နေတိုးအဖွဲ့ထဲ ဆွီဒင်၀င်ဖို့ မမျှော်လင့်နဲ့လို့ တူရကီသမ္မတအာဒိုဂန် သတိပေး

အန်ကာရာ၊ ဇန်နဝါရီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ဆွီဒင်အနေဖြင့် နေတိုးအဖွဲ့ထဲ ၀င်ရောက်ရေးကြိုးပမ်းမှုမှာ တူရကီရဲ့ထောက်ခံမှုကို မမျှော်လင့်သင့်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ဇန်နဝါရီ ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတခုမှာ ကာ့ဒ်ဆန္ဒပြသူတွေက အာဒိုဂန်ရဲ့ပုံနဲ့ ကိုရ်အာန်ကျမ်းတစောင်ကို မီးရှို့ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တူရကီသမ္မတ အာဒိုဂန်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲ ၀င်ရောက်ဖို့ လျှောက်ထားပြီးဖြစ်ပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ တူရကီရဲ့ ထောက်ခံမှုလိုအပ်နေပါသေးတယ်။

လက်ယာစွန်းပါတီတခုက ဦးဆောင်ပြုလုပ်တဲ့ အဆိုပါဆန္ဒပြပွဲကို တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချထားသလို ဆွီဒင်အစိုးရကလည်း ဆန္ဒပြပွဲကို ဝေဖန်ပြောဆိုထားပါတယ်။

မိမိတို့သံရုံးရှေ့မှာ အခုအရှက်ရစေအောင်ဆန္ဒပြမှုပြုခဲ့တဲ့အတွက် နေတိုးအဖွဲ့၀င်နိုင်ငံဖြစ်ရေး ဆွီဒင်ရဲ့ လျှောက်ထားမှုမှာ တူရကီရဲ့ထောက်ခံမှု မျှော်လင့်လို့မရဘူးဆိုတာ ရှင်းနေကြောင်း အာဒိုဂန်က ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW