ငလျင်ကြောင့် လူသောင်းချီသေဆုံးခဲ့တဲ့ တူရကီမှာ နောက်ဆက်တွဲ အင်အားပြင်းမြေငလျင်နှစ်ကြိမ် လှုပ်ခတ်ပြန်

အန်ကာရာ၊ ဖေဖော်ဝါရီ-၂၁
မျိုးဆက်(VOM)

အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တဲ့ တူရကီနိုင်ငံမှာ နောက်ထပ်ငလျင်နှစ်ခု ဖေဖော်ဝါရီ ၂၀ ရက်မှာ ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ ပြုလုပ်နေရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဆီးရီးယားနယ်စပ်အနီးရှိ တူရကီအရှေ့တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၄ နဲ့ ၅ ဒသမ ၈ အဆင့်ရှိ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၈နာရီ ၄ မိနစ်မှာ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိငလျင်လှုပ်ခတ်ခဲံ့ပြီး သုံးမိနစ်အကြာမှာတော့ ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိနောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့ကြောင်း တူရကီသဘာဝဘေးစီမံခန့်မှုအေဂျင်စီက ပြောပါတယ်။

နောက်ဆက်တွဲငလျင်တွေကြောင့် လူ ၂၁၃ ဦးဒဏ်ရာရရှိသွားကြောင်း တူရကီပြည်ထဲရေး၀န်ကြီးကပြောပါတယ်။ ဆီးရီးယားမှာတော့ ဒဏ်ရာရရှိသူ ၄၇၀ ဦးရှိပြီး အီဂျစ်နဲ့ လက်ဘနွန်တို့မှာလည်း ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားတို့မှာ လူပေါင်း လေးသောင်းခြောက်ထောင်ကျော်သေဆုံးခဲ့ရပြီး လူသိန်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW