တွံတေးမှာ ရွှေထည်နဲ့ပိုက်ဆံ သိန်းသုံးရာနီးပါး ဓားပြတိုက်ခံရပြီး အိမ်ရှင်လင်မယား ပစ်ခတ်ခံရ

ဇန်နဝါရီ ၊၂၆ -၂၀၂၃
SP (VOM)

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရတဲ့ အိမ်ရှင်လင်မယား သေနတ်နဲ့ပါ ပစ်ခံရပြီး ဒဏ်ရာရကာ ရွှေထည်ပစ္စည်းတွေအပြင် ပိုက်ဆံတွေ ပါသွားတယ်လို့ တွံတေးမြို့နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” သေနတ်သမားက နေအိမ်ထဲဝင်ပြီး လုရာကနေ ပစ်ခတ်မှုဖြစ်တာပါ “လို့ လာကပုံရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြမှုနဲ့ ပတ်သက်ပြီး တွံတေးမြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လာကပုံကျေးရွာမှာနေတဲ့ ဦးအောင်အောင်ထွေး (၃၇) နှစ်နဲ့ သူ့မိန်းမ ဒေါ်ငြိမ်းသူအောင် (၃၆)နှစ်တို့ရဲ့နေအိမ်ကို သေနတ်သမားတယောက်က ဝင်ရောက်ပြီး ပစ်ခတ်လုယက်တယ် ၊ အဲ့ဒီ ပစ်ခတ်လုယက်မှုဖြစ်စဥ်ကြောင့် အိမ်ရှင်လင်မယား ကျည်ဖောက်ဝင် ဒဏ်ရာရတယ် ၊ နောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သား ခန့်မှန်းကာလတန်ဖိုး သိန်း ၂ ရာကျော်နဲ့ ငွေသား သိန်း ၆၀ ပါသွားတယ် ၊ အမှုဖွင့် စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရတဲ့ အိမ်ရှင်လင်မယားကို ဆေးကုသမှုခံဖို့အတွက် ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ဘဏ်ဓားပြမှု နဲ့ လုယက်မှုပေါင်း ၃၀ ကျော်ဖြစ်ပွားပြီး ၊ အဲ့ဒီ ဖြစ်စဥ်တွေထဲက အမှု ၂၀ ကျော်ကို ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တွံတေး #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW