လွိုင်လင်မှာ အမျိုးသား(၁)ဦးနဲ့အတူ ပစ္စတို(၃)လက်၊သိန်း ၁၄၀၀၀ ကျော် မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဖေဖော်ဝါရီ ၁၇-၂၀၂၃

MM(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့မှာ အမျိုးသား(၁) ယောက်ဆီကနေ ပစ္စတို (၃) လက်နဲ့ သိန်းပေါင်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေ၊ လက်နက်တွေနဲ့အတူ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက်က လွိုင်လင်မြို့နယ် ကွတ်ချိုး ကျေးရွာအနီးမှာ လိုင်စင်မဲ့ Hilux Revo အမျိုးအစားယာဉ်(၁)စီးကို ရပ်တန့်စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”မနေ့က မိတာ ယာဉ်မောင်းက အသက် ၃၀ ကျော် အရွယ်ပါ၊ ယာဉ်မောင်းရဲ့ခါးကြားအတွင်းမှာ ဝှက်ထားတဲ့ ပစ္စတို (၁)လက်၊ ကားထိုင်ခုံနောက်ကျောမှ ပစ္စတို (၂) လက်နဲ့ ကျည်အိမ် (၃)ခုနဲ့ ကျည်တောင့် (၁၅၀)တောင့် ရှာဖွေတွေ့ရှိခဲ့တာ၊ သူမောင်းလာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးတဲ့အခါ  မော်တော်ယာဉ်ရဲ့ ကြမ်းခင်းအောက်မှာ သိမ်းဆည်း သယ်ဆောင်လာတဲ့ ကာလပေါက်ဈေး ငွေကျပ် ၁၄၈၂၀ သိန်းတန်ဖိုးရှိ ဘိန်းညိုမှုန့်(၂၄၇ )ထုပ်ကိုထပ်တွေ့ရှိဖမ်းဆီးရမိခဲ့တာ။”လို့ တာဝန်ရှိသူတယောက်ကပြောပါတယ်။

လက်နက်တွေ ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေ၊ တရားမဝင်လက်နက်ကိုင် ဆောင်မှုဆိုင်ရာဥပဒေတွေနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှာ ငွေကျပ် ၁၅ ဒသမ ၉၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တ မင်း) ၅၈၀ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၇ ဒသမ ၄ သန်းနဲ့ ထိန်းချုပ်ဓာတု ပစ္စည်းကဖြင်း ၄ တန်အထိ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လွိုင်လင် #မူးယစ်ဆေးနံလက်နက် #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW