အမေရိကန်နဲ့တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ရင် မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားသတိပေး

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေချိန်မှာ မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ ဒုံးကျည်နဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားနဲ့အမေရိကန်တို့က ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီကိစ္စအပေါ် မြောက်ကိုရီးယားက အခုလိုက်သတိပေးလိုက်တာဖြစ်ပါတယ်။

အမေရိကန်ဟာ တင်းမာမှုတွေမြင့်တက်ဖို့ တွန်းအားပေးနေပြီး မြောက်ကိုရီးယားကို ဖိအားပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို လက်နက်သဖွယ်အသုံးပြုနေကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ပုံမှန်လုပ်ဆောင်မှုတွေကလွဲပြီး အထူးစစ်ရေးလှုပ်ရှားမှုတွေ မလုပ်ခဲ့ကြောင်း၊ အမေရိကန်နဲ့မဟာမိတ်တွေရဲ့စစ်ရေးလေ့ကျင့်မှုဟာ ဆိုးရွားနေတဲ့ တင်းမာမှုတွေကို မီးလောင်ရာလေပင့်ဖြစ်စေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW