ချောင်းဦးမြို့နယ် လဝက ရုံးနဲ့ ဝန်ထမ်းအိမ်ယာ မီးလောင်

ဇန်နဝါရီ ၂၈ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့၊ မုံရွာ – မန္တလေးကားဘေးမှာရှိတဲ့ မြို့နယ် လဝကရုံးနဲ့ ဝန်ထမ်းအိမ်ယာလိုင်းခန်းဟာ မနေ့ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” မနေ့က ည ၈ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ ရှို့မီး အမျိုးအစားဖြစ်တယ် ၊ ရုံး အဆောက်အဦ၁ လုံးနဲ့ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ယာ အဆောက်အဦ ၁ လုံး မီးလောင်သွားတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကိုင်းတိုင်း ၊ တမူး ၊ဆားလင်းကြီး ၊မြောင် ၊ မြင်းမူ ၊မုံရွာ စတဲ့မြို့တွေက လဝက ရုံးတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ မီးလောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၂၂ ဇန်နဝါရီကနေ ဒီနှစ် ဇန်နဝါရီအထိ ၁ နှစ်အတွင်း ဖျက်ဆီးခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေကတော့ ပင်လည်ဘူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖာပွန်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ဖာပွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြားအင်းဆိပ်ကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဆားလင်းကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ၂၀၂၂ က ပုလောမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ မင်းတပ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ကန်ပက်လက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒီမော့ ဆိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖရူဆိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထန်တလန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ တမူးခရိုင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတို့ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး #လဝကရုံးနဲ့ဝန်ထမ်းအိမ်ယာ #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW