ဒီးမော့ဆိုမှာ လက်နက်ကြီးကျလို့အမျိုးသမီး (၁)ဦးသေဆုံး၊ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိ

ဖေဖော်ဝါရီ၊ ၂၈-၂၀၂၃
MM [VOM]

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက စစ်ရှောင်တွေ နေထိုင်တဲ့ နေရာအနီးကို
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး(၁)ယောက် သေဆုံးကာ(၂) ယောက် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

”မနေ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၈ နာရီလောက်ကဖြစ်တာ၊ စစ်ရှောင်တွေနေတဲ့ အနားကိုလာကျတာ၊ အသက် ၂၅ ကျော်အရွယ် အမျိုးသမီးတယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်၊အခု သေဆုံးသွားတဲ့သူရဲ့ အမျိုးသားက ဘယ်ဘက်လက်မောင်းကျိုး (ပြင်းထန် ဒဏ်ရာ)ရရှိသွားတယ်၊နောက်ထပ်အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတယောက်လည်း တင်ပါးဆုံဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။

ဒဏ်ရရှိတဲ့အမျိုးသား(၁)ယာက်နဲ့အမျိုးသမီး(၁)ယောက်မှာလည်း စိုးရိမ်ရတယ်လို့သိရပြီး လက်ရှိ သေဆုံးသွားတဲ့ အမျိုးသမီးမှာအသက်(၂) နှစ်ခွဲအရွယ် သားယောင်္ကျားလေး(၁) ယောက်ကျန်နေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လက်နက်ကြီးကျတဲ့နေရာအနီးမှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းနဲ့ ဒီကနေ့ ၂၈ ရက် မနက်ပိုင်းတွေမှာ ပစ်ခတ်သံတွေကြားနေရပြီး အခုလိုဖြစ်စဉ်တွေထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကလည်း လက်နက်ကြီးကျလို့ ဒေသခံလယ်သမားတွေ ၊ ကျောင်းသားတွေ ၊ တောင်ယာထင်းခုတ် လုပ်သားတွေ အယောက် ၃၀ ထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒီးမော့ဆိုမြို့နယ်အခြေစိုက် စစ်ရှောင်တွေကို
ကူညီပေးနေတဲ့သူတွေနဲ့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဒီးမော့ဆို #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW