ဇန်နဝါရီ ၊ ၂၆ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ မြေခဲတောင်ကျေးရွာ ၊ မြေခဲတောင် အခြေခံပညာ အလယ်တမ်းကျောင်းက ဆရာ ၊ ဆရာမ ၉ ဦးဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ပျောက်ဆုံးနေတယ်လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက်ပိုင်း ကျောင်းစဖွင့်ချိန်မှာ ကျောင်းထဲကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်လာပြီး ဆရာ ဦးဘိုတင့် ၊ ဆရာမ ဒေါ်မြမွန်ကျော် ၊ ဆရာမ ဒေါ်တင်တင်မော် ၊ ဆရာမ ဒေါ်ဖြိုးလဲ့ဝါ ၊ ဆရာမ ဒေါ်ဝေဝေနွယ် ၊ ဆရာမ နွေးနွေးသက် ၊ ဆရာမ ဒေါ်တင်နွယ်အေး ၊ ဆရာ ဦးကျော်ဟိန်း…
Read MoreDay: January 26, 2023
မန်းရွှေစက်တော် ဘုရားပွဲတော်ကို လုံခြုံရေးစခန်း မြောက်များစွာ ချထားပြီး ကျင်းပလျက်ရှိ
ဇန်နဝါရီ ၂၆ – ၂၀၂၃ SN (VOM) မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို လုံခြုံရေးစခန်း မြောက်များစွာ ချထားပြီး ကျင်းပလျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မင်းဘူးမြို့ရဲ့အထင်ကရ ဘုရားဖူးနဲ့အလည်အပတ်နေရာဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့အထိ ၃ လကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ “အရင်နှစ်တွေကတော့ ဒီပွဲတော်ကို အကျဉ်းရုံးပေမယ့် ဒီနှစ်ကတော့ စည်စည်းကားကား ဖွင့်လှစ်ပြီးပါပြီ။ ဒီနှစ်ကတော့ ဒေသခံ ဈေးသည်လေးတွေလည်း ဈေးရောင်းရမယ့်ပုံ မြင်ပါတယ်ဗျ။ ဘုရားဖူးတွေလည်း လက်ရှိမှာ လာသင့်သလောက် လာပါတယ်။ လုံခြုံရေးအနေအထားကတော့ တိုင်းအစိုးရ၊ လဝကတိုင်းမှူးရဲ့ ညွှန်ကြားချက်အရ ပွဲခင်းထဲမှာ လုံခြုံရေးစခန်းမြောက်များစွာ ချထားပေးပါတယ်။ အဝင်၊ အထွက်ဂိတ်တွေမှာရော ပွဲခင်းထဲမှာရော လုံခြုံရေးကို အားလုံးချထားပေးပါတယ်“လို့ ဒေသခံတဦးက…
Read Moreထိုင်းသင်္ကြန်ပွဲတော်ကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ဖို့ ပဏာမစာရင်းထည့်သွင်းခံရ
ဘန်ကောက်၊ ဇန်နဝါရီ-၂၆-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဆုန်ခရန် သင်္ကြန်ပွဲတော်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားခဲ့ရာ ယခုနှစ်ကုန်မှာကြေညာမယ့် ယူနက်စကိုရဲ့ပဏာမစာရင်းမှာ ထည့်သွင်းခံထားရတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ခွန်ဆိုတဲ့ မျက်နှာဖုံးအက၊ ထိုင်းရိုးရာအနှိပ်ပညာ၊ နိုရာပြဇာတ်အကတို့ကိုလည်း ယူနက်စကိုမှာ စာရင်းသွင်းထားပြီဖြစ်တဲ့အတွက် ဆုန်ခရန်သင်္ကြန်ပွဲတွေဟာ ထိုင်းနိုင်ငံရဲ့ လေးခုမြောက်ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာဖို့ရှိနေပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ မွေထိုင်း၊ ဖိတခွန်နဲ့ သရက်ကောက်ညှင်းအစားအစာနဲ့ ဖိတခွန်အက စတာတွေကိုလည်း ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ စာရင်းတင်သွင်းသွားဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဒေသတွင်းရှိအခြားနိုင်ငံတွေမှာလည်း အလားတူရှိနေပါတယ်။ အခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံကတော့ ထိုင်းရိုးရာလက်ဝှေ့ မွေထိုင်းဆိုတဲ့ နာမည်အစား ကွမ်းခမာဆိုတဲ့ နာမည်ကို အသုံးပြုပြီး ပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ်။ Ref: Laotimes #voiceofmyanmar #VOM #ဘန်ကောက်
Read Moreညောင်တုန်းမှာ စက်လှေမှောက်ပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ
ဇန်နဝါရီ၊ ၂၆-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စက်လှေတိမ်းမှောက်လို့ ကလေးတယောက် သေဆုံးကာ တယောက်ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ လူ ၉ ယောက် လိုက်လာတဲ့ စက်လှေ ၁ စီးဟာ ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ ညောင်တုန်းမြို့နယ်၊ ပုသိမ်-ရန်ကုန် အမြန်လမ်းမကြီးဘေးရှိ အမှတ် (၃) တူးမြောင်းမှာတိမ်းမှောက်သွားတာလို့ ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ”မနက် ၁၁ နာရီဝန်းကျင်မှာ တိမ်းမှောက်တာ ၊ လှေပေါ်မှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးပါလာတာ၊ မောင်းလာရင်း မှောက်သွားတာလို့သိရတယ်၊ ၉ ဦးထဲက ကလေး ကျား ၁ ဦးနဲ့ မ…
Read Moreပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက နိုင်ငံခြားသား စက်ရုံမှူးနဲ့ စကားပြန်ကို အမည်မသိအဖွဲ့က ခေါ်ဆောင်သွား
ဇန်နဝါရီ ၊ ၂၆ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာ ၊ မုံရွာ – ပခုက္ကူ ကားလမ်းနားက ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံကို ဒီကနေ့ မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပြီး တရုတ်နိုင်ငံသား စက်ရုံမှူး အမျိုးသမီး ၁ ဦး အပါအဝင် လူ ၂ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အထည်ချုပ်လုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက်ပိုင်းက ဖြစ်တာပါ ၊ တရုတ်နိုင်ငံသား စက်ရုံမှူး အမျိုးသမီးတယောက်နဲ့ သူ့ရဲ့ စကားပြန် ကိုမျိုးဇင်ဝင်းတို့ကို ဖမ်းခေါ်သွားတယ် ၊ စက်ရုံကိုတော့ ဒီမနက် ၉ နာရီလောက်မှာ ပိတ်လိုက်ပြီး လုပ်သားတွေအားလုံး ပြန်ကြတယ် ” လို့ အဲ့ဒီ…
Read Moreပေါက်မြို့နယ်က ရွာ(၆)ရွာ မီးရှို့ခံရလို့ အိမ်(၁၀၀) နီးပါးပျက်စီး၊ဒေသခံတွေလည်း ထွက်ပြေးနေရ
ဇန်နဝါရီ ၂၆ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာ ၆ ရွာကို ဇန်နဝါရီလ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် တစ်ရာနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ဒါ့ကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာနေ ဒေသခံတွေဟာ ရိက္ခာတွေသယ်ယူပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ” တနေ့က တရက်တည်း ပန်းတော်ကန်ရွာအပါ ၃ ရွာ မီးရှို့ခံရတယ်။ မီးတွေရှို့ခံရတော့ ဒေသခံတွေက လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ် ၊တိုက်ပွဲတွေတော့ ဖြစ်သံမကြားမိဘူး၊ဆိုတော့ ဘယ်သူရှို့လဲတော့ သေချာမသိပါဘူး ၊ ဇင်းရွေးခုံရွာဆို အိမ်၅၀ လောက်ရှိတယ်လို့ သိရတယ် “လို့ ပေါက်မြို့ ဒေသခံတဦးကပြောပါတယ်။ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ရွာတွေဟာ ပေါက်မြို့နယ် တောင်ပိုင်းက သီးခြောက်ရွာ၊ ပြစ်ထဲရွာ၊ စမ်းရေခုံရွာ၊ ပန်းတော်ကန်ရွာ၊ ဇင်ရွှေးခုံရွာနဲ့ ကျားပစ်ကန်ရွာတွေဖြစ်တယ်လို့…
Read Moreစပိန်၀န်ကြီးချုပ်နဲ့ ထင်ရှားကျော်ကြားသူတွေထံ ပါဆယ်ဗုံးတွေ ပေးပို့ခဲ့တဲ့အမျိုးသား ဖမ်းဆီးခံရ
မက်ဒရစ်၊ ဇန်နဝါရီ-၂၆-၂၀၂၃ မျိုးဆက်(VOM) စပိန်၀န်ကြီးချုပ်အပါအ၀င် ထင်ရှားကျော်ကြားသူတွေကို ပစ်မှတ်ထားပြီး ပါဆယ်ဗုံးပေးပို့ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသားတဦးကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲဒီအမျိုးသားကို စပိန်မြောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုသီတင်းပတ်နှောင်းပိုင်းမှာ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ သူဟာ စပိန်၀န်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်ရဲ့ အိမ်တော်၊ အမေရိကန်နဲ့ ယူကရိန်းသံရုံးတွေအပါအ၀င် စပိန်နိုင်ငံတ၀န်းရှိ ထင်ရှားသူတွေကို လိပ်မူကာ ပါဆယ်ဗုံးတွေပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီပါဆယ်ဗုံးအများစုကို မပေါက်ကွဲအောင်ရှင်းလင်းနိုင်ခဲ့ပေမယ့် ယူကရိန်းသံရုံးမှ၀န်ထမ်းတဦး အနည်းငယ်ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဗုံးတွေကို စပိန်ကာကွယ်ရေး၀န်ကြီးဌာ၊ လေတပ်အခြေစိုက်စခန်းနှင့် လက်နက်ထုတ်လုပ်ရေးဌာနတွေ ပေးပို့ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #မက်ဒရစ်
Read Moreတွံတေးမှာ ရွှေထည်နဲ့ပိုက်ဆံ သိန်းသုံးရာနီးပါး ဓားပြတိုက်ခံရပြီး အိမ်ရှင်လင်မယား ပစ်ခတ်ခံရ
ဇန်နဝါရီ ၊၂၆ -၂၀၂၃ SP (VOM) ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရတဲ့ အိမ်ရှင်လင်မယား သေနတ်နဲ့ပါ ပစ်ခံရပြီး ဒဏ်ရာရကာ ရွှေထည်ပစ္စည်းတွေအပြင် ပိုက်ဆံတွေ ပါသွားတယ်လို့ တွံတေးမြို့နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” သေနတ်သမားက နေအိမ်ထဲဝင်ပြီး လုရာကနေ ပစ်ခတ်မှုဖြစ်တာပါ “လို့ လာကပုံရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြမှုနဲ့ ပတ်သက်ပြီး တွံတေးမြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လာကပုံကျေးရွာမှာနေတဲ့ ဦးအောင်အောင်ထွေး (၃၇) နှစ်နဲ့ သူ့မိန်းမ ဒေါ်ငြိမ်းသူအောင် (၃၆)နှစ်တို့ရဲ့နေအိမ်ကို သေနတ်သမားတယောက်က ဝင်ရောက်ပြီး ပစ်ခတ်လုယက်တယ် ၊ အဲ့ဒီ ပစ်ခတ်လုယက်မှုဖြစ်စဥ်ကြောင့် အိမ်ရှင်လင်မယား ကျည်ဖောက်ဝင် ဒဏ်ရာရတယ် ၊ နောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ…
Read Moreလျှပ်စစ်ကားတွေ Taxiအဖြစ်ပြေးဆွဲမယ့်အပေါ် အငှားယာဥ်မောင်းသမားအချို့ ဘာတွေသုံးသပ်ကြလဲ
ဇန်နဝါရီ ၂၆ – ၂၀၂၃ GG(VOM) ပြည်ပကနေ တင်သွင်းလာတဲ့ တရုတ်မော်တော်ယာဉ်ကုမ္ပဏီ BYD Auto က ထုတ်လုပ်တဲ့ E2 အမျိုးအစား လျှပ်စစ်ကားအစီး ၄၀ ကို ရန်ကုန်နဲ့နေပြည်တော်မှာ Taxiအဖြစ် အစမ်းပြေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ “အစီး ၄၀ လောက်နဲ့ဘာမှမဖြစ်သေးဘူး ၊ နောက်ပြီးစျေးက ၇၀၀ ဆိုတော့ ဝယ်ဖို့မလွယ်ဘူး ဒီမှာက သိန်း ၆၀၀ ကျော် ၇၀၀ နီးပါး ကားဝယ်စီးနိုင်တဲ့သူက အတော်အသင့် ချမ်းသာတဲ့ သူဌေးစာရင်းဝင်နေပြီ ။အဲ့ဒီတော့ သိန်း ၆၀၀ ကျော်နဲ့ ကားဝယ်နိုင်တဲ့လူက Taxi မောင်းမှာမဟုတ်သလို သိန်း ၆၀၀ ကျော်တန်ကားကို အုံနာကြေး ယူပြီး Taxi အဖြစ်ပေးထားမှာလည်း မဟုတ်ဘူး”လို့ အငှားယာဥ်မောင်းတဦးကပြောပါတယ်။ နောက်ထပ် အငှားယာဥ်မောင်တဦးကလည်း…
Read Moreပုဂံက မင်းအိုချမ်းသာဘုရားအပါအဝင် ဘုရားအချို့က ကြေးခေါင်းလောင်းတွေ အခိုးခံရ
ဇန်နဝါရီ ၂၆ – ၂၀၂၃ GG(VOM) ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲက ဘုရား အချို့မှာ လှူဒါန်းထားတဲ့ ခေါင်းလောင်းတွေ ခိုးယူခံရမှုတွေ အခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားနေတယ်လို့သိရပါတယ်။ ခေါင်းလောင်းတွေ အခိုးခံလိုက်ရတဲ့ ဘုရားတွေကတော့ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေဖြစ်တယ်လို့သိရပါတယ်။ ” ခေါင်းလောင်းတွေ အခိုးခံရတာ ဟုတ်တယ်၊ကြေးချိန်နဲ့ရောင်းစားမလို့နေမှာ၊ဒီမှာက အဲ့ဒါတင်မကဘူး ကြိုးတွေ၊ထရမ်စဖော်မာဘောက်စ်တွေ ခိုးတယ်၊ခိုးလို့ရတဲ့အရာ အကုန်ခိုးနေတာ၊ ကျနော်ထင်တယ် သူတို့ကိုမိမှာပါ “လို့ ပုဂံရှေးသုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောပါတယ် ။ အခိုးခံလိုက်ရတဲ့ ကြေးခေါင်းလောင်းတွေဟာ အခုခေတ်လက်ရာတွေဖြစ်ကြောင်း၊ လှူဒါန်းထားတဲ့အလှူရှင်တွေကတော့ လက်ရှိမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့သိရပါတယ်။ ” ရှင်ပင်ပွင့်လင်းဘုရားက ခေါင်းလောင်းဆိုရင် ဇန်နဝါရီ ၂၄ရက် ညနေလောက်မှပျောက်သွားတာ ။ ခေါင်းလောင်းကို ဘယ်လိုများ ခိုးကြလဲမသိဘူး “လို့ ပုဂံ ဒေသခံတဦးပြောပါတယ်။ ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲမှာ လုံခြုံရေးပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ ပတ္တရောင် လှည့်လည်စစ်ဆေးမှုသာရှိတာကြောင့်…
Read More