လျှပ်စစ်မီးပျက်လို့ အခက်တွေ့နေရဆဲ

ဖေဖော်ဝါရီ ၁၂ – ၂၀၂၃ SN (VOM) လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အခု ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းအထိ အချိန်ကြာမြှင့်စွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလို လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် လတ်တလောကာလမှာ ပြည်တွင်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ အခုလို လျှပ်စစ်မီးကို အချိန်နာရီနဲ့ အလှည့်ကျ ခွဲတမ်းစနစ်နဲ့ ရရှိနေတာဖြစ်ပေမယ့် လက်ရှိမှာ မီးလာတဲ့အချိန်ထက် ပျက်တဲ့အချိန်က ပိုများနေတာကြောင့် အခက်အခဲများစွာကို နေ့၊ည များစွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ “မီးက နာရီနဲ့ အလှည့်ကျ ဆိုပေမယ့် လာရမယ့်အချိန်မှာ အတိအကျ လာပေးတာမဟုတ်ဘူး။ မီးလာရမယ့်အချိန်မှာလည်း ပျက်တာပဲ။ ပျက်ရမယ့်အချိန်မှာလည်း ပျက်တာပဲ။ ရေကလည်းမလာ၊ မီးကလည်း…

Read More

သမိုင်းဝင်ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ၁၅ ရက်ကြာ ကျင်းပဖို့ပြင်ဆင်နေ

ဖေဖော်ဝါရီ၊ ၁၂-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ငပုတောမြို့နယ် ဟိုင်းကြီး ကျွန်းမြို့၊ တင်းချောင်းကျေးရွာက ပင်လယ် ကမ်းစပ်ရှိ မော်တင်အငူမှာ တည်ထားတဲ့ ဆံတော်ရှင်သမိုင်းဝင် မြတ်မော်တင်စွန်းစေတီတော်ကြီးရဲ့ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၅ ရက်အထိကျင်းပသွားဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘုရားပွဲတော်ကို ၁၃၈၄ ခုနှစ် တပေါင်းလဆန်း ၁ ရက်က နေတပေါင်းလပြည့်နေ့နဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကနေ မတ်လ ၅ ရက်အထိ ၁၅ ရက်အထိကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် ဘုရားပွဲကျင်းပဖို့ လိုအပ်တာတွေကို စတင်ပြင်ဆင်နေပြီး ဘာသာရေးပွဲတော်ဖြစ်တာကြောင့် အဖျက်အမှောင့်လုပ်ရပ်တွေမရှိဘဲ ကျင်းပပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဘုရား ပွဲတော်ကျင်းပရေးတာဝန်ရှိသူတယောက်ကပြောပါတယ်။ ”ဘုရားပွဲကို ၁၅ ရက်ကျင်းပဖို့ ပြင်ဆင်နေတယ်၊ မြတ်မော်တင်စွန်းစေတီက အားလုံးသိတဲ့အတိုင်း သမိုင်းဝင်စေတီတစ်ဆူပါ ၊ ဘုရားပွဲဆိုလည်း အရမ်းစည်ကားပါတယ် ၊ ခေတ်ကာလ မကောင်းတဲ့အခါကျတော့ ပြဿနာတစ်ခုခုတတ်မှာစိုးရိမ်တယ် ၊…

Read More

ရခိုင်မှာ ကျင်းပတဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား

ဖေဖော်ဝါရီ ၁၂- ၂၀၂၃ SW(VOM) ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို နိုင်ငံတဝန်းကျင်းပြုလုပ်ရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်မှာလည်း ကျင်းပခဲ့ပြီး ပြည်နယ်ကောင်စီအကြီးအကဲ ဝန်ကြီးချုပ် ဦးထိန်လင်းတက်ရောက်ခဲ့ပါတယ်။ အဲဒီလို ကျင်းပရာမှာ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စုက ပေးပို့တဲ့ သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီး (၇၆) နှစ်မြောက်အထိမ်းအမှတ် ထူးချွန်ကျောင်းသားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားကို ရခိုင်ပြည်နယ်ကောင်စီအကြီးအကဲ ဝန်ကြီးချုပ် ဦးထိန်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနဲ့ တခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #VOM #ရခိုင် #ပြည်ထောင်စုနေ့အခမ်းအနား

Read More

နေပြည်တော်မှာပြုလုပ်တဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂-၂၀၂၃ KT(VOM) ဒီကနေ့ ဖေဖော်ဝါရီ ၁၂ရက်မှာကျရောက်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက် ၅နာရီခွဲမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပြီး နံနက် ၇ နာရီမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဂုဏ်ပြုတပ်ခွဲများ၊ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုခဲ့ကြပါတယ်။ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာကို နစက ဒုတိယ ဥက္ကဋ္ဌ က ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပြည်ထောင်စုနေ့အခမ်းအနား

Read More

ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ် စရိတ်ကုန်ကျမှုမြင့်နေပမယ့် တပတ်ကိုခရီးသွားသူ (၁၀၀၀)ခန့်ရှိနေ

ဖေဖော်ဝါရီ ၁၂ – ၂၀၂၃ GG(VOM) ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ် ကုန်ကျမှုစရိတ်မြင့်ပေမယ့် ဘုရားဖူးခရီးသွားနူန်းက တပတ်ကို (၁၀၀၀)ခန့်အထိ ရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းUMTAက သိရပါတယ် ။ ” တပတ်ကို ဘုရားဖူးသွားတဲ့သူက ၅၀၀ ကနေ ၁၀၀၀ ရှိနေတယ်။ဘုရားဖူးရာသီလည်းဖြစ်တယ် ပတ်စပို့စ်ကလည်းအဆင်ပြေနေတယ်ဆိုတော့ လူကြီးမိဘတွေကိုလိုက်ပို့ကြတာ၊ကုန်ကျစရိတ်ကတော့ အရင်ကထက်ပိုများတာပေါ့၊ဒီဇန်နဝါရီနဲ့ဖေဖော်ဝါရီမှာပိုများတယ်”လို့ UMTA ဥက္ကဋ္ဌဖြစ်သူ ဦးနောင်းနောင်းဟန်ကပြောပါတယ်။ လက်ရှိမှာဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခက အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ကုန်ကျမှုစရိတ်က ၂ ညအိပ် ၃ ရက်ကို အနည်းဆုံးဒေါ်လာ ၄၀၀ ကနေ ၁၀၀၀ လောက်ရှိတယ်လို့သိရပါတယ်။ “ပတ်စ်ပို့ အတွက်က သာသနာရေးဦးစီးဌာနကစီစဥ်ပေးတယ်၊အဲ့ဒီတော့ ဘုရားဖူးသွားမယ်ဆိုရင် သာသနာရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီက သူ့ဘာသာလုပ်ပေးတယ်၊ခရီးသွားသူကိုယ်တိုင် သာသနာရေးသွားဖို့မလိုပါဘူး”လို့ ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ရေးခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဂါယာဘုရားဖူး သွားလိုသူတွေအနေနဲ့ ၁ လကြိုတင်ပြီး လက်မှတ်ဝယ်ယူဖိူ့လိုအပ်ကြောင်း ၊ခရီးစဥ်က…

Read More

နတ်တလင်းမှာ ဆိုင်ကယ်စီးခွင့်အတွက် လိုင်စင်ရှိဖို့အပြင် စီးနင်းခွင့် ထောက်ခံချက်ပါ လုပ်ဆောင်နေရ

ဖေဖေါ်ဝါရီ ၁၂ – ၂၀၂၃ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း၊သာယာဝတီခရိုင် ၊နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်စီးမယ်ဆိုပါက စီးနင်းခွင့် အသိအမှတ်ပြုစာရွက်ကိုင်ဆောင်ရမယ်ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရွက်တွေ လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။ အဲ့ဒီဆိုင်ကယ်စီးခွင့်ကဒ်မှာ မောင်းသူအမည်၊ဆိုင်ကယ်အမျိုးအစား၊ယာဥ်လိုင်စင်၊အရောင်တွေရေးသားဖော်ပြရမှာဖြစ်တယ်လို့ ရေးသားထားပါတယ် ။ ” ရပ်ကွက်ထောက်ခံစာလို ပုံစံပဲ၊စာရွက်မှာ အကုန်ရေးထားတာ၊စီးတဲ့သူတိုင်း အဲ့ဒီထောက်ခံစာတရွက်လုပ်ရမယ်၊အပြင်ထွက်တိုင်း အဲ့ဒါယူရမယ်၊စစ်ဆေးရင် ရပ်ပေးရမယ်။ တချို့ကလည်း ၃၀၀၀ ကောက်တာရှိတယ်၊ အဲ့ဒီစာရွက်အောက်ခြေမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဆိုပြီး တံဆိပ်ပါတယ် “လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။ ဆိုင်ကယ်တွေအားလုံး နတ်တလင်းရဲစခန်းနဲ့ တာပွန်ရဲစခန်းပိုင်နယ်မြေအတွင်း မနက် ၅ နာရီကနေ ညပိုင်း ၉ နာရီအတွင်း စီးနင်းခွင့်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က နတ်တလင်းမြို့နယ်၊တာပွန်ကျေးရွာထိပ်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး တက္ကသိုလ် ပထမနှစ်ကျောင်းသားတယောက် ပစ်သတ်ခံခဲ့ရတာရှိတယ်လို့သိရပါတယ်။ နတ်တလင်းမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး မာရှယ်လ်လောကြေညာခံထားရတဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM…

Read More

အသက် ၉၅ နှစ်အရွယ် ဓာတ်ပုံအကယ်ဒမီ(၃)ဆုရှင် ဦးစန်းမောင် ကွယ်လွန်

ဖေဖော်ဝါရီ၊ ၁၂-၂၀၂၃ MM(VOM) ရုပ်ရှင်ဓာတ်ပုံ အကယ်ဒမီ(၃)ဆုရှင် ဦးစန်းမောင်ဟာ မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီက မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၊ မုတ္တမဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ”ဆရာ ဦးစန်းမောင်က မနေ့ ည ၁၁ နာရီကျော်ကျော် လောက်မှာ ကွယ်ခဲ့တာ၊ သာသနာ့ဘောင်ထဲ ဝင်နေရင်း ရဟန်းဘဝနဲ့ ကွယ်လွန်ခဲ့တာ ၊ ကွယ်လွန်ချိန် အသက် ၉၅ နှစ်ရှိပြီ၊ ဓါတ်ပုံလောမှာ သူမတူတဲ့ ပညာရှင်တယောက် ဆုံးရှုံးရတာပဲ ၊ စိတ်မကောင်းဘူး။”လို့ ကွယ်လွန်သူနဲ့ နီးစပ်တဲ့ ဝါရင့်ဓာတ်ပုံပညာ ရှင်တယောက်က ပြောပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်ဓာတ်ပုံ အကယ်ဒမီ ၃ ဆုရှင် ဦးစန်းမောင်ဟာ ၁၉၇၆ ခုနှစ်က ‘ကျွန်းကလေးမှာ နှစ်ယောက်ထဲ’၊ ၁၉၇၉ ခုနှစ်က ‘ကျော်ကိုချစ်မလား…

Read More

“အညာမြေကို လွမ်းမိတဲ့ အခါ…”

သွေး (စစ်ကိုင်း) လူတိုင်းဟာ မိမိမွေးဖွားရာ ဇာတိရပ်ရွာကို ချစ်မြတ်နိုးကြမှာပါပဲ။ ဒါပေမဲ့ အညာ‌ဒေသမှာ မွေးဖွားခဲ့သူတွေက ဇာတိမြေကို ပိုချစ်, ပိုလွမ်းကြမယ်လို့လည်း ထင်မိပါတယ်။ ကျွန်မရဲ့ဇာတိမြို့လေးကို အဝေးကနေ လွမ်းဆွတ်နေမိတဲ့ အချိန်တိုင်းမှာ အညာရှုခင်းတွေကို ပြန်မြင်ယောင်နေမိပါတယ်။ အခုလို ဆောင်းရာသီမှာ ဆောင်းရယ်လို့ ပီပီပြင်ပြင် မအေးမြတဲ့ ရန်ကုန်မှာ အညာဆောင်းကို ပိုလို့တောင် လွမ်းမိပါရဲ့လေ။ ကျွန်မတို့ ငယ်စဉ်တုန်းက ဆောင်းရာသီ ရောက်လာရင် မနက်အစောကြီး စစ်ကိုင်းကမ်းနားဘက်ကို လမ်းလျှောက်ထွက်ကြပါတယ်။ ကမ်းနားလမ်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် နှင်းတွေကြားက စစ်ကိုင်းတံတားကြီးက ခန့်ထည်နေသလို တစ်ဖက်ကမ်းက ‘မယ်နုအုတ်ကျောင်း’ ကိုလည်း နှင်းမှုန်တွေကြား ခပ်ဝါးဝါး မှန်းဆ,ကြည့်မိတတ်ကြပါတယ်။ ကမ်းနားလမ်းဘေးက သက်တမ်းရင့် လက်ပံပင်ကြီးတွေကိုတော့ အမြဲ တပွန်းတတီးရှိနေလွန်းတာကြောင့် မပြောမဖြစ် ထည့်ပြောရမှာပါ။ လက်ပံပွင့်ချိန်ရောက်လာရင် လက်ပံပင်ကြီးတွေအောက် အပြေးကလေး သွားပြီး လက်ပံပွင့်တွေ အလုအယက် ကောက်ယူခဲ့ကြတာက…

Read More

တန့်ဆည်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၇ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၀ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နဲ့ အင်္ကုက္ကားကျေးရွာထဲကို မနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ပစ်ခံရတာပါ ၊ အိပ်ပျော်နေတဲ့ လူနေအိမ်တွေပေါ်ကို ကျပြီး ၊ လူတွေထိမှန် သေဆုံးတာဖြစ်တယ်၊သေဆုံးသူတွေကတော့ ၊ အင်္ကုက္ကားကျေးရွာမှာနေတဲ့ ဒေါ်တင့်နဲ့ တစ်အိမ်တည်းနေ ဦးသိန်းရွှေ၊ ဦးထွန်းလင်း၊ ဦးတင်ရွှေ၊ ဦးကောင်းမြတ်လင်း၊ ဒေါ်ညိုဆန်း၊ မရွှန်းလဲ့သူ ဆိုတဲ့ ၇ ဦးဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ရေဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ…

Read More

နေပြည်တော် မြို့ရှောင်လမ်းမှာ တွဲကားနဲ့ Hijetကား တိုက်မိလို့ Hijet ပေါ်ပါ ၃ ဦး ကားညှပ်သေဆုံး

ဖေဖော်ဝါရီ ၁၀ – ၂၀၂၃ SN (VOM) နေပြည်တော်၊ ပျဥ်းမနားမြို့အရှေ့ဘက်၊ မြို့ရှောင်လမ်း၊ အောင်ကုန်းကျေးရွာအကျော်မှာ မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က တွဲကားတစီးနဲ့ Hijet တိုက်မိပြီး Hijet ကားပေါ် ပါ လူ ၃ ဦးစလုံး ကားညှပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Hijet ကားပေါ် ပါလာသူ အမျိုးသား ၃ ဦးစလုံးဟာ ကားခေါင်းခန်းအတွင်း ညှပ်နေခဲ့ခြင်းဖြစ်ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ မိုးစေတနာပရဟိတအသင်း(ပျဥ်းမနားရုံး)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ “တွဲကားက ကျော်တက်ပြီး Hijet ကိုတိုက်တာပါ။ အရှိန်ကပြင်းတော့ Hijet ခေါင်းကြေသွားတယ်။ Hijet ကားပေါ် ခေါင်းခန်းက အမျိုးသား သုံးယောက်စလုံး ကားထဲညှပ်ပြီး နေရာပဲဆုံးသွားတယ်။ သူတို့မှာ ဖုန်းလည်းပါမလာတော့ ဘာအဆက်အသွယ်မှ မရဘူး။…

Read More
VOM News

FREE
VIEW