန်း ဓါတ်အား ပြတ်တောက်နေ

ကိဗ်ယက်၊ နို၀င်ဘာ-၄-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ အသာစီးအနည်းငယ်သာရရှိတာကြောင့် စွမ်းအင်ဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာကွန်ရက်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းပြည်သူ ၄ ၏သမ ၅ သန်း လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားဟာ ယူကရိန်းရဲ့ အဓိက ဓါတ်အားပေးစက်ရုံတွေကို ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းဓါတ်အားပေးစက်ရုံစုစုပေါင်းရဲ့သုံးပုံတပုံကျော်ပျက်စီးသွားပြီးလို့ ဇီလန်စကီးကပြောပါတယ်။
လက်ရှိချိန်ထိ ယူကရိန်းပြည်သူ ၄ ဒသမ ၅ သန်းလောက် ယာယီဓါတ်အားပြတ်တောက်နေပြီး စွမ်းအင်ကို အချိန်နဲ့အသုံးပြုဖို့ တိုက်တွန်းထားရတယ်လို့ သူကပြောပါတယ်။

ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနကလည်း အတည်ပြုပြောဆိုထားပါတယ်။

ရုရှားဟာ စွမ်းအင်အကြမ်းဖက်မှုကျူးလွန်နေတာဟာ သူ့ရဲ့စစ်မြေပြင်ကအားနည်းချက်တွေကို ပြသနေတာဖြစ်ပြီး စစ်မြေပြင်မှာ အနိုင်မရရှိတာကြောင့် ဒီနည်းလမ်းကို အသုံးပြုနေတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW