ဘုတ်ပြင်းမှာ အရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး(၃)ဦး အပါအဝင် အသတ်ခံထားရတဲ့ အမျိုးသား ၈ ယောက် အလောင်းကို တနေရာထဲမှာတွေ့ရှိ

ဇန်နဝါရီ ၁၈-၂၀၂၃
MM(VOM)

တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူရွာအနီးမှာ အရင် NLD ပါတီလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ အမျိုးသား ၃ ယောက်အပါအဝင် အသတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၈ လောင်းကို တနေရာထဲမှာ တွေ့ ရှိခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

သေဆုံးနေပြီး တွေ့ရတဲ့အလောင်းတွေဟာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်တဲ့ ဦးစိန်ဝင်း၊ ဦးအောင်ဖေ၊ ဦးဇော်ဝမ်းတို့ အပါအဝင် ဒေသခံတွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးသန်းဗို၊ ဦးဟန်ဒူး၊ ကိုဇော်သိန်း၊ ကိုဇော်ထွေးတို့ ဖြစ်တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

”အလောင်းတွေက ရွာဟေ့လူရွာအနီးမှာတွေ့ရတာ ၊ တနေရာထဲမှာ မနေ့ကတွေ့တာ အလောင်းက ၈ လောင်း အမျိုးသား အလောင်းတွေကြီးပဲ ၊ အလောင်းတွေမှာ ရိုက်နှက်သတ်ခံထားရတဲ့ လက္ခာတွေတွေ့ရတယ် ၊ ဘယ်သူတွေ ဘယ်အဖွဲ့က သတ်တယ်ဆိုတာတော့ မသိသေးဘူး ၊ အခုအသတ်ခံရတဲ့လူတွေထဲမှာ NLD ပါတီလက်ထက်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတာဝန် ယူခဲ့တဲ့သူတွေလည်းပါတယ် ၊ အလောင်းတွေကိုကြည့်ရတာတော့ သတ်ပြီးတော့ လာစွန့်ပစ်ထားတာလို့ ယူတယ်။”လို့ သူက ဆက် ပြောပါတယ်။

ရွာဟေ့ကျေးရွာ က ဒေသခံတယောက်က” အသတ်ခံရတဲ့သူတွေက အသက် ၃၀ ဝန်ကျင် ၅ ယောက်နဲ့ အသက် ၄၀ ဝန်းကျင် ၂ ယောက်ပါ ၊ မျက်နှာဖုံးစွပ်ထားတဲ့သူတွေက ကားနဲ့ခေါ်လာပြီး သတ်သွားလို့ တချို့ကလည်းပြောတယ်၊တချို့ကလည်း သတ်ပြီးမှလာပစ်ထားတာလို့ပြောတယ် ၊ ဖြစ်စဉ်ကတော့မှန်တယ် ၊ အလောင်းတွေက မပုပ်သေးဘူး ။”လို့ ပြောပါတယ်။

အဲ့ဒီ အသတ်ခံရတဲ့နေရာကို တာဝန်ရှိတဲ့လူတွေ သွားရောက်စစ်ဆေးထားပြီး ရုပ်အလောင်းတွေကိုတော့
ဒေသခံ ပရဟိတအဖွဲ့တွေရဲ့ကားတွေနဲ့ သယ်ယူသွား
တာတွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

တနင်္သာရီတိုင်းက ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ၂၀၂၃ခုနှစ်အတွင်း အခုလို အမျိုးသားတွေပဲ လူအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘုတ်ပြင်း #အသတ်ခံရတဲ့အလောင်းရှစ်လောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW