ကိုရီးယားသွားဖို့ အသနားခံတောင်းဆိုနေရတဲ့ EPS လုပ်သားတွေ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၃SN (VOM) မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာ အခုဆို အချိန် တလကျော်ကြာနေပြီး တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို ဇန်နဝါရီ ၂ ရက်မှာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြည်ပထွက် ဆေးကုမယ့်သူတွေ၊ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေနဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်မယ့်သူတွေ လက်ရှိမှာ အခက်အခဲတွေ ဖြစ်ပေါ်နေကြရတာဖြစ်ပါတယ်။ ပတ်စ်ပို့ရုံးတွေကို System update လုပ်တာကြောင့် ပိတ်တာလို့ ကြေညာထားပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ တရားဝင် ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။  ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က MoU လုပ်သားတွေအတွက် Green Channel နဲ့ သီးသန့် ပတ်စ်ပို့ ထုတ်ပေးမှုကို ဇန်နဝါရီ ၁၇ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။  အခုလို ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာကြောင့် ကိုရီးယားနိုင်ငံကို…

Read More

ရွှေမန်းဆီသို့

ဆူးငှက် မန္တလေးတောင် ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။ မန္တလေးကို ပတ်လည် ဝန်းရံနေတာက ရေရိပ်၊လယ်ရိပ်များသာဖြစ်ခဲ့ကြောင်း အစွန်းအထင်း အစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံ ကောက်နယ်တစ်ကြောမှာ လယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။ အခုတော့ … ထို ရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များ တဖျပ် ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သော ကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအာက်က ဣန္ဒြေကြီးလှသော မန္တလေး..။ ဒီကနေ့တော့ နိုင်လွန် ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။ မန္တလေး မှာ သစ်၊…

Read More

လွိုင်လင်မှာ အမျိုးသား(၁)ဦးနဲ့အတူ ပစ္စတို(၃)လက်၊သိန်း ၁၄၀၀၀ ကျော် မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဖေဖော်ဝါရီ ၁၇-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့မှာ အမျိုးသား(၁) ယောက်ဆီကနေ ပစ္စတို (၃) လက်နဲ့ သိန်းပေါင်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေ၊ လက်နက်တွေနဲ့အတူ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက်က လွိုင်လင်မြို့နယ် ကွတ်ချိုး ကျေးရွာအနီးမှာ လိုင်စင်မဲ့ Hilux Revo အမျိုးအစားယာဉ်(၁)စီးကို ရပ်တန့်စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”မနေ့က မိတာ ယာဉ်မောင်းက အသက် ၃၀ ကျော် အရွယ်ပါ၊ ယာဉ်မောင်းရဲ့ခါးကြားအတွင်းမှာ ဝှက်ထားတဲ့ ပစ္စတို (၁)လက်၊ ကားထိုင်ခုံနောက်ကျောမှ ပစ္စတို (၂) လက်နဲ့ ကျည်အိမ် (၃)ခုနဲ့ ကျည်တောင့် (၁၅၀)တောင့် ရှာဖွေတွေ့ရှိခဲ့တာ၊ သူမောင်းလာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးတဲ့အခါ  မော်တော်ယာဉ်ရဲ့…

Read More

တရုတ်ဘက် တင်ပို့တဲ့ ဖရဲ၊ သခွား ဈေး ပြန်ကောင်းလာ

ဖေဖော်ဝါရီ ၁၇ -၂၀၂၃ Shy V (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက် ဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ မြန်မာ့ ဖရဲ၊ သခွားတွေ ဒီရက်ပိုင်းအတွင်း ဈေးကောင်းလာတယ်လို့ နယ်စပ် သစ်သီး ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “သစ်သီးကားတွေ အဝင်နည်းပြီး ဝယ်လိုအား မြင့်နေတယ်၊ လတ်တလော မြန်မာဘက်က သစ်သီးကားတွေ တရုတ်ဘက် အဝင် တရက်ကို ဖရဲကား အစီး ၇၀ ဝန်းကျင် နဲ့ သခွား အဝင် အစီး ၃၀ ဝန်းကျင်ပဲ ရှိတယ်။”လို့ သစ်သီး ပို့ကုန်လုပ်ငန်း ရှင်တဦးက ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တရုတ်ဘက် ချန်ဟော်…

Read More

ရခိုင်ပြည်နယ်အတွင်းမှာ ရောဂါဖြစ်ပြီး နွားတွေ သေဆုံးမှု ရက်သတ္တတပတ်ကျော်ရှိလာ

ဖေဖော်ဝါရီ ၁၇- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ တောင်စိုင်ကမ်းဒေသ၊ ရှောက်ခြုံကျေးရွာအုပ်စုမှာ နွားတွေ ရောဂါဖြစ်ပြီးအစုလိုက်အပြုံလိုက်သေဆုံးနေတာ ရက်သတ္တ ၁ ပတ်ကျော်ကြာလာပြီဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ မြေပုံမြို့နယ်၊ ရှောက်ခြုံကျေးရွာအုပ်စုက ဂင့်ဟင်းခါးကျေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ အခုလိုမျိုး နွားတွေ ရောဂါဖြစ်ပွားပြီး သေဆုံးနေတာဖြစ်ကြောင်းနဲ့ ဂင့်ဟင်းခါးကျေးရွာမှာ နွားအကောင်ရေ (၂၀) နီးပါးသေဆုံးသွားပြီဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။ ဂင့်ဟင်းခါးကျေးရွာ၊ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်းက “နွားတွေ သေတာကတော့ ကျနော်တို့ တရွာတည်းမှာ အကောင် (၂၀) လောက် သေပါပြီ။ နွားတွေသေတာကတော့ ပိုင်ရှင် (၆)ယောက်လောက်မှာ ဖြစ်တာ။ ပိုင်ရှင်တယောက်မှာ ၁ ကောင်သေ၊ ၂ ကောင်သေ၊ ၃ ကောင်သေ သေနေကြတာ။”လို့ ပြောပါတယ်။ လက်ရှိ နွားတွေသေဆုံးနေတဲ့ ရောဂါဟာ ကူးစက်မှုအလွန်လျင်မြန်ကြောင်းနဲ့ တခြားပတ်ဝန်းကျင်ရွာတွေကိုလည်း ကူးစက်မှုတွေရှိနေပေမယ့် ရောဂါမပြင်ထန်သေးတာကြောင့် သေဆုံးမှုမရှိသေးဘူးလို့…

Read More

လှိုင်မြစ်ထဲ ရေနစ်ပြီး ပျောက်ဆုံးသွားတဲ့ ၇တန်းကျောင်းသား၂ယောက် အခုထိရှာမတွေ့သေး

ဖေဖော်ဝါရီ ၁၇-၂၀၂၃ GG(VOM) ရန်ကုန်၊အင်းစိန်မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က လှိုင်မြစ်ထဲ ဆင်းချိန် ရေနစ်ပျောက်ဆုံးသွားတဲ့ ကလေး၂ယောက်ကို အခုချိန်အထိ ရှာမတွေ့သေးဘူးလို့ ကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။ ကလေး ၂ ယောက်လုံးဟာ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားတွေဖြစ်ပြီး စာမေးပွဲဖြေပြီးလို့ မြစ်ဆိပ်မှာ လာရောက်ကစားရာကနေ ရေနစ်မြုတ်ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “မတွေ့သေးဘူး၊ သတင်းရတာက မနေ့ကညနေ ၄ နာရီလောက်ပါ၊ အဲ့ဒီကလေးတွေက ခြင်းခတ်နေတယ်။ခြင်းခတ်နေရင်း မိုးကရွာလာတော့ ဖော့ကန်ကကောင်လေးတကောင်က မြစ်ထဲမျက်နှာသွားသစ်တယ်၊ဆင်းဆင်းချင်း ရေနစ်သွားတယ်၊ရေနစ်သွားတော့ နောက်တယောက်က သွားကယ်ရာမှာ သူပါထပ်နစ်သွားတယ်။နောက်ထပ်တယောက်ကလည်းထပ်ကယ်ဖို့လုပ်တော့ မရတာနဲ့ပြန်တက်ပြေးလာကြတယ်။ “လို့ အင်းစိန်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ရေနစ်ပျောက်ဆုံးနေတဲ့ကလေးတယောက်က အင်းစိန် ၊ဖော့ကန်ကဖြစ်ပြီး နောက်တယောက်က နယ်မြေ ၁၅ (ခ)၊ရွာမနောက်ထဲကဖြစ်ကြောင်း ၊ နစ်မြုတ်တာကလည်း ရွာမနောက်က မြစ်ဆိပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကလေး၂ယောက်ရေနစ်ချိန်…

Read More

တရုတ်သူလျှိုမိုးပျံပူပေါင်းကို ပစ်ချခဲ့မှု တောင်းပန်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ကမ်းရိုးတန်းမှာ တရုတ်သူလျှိုဘောလုံးကို ပစ်ချခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို တောင်းပန်မည်မဟုတ်ဘူလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ အဲဒီမိုးပျံပူပေါင်းကို ထောက်လှမ်းရေးအတွက် အသုံးပြုထားတာဖြစ်ပြီး မြောက်အမေရိကမှာ ပစ်ချခဲ့တဲ့ အခြားဘောလုံးသုံးခုကတော့ ပြည်ပနိုင်ငံတွေရဲ့ ထောက်လှမ်းရေးအလို့ငှာအသုံးပြုတဲ့အရာတွေ မဟုတ်ကြောင်း သူကပြောပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင်နဲ့ များမကြာမီဆွေးနွေးသွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ အမေရိကန်အနေနဲ့ အလားတူအရာ၀တ္ထုတွေကို ထောက်လှမ်းနိုင်စွမ်း ပိုမိုကောင်းမွန်လာကြောင်း သူကဆိုပါတယ်။ မိုးပျံပူပေါင်းဟာ မိုးလေ၀သအချက်အလက်တွေရယူဖို့အတွက် အသုံးပြုခြင်းဖြစ်ပြီး သူလျှိလုပ်ဖို့ မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ ဒါဟာ သူလျှိုလုပ်ရာမှာ အသုံးပြုခဲ့တာလို့ အခိုင်အမာပြောထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်နဲ့ ဆက်လက်ဆွေးနွေးနေပြီး မိမိတို့အနေနဲ့ စစ်အေးတိုက်ပွဲသစ်ဖြစ်ပွားလိုခြင်းမရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #ဝါရှင်တန်

Read More

တရုတ်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်တဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံက ထိပ်တန်းရင်းနှီးမြုပ်နှံသူ ဘီလျှံနာစီးပွားရေးငန်းရှင်တဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သူ့ရဲ့ကုမ္ပဏီက ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ သူဟာ China Renaissance Holdings အမှုဆောင်အရာရှိချုပ် ဘိုဖန်ဖြစ်ပြီး မကြာသေးမီရက်ပိုင်းအတွင်းက ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မစ္စတာဘိုဖန်ကို ဆက်သွယ်လို့မရတော့ကြောင်း စတော့စျေးကွက်ကို အသိပေးပြီးနောက် ဟောင်ကောင်စတော့စျေးကွက်မှာ ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးဟာ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။ သူပျောက်ဆုံးသွားတဲ့ နေ့ရက်အချိန်ကို ကုမ္ပဏီက ထုတ်ပြန်ခြင်းမရှိပေမယ့် သူ့ကို၀န်ထမ်းတွေက အဆက်အသွယ်မရရှိတော့တာဟာ နှစ်ရက်ကြာမြင့်ပြီဖြစ်ကြောင်း စီးပွားရေးသတင်းဂျာနယ် ခိုင်ရှင်က ရေးသားဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာဘိုဖန်ဟာ China Renaissance Holdings ကို၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar #VOM #ပေကျင်း

Read More

အမေရိကန်နဲ့တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ရင် မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားသတိပေး

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေချိန်မှာ မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ ဒုံးကျည်နဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားနဲ့အမေရိကန်တို့က ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီကိစ္စအပေါ် မြောက်ကိုရီးယားက အခုလိုက်သတိပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်ဟာ တင်းမာမှုတွေမြင့်တက်ဖို့ တွန်းအားပေးနေပြီး မြောက်ကိုရီးယားကို ဖိအားပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို လက်နက်သဖွယ်အသုံးပြုနေကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ပုံမှန်လုပ်ဆောင်မှုတွေကလွဲပြီး အထူးစစ်ရေးလှုပ်ရှားမှုတွေ မလုပ်ခဲ့ကြောင်း၊ အမေရိကန်နဲ့မဟာမိတ်တွေရဲ့စစ်ရေးလေ့ကျင့်မှုဟာ ဆိုးရွားနေတဲ့ တင်းမာမှုတွေကို မီးလောင်ရာလေပင့်ဖြစ်စေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ref:Reuters #voiceofmyanmar #VOM #ပြုံးယမ်း

Read More

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားအဖြစ်လျှောက်ထား

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခဲ့ပါတယ်။ ဒေါက်တာ စင်သီယာမောင်ဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထိုင်းနိုင်ငံမဲဆောက်ရှိ ခရိုင်ရုံးမှာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားမှုကို ပြုလုပ်ခဲ့ကြောင်း Transborder News က ဖော်ပြထားပါတယ်။ သူမဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဒုက္ခသည်အဖြစ်ရှိနေခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်ကိုင်ဆောင် ထားခြင်းကြောင့် နိုင်ငံတကာနဲ့ ထိုင်းအေဂျင်စီတွေရဲ့ အကူအညီတွေ ပိုမိုရရှိလာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ သူမအနေဖြင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ ဘယ်သူဖြစ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်ပေးသွားမယ်လို့ မြန်မာနိုင်ငံကို ပြန်ဖို့အစီအစဉ်ရှိမရှိနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သူကပြန်လည်ဖြေကြားခဲ့ပါတယ်။ Ref: Bangkok Post #voiceofmyanmar #VOM #ဘန်ကောက်

Read More
VOM News

FREE
VIEW