တရုတ်မှာ တပတ်အတွင်း ကိုဗစ်ကြောင့် လူ ၁၂၀၀၀ ကျော်သေဆုံး

ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံတ၀န်းမှာ ဇန်နဝါရီ ၁၉ ရက်ထိ တပတ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂၀၀၀ ကျော်သေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်ထိ နိုင်ငံတွင်းရှိ ဆေးဘက်ဆိုင်ရာဌာနတွေမှာ ကိုဗစ်လူနာ ၁၂၆၅၈ ဦးသေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုကြောင့် လူ ၆၈၁ ဦးသေဆုံးခဲ့ပြီး ၁၁၉၇၇ ဦးကတော့ နောက်ဆက်တွဲရောဂါတွေကြောင့် သေဆုံးခဲ့သည်ဟု အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ကူးစက်မှုများ မြင့်တက်ပြီးနောက် တပတ်တာအတွက် သေဆုံးမှုကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

စနေ့နေ့မှာ စတင်ခဲ့တဲ့ နှစ်သစ်ကူးအားလပ်ရက်တွေအတွင်း ပြည်သူတွေဟာ ဇာတိရပ်ရွာတွေကို ခရီးသွားရောက်ကြခြင်းတွေကြောင့် ကျေးလက်ဒေသတွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အားလပ်ရက်မတိုင်မီနဲ့ အားလပ်ရက်အပြီး ရက်ပေါင်း ၄၀ အတွင်း ပြည်သူ ၂ ဒသမ ၁ ဘီလီယံ ခရီးသွားလာမှုပြုလုပ်ကြမယ်လို့ တရုတ်အစိုးရက ခန့်မှန်းထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW