ရခိုင်မှာ ကျင်းပတဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား

ဖေဖော်ဝါရီ ၁၂- ၂၀၂၃
SW(VOM)

ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို နိုင်ငံတဝန်းကျင်းပြုလုပ်ရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်မှာလည်း ကျင်းပခဲ့ပြီး ပြည်နယ်ကောင်စီအကြီးအကဲ ဝန်ကြီးချုပ် ဦးထိန်လင်းတက်ရောက်ခဲ့ပါတယ်။

အဲဒီလို ကျင်းပရာမှာ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စုက ပေးပို့တဲ့ သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီး (၇၆) နှစ်မြောက်အထိမ်းအမှတ် ထူးချွန်ကျောင်းသားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကို ရခိုင်ပြည်နယ်ကောင်စီအကြီးအကဲ ဝန်ကြီးချုပ် ဦးထိန်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနဲ့ တခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ပြည်ထောင်စုနေ့အခမ်းအနား

Related posts

Leave a Comment

VOM News

FREE
VIEW