ရုရှားကို တရုတ်ကလက်နက်တွေ ထောက်ပံ့ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃

မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တရုတ်နိုင်ငံကလက်နက်တွေ ထောက်ပံ့ဖို့စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်ကုမ္ပဏီတွေဟာ ရုရှားကို သေစေလောက်တဲ့လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေကို ယခင်ကတည်းပေးနေပြီး ရရှိထားတဲ့သတင်းသစ်တွေအရ သေစေလောက်တဲ့ လက်နက်အထောက်အပံ့တွေလည်း ပေးအပ်နိုင်ကြောင်း ဘလင်ကင်ကပြောပါတယ်။

အဲဒီလိုထောက်ပံ့မယ်ဆိုရင် တရုတ်နိုင်ငံအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။ 

စစ်လက်နက်ပစ္စည်းတွေ ရုရှားကတောင်းဆိုထားတယ်ဆိုတဲ့သတင်းတွေကို တရုတ်နိုင်ငံဘက်ကတော့ ငြင်းဆိုထားပါတယ်။

ရုရှားသမ္မတပူတင်နဲ့ မဟာမိတ်ဖြစ်သူ တရုတ်သမ္မတရှိင်္ကျင်းပင်ဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားခြင်းမရှိဘဲ ပဋိပက္ခတွင်ကြားနေရန်ကြိုးစားနေပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုထားပါတယ်။

ရုရှားနဲ့ဆက်ဆံရေးအပေါ် အမေရိကန်က လက်ညှိးထိုးပြောဆိုပြီး အတင်းအကျပ်ဖိအားပေးခြင်းများကို လက်ခံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC

Photo:Getty Images

#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW