ရခိုင်ပြည်နယ်အတွင်းမှာ ရောဂါဖြစ်ပြီး နွားတွေ သေဆုံးမှု ရက်သတ္တတပတ်ကျော်ရှိလာ

ဖေဖော်ဝါရီ ၁၇- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ တောင်စိုင်ကမ်းဒေသ၊ ရှောက်ခြုံကျေးရွာအုပ်စုမှာ နွားတွေ ရောဂါဖြစ်ပြီးအစုလိုက်အပြုံလိုက်သေဆုံးနေတာ ရက်သတ္တ ၁ ပတ်ကျော်ကြာလာပြီဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

မြေပုံမြို့နယ်၊ ရှောက်ခြုံကျေးရွာအုပ်စုက ဂင့်ဟင်းခါးကျေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ အခုလိုမျိုး နွားတွေ ရောဂါဖြစ်ပွားပြီး သေဆုံးနေတာဖြစ်ကြောင်းနဲ့ ဂင့်ဟင်းခါးကျေးရွာမှာ နွားအကောင်ရေ (၂၀) နီးပါးသေဆုံးသွားပြီဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။

ဂင့်ဟင်းခါးကျေးရွာ၊ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်းက “နွားတွေ သေတာကတော့ ကျနော်တို့ တရွာတည်းမှာ အကောင် (၂၀) လောက် သေပါပြီ။ နွားတွေသေတာကတော့ ပိုင်ရှင် (၆)ယောက်လောက်မှာ ဖြစ်တာ။ ပိုင်ရှင်တယောက်မှာ ၁ ကောင်သေ၊ ၂ ကောင်သေ၊ ၃ ကောင်သေ သေနေကြတာ။”လို့ ပြောပါတယ်။

လက်ရှိ နွားတွေသေဆုံးနေတဲ့ ရောဂါဟာ ကူးစက်မှုအလွန်လျင်မြန်ကြောင်းနဲ့ တခြားပတ်ဝန်းကျင်ရွာတွေကိုလည်း ကူးစက်မှုတွေရှိနေပေမယ့် ရောဂါမပြင်ထန်သေးတာကြောင့် သေဆုံးမှုမရှိသေးဘူးလို့ ပြောပါတယ်။

အဲဒီရောဂါဟာ နွားတွေမှာ ကူးစက်နေသလို ကျွဲတွေဆီကိုလည်း ကူးစက်ပြန့်ပွားနေပေမယ့် ကျွဲတွေမှာတော့ ပြင်းပြင်းထန်ထန်ဖြစ်တာမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာ ရောဂါဆက်လက်မပြန့်ပွားရေး မြေပုံမြို့နယ်၊ တိရိစ္ဆာန်ကုသရေးနဲ့ မွေးမြူရေးဦးစီးဌာနက ဆရာဝန်တွေက ကာကွယ်ဆေးထိုးပေးနေကြောင်းနဲ့ ရောဂါကူးစက်ခံရတဲ့ ကျွဲ၊နွားတွေကိုလည်း ဆေးထိုးပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဆေးတွေထိုးပြီးရင်တော့ ကောင်းသွားလိမ့်မယ်။ သက်သာသွားလိမ့်မယ်လို့ ပြောပါတယ်။ ကာကွယ်ဆေးတွေကတော့ ကျွဲနွားတွေအားလုံးမှာ ထိုးပြီးပါပြီ။ ဒါပေမယ့် ကူးစက်ပြီးသား ကျွဲ၊နွားတွေကိုတော့ ကာကွယ်ဆေးထိုးလို့ မရတော့ဘူး။ ရောဂါဖြစ်တဲ့နွားတွေကို ကုသဆေးထိုးပေးနေတယ်။” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်ကလည်း ဂင့်ဟင်းခါးကျေးရွာမှာ ဒီလိုမျိုးကူးစက်ရောဂါဖြစ်ပွားခဲ့ဖူးကြောင်းနဲ့ အဲဒီတုန်းက ‌နွားတွေဆီမှာ ကူးစက်သေဆုံးတာမရှိခဲ့ပေမယ့် ကျွဲအကောင်ရေ ၂၀ ကျော်လောက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး တိရိစ္ဆာန်ကုသရေး ဆရာဝန်တွေ လာရောက်ဆေးထိုးပေးခဲ့တယ်လို ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

Photo Crd – ဝင်းမောင်(FB)
#voiceofmyanmar #VOM #ရခိုင် #နွားရောဂါသေဆုံးမှု #ရက်သတ္တတပတ်ကျော်လာ

Related posts

Leave a Comment

VOM News

FREE
VIEW