တရုတ်သူလျှိုမိုးပျံပူပေါင်းကို ပစ်ချခဲ့မှု တောင်းပန်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်ကမ်းရိုးတန်းမှာ တရုတ်သူလျှိုဘောလုံးကို ပစ်ချခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို တောင်းပန်မည်မဟုတ်ဘူလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

အဲဒီမိုးပျံပူပေါင်းကို ထောက်လှမ်းရေးအတွက် အသုံးပြုထားတာဖြစ်ပြီး မြောက်အမေရိကမှာ ပစ်ချခဲ့တဲ့ အခြားဘောလုံးသုံးခုကတော့ ပြည်ပနိုင်ငံတွေရဲ့ ထောက်လှမ်းရေးအလို့ငှာအသုံးပြုတဲ့အရာတွေ မဟုတ်ကြောင်း သူကပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင်နဲ့ များမကြာမီဆွေးနွေးသွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

အမေရိကန်အနေနဲ့ အလားတူအရာ၀တ္ထုတွေကို ထောက်လှမ်းနိုင်စွမ်း ပိုမိုကောင်းမွန်လာကြောင်း သူကဆိုပါတယ်။

မိုးပျံပူပေါင်းဟာ မိုးလေ၀သအချက်အလက်တွေရယူဖို့အတွက် အသုံးပြုခြင်းဖြစ်ပြီး သူလျှိလုပ်ဖို့ မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ ဒါဟာ သူလျှိုလုပ်ရာမှာ အသုံးပြုခဲ့တာလို့ အခိုင်အမာပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်နဲ့ ဆက်လက်ဆွေးနွေးနေပြီး မိမိတို့အနေနဲ့ စစ်အေးတိုက်ပွဲသစ်ဖြစ်ပွားလိုခြင်းမရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW