ဖားကန့်မှာ လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၄ ယောက်သေဆုံး

ဇန်နဝါရီ ၃၀ – ၂၀၂၃
GG(VOM)

ကချင်ပြည််နယ် ၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာအနီးက လုပ်ကွက်ဟောင်းတခု ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၄ ယောက် သေဆုံးမှု ဒီနေ့ ဇန်နဝါရီ ၃၀ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

” အဲဗားကျောက်စိမ်းကုမ္မဏီလုပ်ကွက်ဟောင်းထဲ ကမ်းပါးပြိုကျတာ ၊မနက် ၉ နာရီလောက်မှာဖြစ်တာလို့သိရတယ်၊အလောင်းတွေက မြေစာထဲက သယ်ယူထုတ်ရတယ် ၊ ဒါက အခုနှစ်မှာပထမဆုံးဖြစ်စဥ်ပေ့ါ”လို့ ဒေသခံ တဦးကပြောပါတယ်။

သေဆုံးသူ ၄ ယောက်ဟာ ရခိုင်လူမျိုးတွေဖြစ်ပြီး ပေကျင်းတူးနေချိန် ကမ်းပါးပြိုကျခဲ့တာကြောင့် မြေစာတွေပိကာ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဖားကန့်မြို့နယ်မှာ စွန့်ပစ်မြေစာပုံပြိုကျခဲ့လို့ ၁၀ ဦးထက်မနည်း ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

နောက်ပြီး၂၀၂၁ ခုနှစ်အတွင်းမှာလည်း မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးတာရှိသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းကလည်း ဇူလိုင်၂ ရက်နေ့က တရက်ထဲတင် ဝှေခါရွာက လုပ်ကွက်ဟောင်းပြိုကျလို့ ရေမဆေးရှာဖွေသူ ၁၆၀ ကျော်အထိ သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #လုပ်ကွက်ဟောင်းပြိုကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW