မြန်မာ့အရေးဖြေရှင်းဖို့ ချဥ်းကပ်ပုံနဲ့ဗျူဟာသစ်ရှာဖို့ အာဆီယံကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၃

မျိုးဆက်(VOM)

မြန်မာ့နိုင်ငံးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့အနေနဲ့ ချဥ်းကပ်ပုံးနဲ့ဗျူဟာသစ်တွေရှာဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က တိုက်တွန်းလိုက်ပါတယ်။

 မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနှးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေခိုလုုံမှုတွေကြောင့် ဒါဟာမြန်ပြည်တွင်းရေးလို့ သတ်မှတ်မရတော့ကြောင်း မလေးရှားဝန်ကြီးချုပ်က ထိုင်း PBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အာဆီယံအ နေဲ့ ချဥ်းကပ်ပုံနဲ့ဗျူဟာသစ်တွေ မရှာဖွေဘူးဆိုရင် မြန်မာ့အရေး ဖြေရှင်းနိူင်ဖွယ် မမြင်ဘူးလို့ ဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကပြောပါတယ်။

အာဆီယံဟာ ဒေသတွင်းမှာ အကျပ်အတည်းများစွာကို ကိုင်တွယ်ဖြေရှင်းနေရကြောင်း၊ မြန်မာ့အရေးမှာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုက အလုပ်မဖြစ်တာကြောင့် အာဆီယံအနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့လိုကြောင်း သူကပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က သူဟာအာဆီယံခေါင်းဆောင်တွေထဲမှာ ဂျူနီယာသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး စင်ကာပူ၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့ကိုသွားပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

Ref: Bernama

#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW