လှိုင်မြစ်ထဲ ရေနစ်ပြီး ပျောက်ဆုံးသွားတဲ့ ၇တန်းကျောင်းသား၂ယောက် အခုထိရှာမတွေ့သေး

ဖေဖော်ဝါရီ ၁၇-၂၀၂၃
GG(VOM)

ရန်ကုန်၊အင်းစိန်မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က လှိုင်မြစ်ထဲ ဆင်းချိန် ရေနစ်ပျောက်ဆုံးသွားတဲ့ ကလေး၂ယောက်ကို အခုချိန်အထိ ရှာမတွေ့သေးဘူးလို့ ကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။

ကလေး ၂ ယောက်လုံးဟာ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားတွေဖြစ်ပြီး စာမေးပွဲဖြေပြီးလို့ မြစ်ဆိပ်မှာ လာရောက်ကစားရာကနေ ရေနစ်မြုတ်ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“မတွေ့သေးဘူး၊ သတင်းရတာက မနေ့ကညနေ ၄ နာရီလောက်ပါ၊ အဲ့ဒီကလေးတွေက ခြင်းခတ်နေတယ်။ခြင်းခတ်နေရင်း မိုးကရွာလာတော့ ဖော့ကန်ကကောင်လေးတကောင်က မြစ်ထဲမျက်နှာသွားသစ်တယ်၊ဆင်းဆင်းချင်း ရေနစ်သွားတယ်၊ရေနစ်သွားတော့ နောက်တယောက်က သွားကယ်ရာမှာ သူပါထပ်နစ်သွားတယ်။နောက်ထပ်တယောက်ကလည်းထပ်ကယ်ဖို့လုပ်တော့ မရတာနဲ့ပြန်တက်ပြေးလာကြတယ်။ “လို့ အင်းစိန်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ရေနစ်ပျောက်ဆုံးနေတဲ့ကလေးတယောက်က အင်းစိန် ၊ဖော့ကန်ကဖြစ်ပြီး နောက်တယောက်က နယ်မြေ ၁၅ (ခ)၊ရွာမနောက်ထဲကဖြစ်ကြောင်း ၊ နစ်မြုတ်တာကလည်း ရွာမနောက်က မြစ်ဆိပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေး၂ယောက်ရေနစ်ချိန် ရန်ကုန်မှာ မိုးရွာပြီး ရေစီးသန်နေတာကြောင့် လက်ရှိမှာတော့ ရေစီးကြောင်းအတိုင်း မီးသတ်တပ်ဖွဲ့​ဝင်တွေ၊မိသားစုတွေ ၊လူမှုကူညီရေးအသင်းတွေက ရှာဖွေမှုတွေလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အင်းစိန် #ရေနစ်ကလေး #ရှာမတွေ့သေး

Related posts

Leave a Comment

VOM News

FREE
VIEW