ဘုန်းကြီးနဲ့ သီလရှင်တွေ ဖေ့စ်ဘုတ်နဲ့ TikTok မှာ သီချင်းဆိုတာ၊ကခုန်တာတွေလုပ်ရင် လူဝတ်လဲ အရေးယူမယ်

ဖေဖော်ဝါရီ ၁၁ – ၂၀၂၃
GG(VOM)

ဘုန်းကြီး ၊သီလရှင်တွေ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကခုန်တာ၊သီချင်းဆိုတာတွေ လုပ်ရင် လူဝတ်လဲပြီး အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယက (မဟန)အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။

သီလရှင် ၊ဘုန်းကြီးတွေအနေနဲ့ သီချင်းဆိုတာတွေ ကခုန်တာတွေမလုပ်ဖို့ သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ကတဆင့် ကျောင်းထိုင်ဆရာတော်၊ ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးတွေဆီအသိပေးထားတယ်လို့သိရပါတယ်။

” အခုနောက်ပိုင်း ဖေ့ဘုတ်စ်တွေ ၊ Tik Tok မှာ သီချင်းဆိုပြီး ကတဲ့ဗီဒီယိုတွေ၊ကနေတာတွေတင်တာ များလာတယ်။အဲ့ဒါတွေက လူပြောများလာပြီး ကဲ့ရဲ့စရာဖြစ်လာတယ်၊ဒါကြောင့် မဟန ဆရာတော်ကြီးတွေက အခုလိုသတိပေးလိုက်တာ”လို့ ကျောင်းထိုင်ဆရာတော်တပါးကမိန့်ပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲရဲ့ပဉ္စမအကြိမ် ဧကာဒသမအစည်းအဝေးမှာ ဆရာတော်ကြီးတွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အကယ်၍ သတိပေးတားမြစ်ချက်ကို မလိုက်နာပါက ရဟန်း၊ သံဃာ​တွေ၊ သီလရှင်တွေကို လူဝတ်လဲပြီး သံဃနာယကလုပ်ထုံးတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဘုန်းကြီးတွေ ၊သီလရှင်တွေဟာ သီချင်းနောက်ခံနဲ့ သရုပ်ဆောင်တဲ့ ရုပ်သံဗီဒီယိုတွေတင်မှုများလာတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ဘုန်းကြီး၊သီလရှင် #မဟန #သီချင်းဆိုကခုန် #လူဝတ်လဲအရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW