မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားအဖြစ်လျှောက်ထား

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခဲ့ပါတယ်။

ဒေါက်တာ စင်သီယာမောင်ဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထိုင်းနိုင်ငံမဲဆောက်ရှိ ခရိုင်ရုံးမှာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားမှုကို ပြုလုပ်ခဲ့ကြောင်း Transborder News က ဖော်ပြထားပါတယ်။

သူမဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဒုက္ခသည်အဖြစ်ရှိနေခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်ကိုင်ဆောင် ထားခြင်းကြောင့် နိုင်ငံတကာနဲ့ ထိုင်းအေဂျင်စီတွေရဲ့ အကူအညီတွေ ပိုမိုရရှိလာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။

သူမအနေဖြင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ ဘယ်သူဖြစ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်ပေးသွားမယ်လို့ မြန်မာနိုင်ငံကို ပြန်ဖို့အစီအစဉ်ရှိမရှိနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သူကပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW