ဇန်နဝါရီ ၁၈ – ၂၀၂၃ SN (VOM) မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်အတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီနေ့ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က Alphard ယာဉ်တစီး တိမ်းမှောက်ခဲ့ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ မန္တလေးဘက်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ အိမ်စီးယာဥ် Alphard အမျိုးအစား၊ အနက်ရောင်ယာဥ်ဟာ မိုင်တိုင်အမှတ်-၂၉၈/၄ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှ်ိ အကာရံသံတိုင်ကိုဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ကြောင့် ယာဥ်ပေါ်ပါသူ ၁၀ ဦးအနက်အသက် ၅၀ နှစ်ခန့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂…
Read MoreDay: January 18, 2023
ကိဗ်ယက်မြို့အနီးမှာ ရဟတ်ယာဉ်ပျက်ကျမှု ယူကရိန်းပြည်ထဲရေး၀န်ကြီး အပါအ၀င် လူ ၁၆ ဦးသေဆုံး
ကိဗ်ယက်၊ ဇန်နဝါရီ-၁၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ယက်အရှေ့ဘက် ဆင်ခြေဖုံးရှိ မူကြိုကျောင်းအနီးမှာ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယူကရိန်းပြည်ထဲရေး၀န်ကြီးအပါအ၀င် လူ ၁၆ ဦးသေဆုံးသွားပါတယ်။ ပြည်ထဲရေး၀န်ကြီး ဒန်နီစ်မိုနာစကီဟာ အခြားသူရှစ်ဦးနဲ့အတူ ရဟတ်ယာဉ်ပေါ်မှ လိုက်ပါခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်နှစ်ဦးလည်းပါ၀င်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ရဟတ်ယာဉ်ဟာ ဘရိုဘာရီဒေသ ဆင်ခြေဖုံးမှာဆင်းသက်စဉ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ပြည်ထဲရေး၀န်ကြီးဌာန လက်ထောက်၀န်ကြီးနဲ့ပြည်နယ်အတွင်း၀န်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ မူကြိုကျောင်းအနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေနဲ့ ၀န်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ ကလေးငယ် ၁၀ ဦးအပါအ၀င် လူ ၂၂ ဦးကို ဆေးရုံတင်ထားရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ရဟတ်ယာဉ်ပျက်ကျချိန်မှာ မြူတွေထူထပ်စွာကျနေတာကြောင့် မြင်ကွင်းမရှင်းဖြစ်နေပြီး ကနဦးအစီရင်ခံစာတွေအရ ရဟတ်ယာဉ်ဟာ မူကြိုကျောင်းနဲ့တိုက်မိပြီးနောက် လူနေအဆောက်အအုံတခုနဲ့ နီးကပ်စွာပျံသန်းခဲ့တယ်လို့ သိရပါတယ်။ Ref: BBC #voiceofmyanmar #VOM…
Read Moreစစ်တွေမြို့မှာ ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား
ဇန်နဝါရီ ၁၈-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ် ၊စစ်တွေမြို့၊ ပလ္လင်ပြင်ရွာသစ်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၇ရက် မနက်အစောပိုင်းက ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ “လူသတ်မှုက မနေ့က ဖြစ်တာပါ ၊ သေဆုံးခဲ့ရသူတွေက အသက် ၆၅ နှစ်အရွယ် ဦးဘော်ဒီရာမန်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ဖာတေဟခါမောက်နဲ့ အသက် ၃၇ နှစ်အရွယ် ၊ ဒေါ်အာလီမာခါတူနှင့် အသက် ၃၅ နှစ် အရွယ် ဦးဘောဇီရာမောက်တို့ပါ ၊ မိသားစုလိုက် အသတ်ခံရတာ ၊ ဘယ်လိုဖြစ်တာလဲတော့ အခုအထိ မသိရသေးပါဘူး ၊ ဒေသခံတချို့ကပြောတာကတော့ အမွေကိစ္စနဲ့ ဖြစ်တာလို့လည်းပြောတယ် ၊ ရဲတွေကတော့ အသေးစိတ် စစ်ဆေးနေဆဲပဲ။”လို့ လူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူ တယောက်ကပြောပါတယ်။ အဲ့ဒီ သေဆုံး ရုပ်အလောင်း ၄ လောင်းကို…
Read Moreနိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်သတင်းထောက်ကို တရားရုံးက တရားသေလွတ်ပေး
မနီလာ၊ ဇန်နဝါရီ-၁၈-၂၀၂၃ မျိုးဆက်(VOM) အခွန်တိမ်းရှောင်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ နိုဘယ်ဆုရရှင် ဖိလစ်ပိုင်သတင်းထောက် မာရီယာရက်စ်ဆာကို ဖိလစ်ပိုင်တရားရုံးက ဇန်နဝါရီ ၁၈ ရက်မှာ တရားသေလွတ်ပေးလိုက်ပါတယ်။ မာရီယာရက်စ်ဆာဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃၄ နှစ်ထိ ကျခံရနိုင်ပြီး ဒီနေ့ဟာ အမှန်တရားနဲ့ တရားမျှတမှုက အနိုင်ရရှိခဲ့ကြောင်း တရားရုံးကအမိန့်ချပြီးနောက် သူကပြောပါတယ်။ သူ့ရဲ့အမှုဟာ ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ရက်ပ်လာသတင်းဌာနကို တည်ထောင်သူ မစ္စရက်စ်ဆာကို ဖိလစ်ပိုင်အစိုးရက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေနဲ့ ပူးပေါင်းကာ ရင်းနှီးမြုပ်နှံငွေတိုးလာတဲ့အခါ မစ္စရက်စ်ဆာနဲ့ ရက်ပ်လာသတင်းဌာနတို့ဟာ အခွန်ရှောင်တိမ်းရန် ကြိုးပမ်းခဲ့တယ်ဆိုပြီး သမ္မတဟောင်း ဒူတာတေးလက်ထက်မှာ တရားစွဲခဲ့ပါတယ်။ ဖိလစ်ပိုင်တာ၀န်ရှိသူတွေက၂၀၂၂ ခုနှစ်မှာ ရက်ပ်လာသတင်းဌာနကိုပါ ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သတင်းဌာနကို ပိတ်မှာမဟုတ်ကြောင်း မစ္စရက်စ်ဆာက တုံ့ပြန်ခဲ့ပြီး ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်ခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #မနီလာ
Read Moreဘုတ်ပြင်းမှာ အရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး(၃)ဦး အပါအဝင် အသတ်ခံထားရတဲ့ အမျိုးသား ၈ ယောက် အလောင်းကို တနေရာထဲမှာတွေ့ရှိ
ဇန်နဝါရီ ၁၈-၂၀၂၃ MM(VOM) တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူရွာအနီးမှာ အရင် NLD ပါတီလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ အမျိုးသား ၃ ယောက်အပါအဝင် အသတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၈ လောင်းကို တနေရာထဲမှာ တွေ့ ရှိခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။ သေဆုံးနေပြီး တွေ့ရတဲ့အလောင်းတွေဟာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်တဲ့ ဦးစိန်ဝင်း၊ ဦးအောင်ဖေ၊ ဦးဇော်ဝမ်းတို့ အပါအဝင် ဒေသခံတွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးသန်းဗို၊ ဦးဟန်ဒူး၊ ကိုဇော်သိန်း၊ ကိုဇော်ထွေးတို့ ဖြစ်တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ”အလောင်းတွေက ရွာဟေ့လူရွာအနီးမှာတွေ့ရတာ ၊ တနေရာထဲမှာ မနေ့ကတွေ့တာ အလောင်းက ၈ လောင်း အမျိုးသား အလောင်းတွေကြီးပဲ ၊ အလောင်းတွေမှာ ရိုက်နှက်သတ်ခံထားရတဲ့ လက္ခာတွေတွေ့ရတယ် ၊ ဘယ်သူတွေ ဘယ်အဖွဲ့က သတ်တယ်ဆိုတာတော့…
Read More၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် CMP လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှု ရရှိငွေ ဒေါ်လာ သန်း ၄၀၀၀ကျော် ကျဆင်းသွား
ဇန်နဝါရီ ၁၇ – ၂၀၂၃ GG(VOM) CMP လက်ခစားစနစ် လုပ်ငန်းတွေကနေ လက်ရှိဘဏ္ဍာနှစ်အတွက် ပြည်ပတင်ပို့မှုရငွေဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်ကျသာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ လက်ရှိ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့ကနေ ဒီဇင်ဘာအထိ ၉ လတာ ကာလအတွင်း CMP လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှုမှ ရရှိငွေဖြစ်ပြီး အရင်နှစ်နဲ့ နှိုင်းယှဥ်ပါက သန်း၄၀၀၀ ကျော်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တုန်းက CMP လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှုမှ ရရှိငွေဟာ အမေရိကန်ဒေါ်လာ သန်း ၈၂၅၃ ရရှိခဲ့တာဖြစ်ပါတယ်။ ” အခုဘဏ္ဍာနှစ်မှာက အမေရိကန်ဒေါ်လာ ၄၀၆၇ သန်း လောက်ပဲဝင်တယ်။အရင်နှစ်နဲ့ယှဥ်ရင် ထက်ဝက်တောင်ကျသွားတာပေါ့။ ကျတာလည်းမပြောနဲ့လေ လုပ်ငန်းမလည်ပတ်နိုင်လို့ စက်ရုံတွေရပ်လိုက်တာတွေတောင်ရှိခဲ့တာ၊နောက်ပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ အလုပ်သမားလျှော့တာတွေ…
Read Moreအကျင့်ပျက်ချစားမှု စွပ်စွဲချက်တွေကြောင့် ဗီယက်နမ်သမ္မတ ရာထူးကနေ နှုတ်ထွက်
ဟနွိုင်း၊ ဇန်နဝါရီ-၁၈-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်သမ္မတ ငုယင်ဆွမ်ဖူဟာ ဇန်နဝါရီ ၁၇ ရက်မှာ ရာထူးကနေ နှုတ်ထွက်လိုက်ပြီး သူ့ရဲ့နှုတ်ထွက်မှုကို ဗီယက်နမ်အာဏာရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက အတည်ပြုလိုက်ပါတယ်။ သမ္မတ ငုယင်ဆွမ်ဖူဟာ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်မှုနဲ့ဆက်စပ်ပြီး အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံမှာ ပါ၀င်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရသူဖြစ်ပါတယ်။ သမ္မတအဖြစ်မှနှုတ်ထွက်ဖို့နဲ့ ပါတီရဲ့ပေါ်လစ်ဗျူရိုမှာ တာ၀န်ယူထားတဲ့အပိုင်းကနေ နှုတ်ထွက်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပါတီဗဟိုကော်မတီက ဇန်နဝါရီ ၁၇ ရက်မှာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဒုတိယ၀န်ကြီးချုပ်နှစ်ဦးအပါအ၀င် တာ၀န်ရှိသူအများအပြားရဲ့ အရှုပ်တော်ပုံတွေနဲ့ အမှားအယွင်းတွေအတွက် သူဟာ နိုင်ငံရေးအရ တာ၀န်ယူ တာ၀န်ခံရမှာဖြစ်ကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီက ပြောပါတယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရပ်ဟာ အစိုးရထိပ်တန်းအရာရှိတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်နှိမ်နှင်းလျှက်ရှိပါတယ်။ ကိုဗစ်-၁၉ တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး အကျင့်ပျက်ချစားမှုအရှုပ်တော်ပုံကြောင့် ယခုလအစောပိုင်းကလည်း ဒုတိယ၀န်ကြီးချုပ်နှစ်ဦးကို ထုတ်ပယ်ခဲ့ပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar…
Read Moreထန်းတပင်မှာ အသက် ၈ လအရွယ်ကလေးနဲ့အုပ်ချုပ်ရေးမှူး အပါ ၃ ယောက် ကျည်ထိမှန်သေဆုံး
ဇန်နဝါရီ ၁၈ -၂၀၂၃ VOM (GG) ပဲခူးတိုင်း၊တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာက ၈ လအရွယ်ကလေးအပါအဝင် ၃ ယောက် သေနတ်ကျည် ထိမှန်သေဆုံးခဲ့မှု မနေ့ ဇန်နဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေကတော့ ရွာသာယာရွာက လက်ရှိ အုပ်ချုပ်ရေးမှူး နဲ့ အရင်အုပ်ချုပ်ရေးမှူးဟောင်းဆိုသူတို့ဖြစ်ပြီး ၊ အသက် ၈ လအရွယ် ကလေးကတော့ အခင်းဖြစ်ပွားတဲ့ ဥက္ကဋ္ဌတို့နေရာအနီးပတ်ဝန်းကျင်ကဖြစ်တယ်လို့ဘသိရပါတယ်။ ” ပစ်ခတ်မှုတွေဖြစ်တာကို ကလေးအမေကထွက်ကြည့်ရင်း ကျည်ဆံက ကလေးကိုမှန်တာလို့သိရတယ်၊ ကလေးက ထန်းတပင်ဆေးရုံကနေ တောင်ငူ၊တောင်ငူကနေမှ နေပြည်တော်ဆေးရုံရောက်ပေမယ့် ဆုံးသွားပြီ။ အုပ်ချုပ်ရေးမှူးနှစ်ယောက်လည်း သေတယ်ပြောတယ် ။မနေ့က ၁၁ နာရီလောက်မှာဖြစ်တာ” လို့ ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။ ရွာသာယာရွာက အုပ်ချုပ်ရေးမှူး နဲ့ အရင်ဥက္ကဋ္ဌဟောင်းဆိုသူတို့ကို သေနတ်နဲ့လာရောက်ပစ်ခတ်ချိန် အခင်းဖြစ်ပွားရာ နေအိမ်အနီး မိခင်နဲ့အတူရှိနေတဲ့ အသက် ၈…
Read Moreပခုက္ကူမြို့ပေါ်က ကုန်သည်ပွဲစားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မကြာခဏ ပျောက်ဆုံးနေ
ဇန်နဝါရီ ၊ ၁၈ ၊ ၂၀၂၃ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ခရိုင်မြို့နယ်ထဲက စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ မြို့တွေပေါ်မှာ သွားလာတာမတွေ့ရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ” မြို့ပေါ်က ပွဲရုံလုပ်ငန်းရှင်တွေ ၊ စတိုးဆိုင် လုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေနဲ့ စက်မှုဇုန်ဘက်က လုပ်ငန်းရှင်တွေဟာ မြို့ပေါ်မှာ သွားတာ လာတာ မတွေ့ရတော့ဘူး ၊ ကြားရတာက အဲ့ဒီ လုပ်ငန်းရှင်တွေဟာ သူတို့ဆီကို ဖုန်းကနေတဆင့် SMS ပို့ပြီး ခြိမ်းခြောက်ခံရတာ ၊ အသင်းအဖွဲ့ စည်းတံဆိပ် မပါတဲ့ စာတွေပို့ပြီး ငွေတောင်းခံရတာ ၊ မြို့ပေါ်မှာ လုပ်ငန်းရှင်တချို့ ပြန်ပေးဆွဲ အဖမ်းခံရတာတွေကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန် ၊…
Read More