ယူကရိန်းအတွက် ဒေါ်လာသန်း ၄၀၀ ဖိုး လူမှုစီးပွားအကူအညီတွေ ဆော်ဒီအာရေဗျ ပေးမယ်

ရီယတ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းအတွက် ဆော်ဒီအာရေဗျက ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ လူမှုစီးပွားအကူအညီပေးဖို့ နှစ်နိုင်ကြား သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးစဥ် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ကတိပြုခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်မှာတော့ ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၁၀၀ဖိုး ပေးအပ်ဖို့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တခု ပါဝင်ပါတယ်။ ဒါ့အပြင် ရေနံထုတ်ကုန်ဆိုင်ရာ ထောက်ပံငွေ ဒေါ်လာ သန်း ၃၀၀ ပါဝင်တယ်လို့လည်း သိရပါတယ်။

အခုလိုထောက်ပံမှုဟာ ယူကရိန်းရဲ့လူမှုစီးပွားအပေါ် ဆော်ဒီရဲ့ထောက်ခံမှုကို ထင်ဟပ်နေတယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ယူကရိန်းရောက်ရှိနေတဲ့ ဆော်ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ယူကရိန်းတာဝန်ရှိသူတွေဟာ ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းရေးနည်းလမ်းတွေကိုလည်း ဆွေးနွေခဲ့ကြပါတယ်။

Ref: Arab News
Photo:SPA
#voiceofmyanmar #VOM #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW