ကေတုမတီ မြို့သစ်ပျံကျဈေးမီးလောင်မှုဖြစ်ပြီး ဆိုင်ခန်း ၂၀ ကျော်ခန့် မီးထဲပါသွား

ဖေဖော်ဝါရီ၊၁၀-၂၀၂၃
MM(VOM)

ပဲခူးတိုင်း၊တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်က ကေတုမတီမြို့သစ်ပျံကျဈေးမီးလောင်မှုဖြစ်ပွားခဲ့ပြီးဈေးဆိုင်းခန်း ပေါင်း ၂၀ ကျော်မီးလောင်တဲ့အထဲသွားတယ်လို့ မီးသတ် ဦးစီးဌာနရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။

မီးလောင်မှုမှာ မနေ့ ဖေဖော်ဝါရီ ၉ ရက် ည ၁၁ နာရီကျော်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှု အသေးစိတ် အခြေအနေကို စစ်ဆေးနေတယ်လို့မီးသတ် ဦးစီးဌာန တာဝန်ရှိသူတယောက်ကပြောပါတယ်။

”မီးက ည ၁၁ နာရီကျော်ကျော်လောက်မှာ စတင်လောင်တာ၊ မီးလောင်မှုကို တောင်ငူမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီး၊ မီးသတ်ရေသယ်ယာဉ် ၂စီး၊ ကေတုမတီမြို့သစ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁စီ၊ ရေတာရှည်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီးသွားရောက် မီးငြှိမ်းသတ်ခဲ့တယ်၊ ည ၁၂ နာရီကျော်ကျော်မှာ မီးငြှိမ်းနိုင်ခဲ့တယ်၊ ဆိုင်းခန်းပေါင်း ၂၀ လောက်မီးလောင်တဲ့အထဲ ပါသွားတယ်။”လို့ သူကဆက်ပြောပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတယောက်က”နာရီဝက်အကြာမှာမီးထိန်းခဲ့တယ်၊ လူတွေသေဆုံးတာ ထိခိုက်တာမရှိပါဘူး ၊ ကုန်ခြောက်ဆိုင်တွေ အများဆုံး မီးလောင်တဲ့အထဲ ပါသွားတာလို့ သိရတယ်၊ မီးလောင်မှုက လူထိခိုက်မှုမရှိဘဲ မီးလောင်မှုဖြစ်စဉ် ဖြစ်တာကြောင့်ဆိုကာ မီးသတ်တပ်ဖွဲ့ကတော့ အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်။ အချိန်မှီ မီးထိန်းနိုင်ခဲ့တယ်လို့ ပြောရမယ်။”လို့ပြောပါတယ်။

ကေတုမတီမြို့သစ်ပျံကျဈေးမှာ ဈေးဆိုင်ခန်းပေါင်း ၄၀ နီးပါးရှိတယ်လို့သိရပြီး ဒီမီးလောင်မှုကြောင့် ဈေးဆိုင်းခန်းတွေ ၂၀ ကျော်အထိ မီးလောင်ဆုံးရှုံးခဲ့ရတာဟာ ၂၀၂၃ ခုနှစ် အတွင်းမှာတော့ ပထမဆုံးဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၊ အတွင်းမှာတော့ ပဲခူးတိုင်းထဲကမြို့နယ်တွေမှာ မီးလောင်မှု ၁၆၅ ကြိမ်အထိဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေ အရသိရပါတယ်။

#voiceofmyanmar #VOM #ကေတုမတီ #မြို့သစ်ပျံကျစျေးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW