ဖေဖော်ဝါရီ ၂၇ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းထဲက တိုက်ခန်းတခန်းမှာ မနေ့ ဖေဖော်ဝါရီ (၂၆) ရက်၊ ည (၁၁) နာရီခန့်က အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ စမ်းချောင်းလမ်းအတွင်းရှိ ဘီယာဆိုင်ရှေ့က နေအိမ်တိုက်ခန်း (၆) လွှာမှာ အော်ဟစ်သံတွေ ကြားရတယ်လို့ သတင်းအရ လုံခြုံရေးအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဓားထိုးမှုဖြစ်တဲ့ တိုက်ခန်းက အတွင်းကနေ ပိတ်ထားလို့ တံခါးဖျက်ပြီး ဝင်ခဲ့ရပါတယ်။ အဲ့ဒီ့မှာ အမျိုးသားတယောက်က ဝမ်းဗိုက်၊ ရင်ညွန့်နဲ့လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးနေပါပြီ။ အမျိုးသမီးကတော့ ဓားဒဏ်ရာ အနည်းငယ်ရှိခဲ့တာကြောင့် လိုအပ်တဲ့ကုသမှုတွေ…
Read MoreMonth: February 2023
အီတလီကမ်းလွန်မှာ ရွှေ့ပြောင်းဒုက္ခသည်စက်လှေတိမ်းမှောက်မှုကြောင့် လူ ၆၀ နီးပါးသေဆုံး
ရောမ၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃ မျိုးဆက်(VOM) အီတလီနိုင်ငံတောင်ပိုင်းကမ်းလွန်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေလိုက်ပါလာတဲ့ စက်လှေနစ်မြုပ်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအ၀င် ၅၉ ဦးထက်မနည်းသေဆုံးသွားပြီး ဒါဇင်များစွာ ပျောက်ဆုံးနေကြောင်း အီတလီအာဏာပိုင်တွေက ပြောပါတယ်။ အဲဒီစက်လှေဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ ခရိုတုန်းအနီး ကမ်းကပ်ရန်ကြိုးစားစဉ်နစ်မြုပ်သွားတာဖြစ်ပြီး အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ အီရန်တို့မှာ ရွှေ့ပြောင်းဒုက္ခသည်တွေပါ၀င်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ စက်လှေတိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့တဲ့ အီတလီပြည်ထဲရေး၀န်ကြီးကပြောဆိုထားပြီး ကာလာဘရီယာဒေသအနီးရှိ အပန်းဖြေကမ်းခြေအနီးမှုာလည်း ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ထားပါတယ်။ စက်လှေနစ်မြုပ်ပြီးနောက် ကမ်းကိုကူးလာသူတွေအပါအ၀င် ဒုက္ခသည် ၈၀ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး အဆိုပါစက်လှေဟာ လွန်ခဲ့တဲ့ရက်အတန်ကြာက တူရကီကနေ ထွက်ခွာလာတာဖြစ်ပါတယ်။ ဒုက္ခသည်တွေသေဆုံးမှုနဲ့ ပတ်သက်ပြီး လွန်စွာ၀မ်းနည်းရကြောင်း ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗန်ဒါလီယန်က ထုတ်ဖော်ပြောဆိုထားပြီး ဥရောပသို့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အီးယူရဲ့ခိုလှုံခွင့်စည်းမျဉ်းတွေ…
Read Moreစစ်တွေတက္ကသိုလ်မှာ ကျင်းပတဲ့ ရေပါတီ
ဖေဖော်ဝါရီ ၂၇- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီလောက်ကနေ ညနေပိုင်းအထိ ရေပါတီ(Water Party)ကျင်းပပြုလုပ်ခဲ့ပြီး စစ်တွေမြို့ပေါ်တက္ကသိုလ်တွေက ကျောင်းသူ၊ကျောင်းသား ၁ ထောင်ကျော်လောက် ပါဝင်ဆင်နွဲခဲ့တာဖြစ်ပါတယ်။ အဲဒီ Water Partyမှာ ရခိုင်အဆိုတော်တွေလည်းပါဝင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေလည်း ပါဝင်ဆင်နွှဲကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တွေတက္ကသိုလ်မှာ အခုလိုမျိုး ရေပါတီကျင်းပခဲ့ပေမယ့် အဲ့ဒီကြားထဲ (၂)နှစ်တာကာလအတွင်းမှာတော့ ကိုဗစ်နဲ့ ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေအပြင် နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် ရပ်နားခဲ့ရာကနေ တက္ကသိုလ်ကျောင်းတွေဖွင့်လှစ်တဲ့ ဒီနှစ်မှာ ပြန်လည်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ရခိုင် #စစ်တွေတက္ကသိုလ် #ရေပါတီ
Read Moreကိုရီးယားနဲ့တူအောင် မျက်နှာခွဲစိတ်ပြီး တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ်မှောင်ခိုသမား ဖမ်းဆီးခံရ
ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ချောမောလှပတဲ့ ကိုရီးယားအမျိုးသားနဲ့တူအောင် မျက်နှာကိုခွဲစိတ်ပြုပြင်ပြီး တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ်မှောင်ခိုသမားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတွေကပြောပါတယ်။ ထိုင်းအမည် ဆဟာရက်ဆ၀မ်ဂျန်ဟာ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် ဆောင်ဂျီမင်ဆိုတဲ့နာမည်နဲ့ လှုပ်ရှားနေခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဘန်ကောက်မှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အဲဒီအမျိုးသားကို ဖမ်းဆီးရမိဖို့အတွက် ထိုင်းရဲတွေက သုံးလကြာ အပူတပြင်းစုံစမ်းရှာဖွေခဲ့ရပြီး ဖမ်းမိတဲ့အချိန်မှာတော့ သူ့ရဲ့မူလမျက်နှာရုပ်သွင် လုံး၀မရှိတော့ဘူးလို့ ရဲတွေကပြောပါတယ်။ သူဟာဘန်ကောက်မှာရှိတဲ့ မူးယစ်ဆေးရောင်းချသူတွေတဲ့ အခြားသူတွေနဲ့ ၀ယ်ယူသုံးစွဲသူတွေဆီကို စိတ်ကြွဆေးတွေဖြန့်နေတာကနေ ရဲတပ်ဖွဲ့က ခြေရာခံမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ချောမောတဲ့ ကိုရီးယားအမျိုးသားတဦးလို ခွဲစိတ်ပြုပြင်ပြီး နာမည်ကိုပါ ကိုရီးယားလိုပြောင်းခဲ့တဲ့ မူးယစ်တရားခံကတော့ သူဟာဘ၀သစ်ကိုစတင်ချင်ပြီး ထိုင်းနိုင်ငံကိုငြီးငွေ့ကြောင်းနဲ့ တောင်ကိုရီးယားကို ရွှေ့ပြောင်းချင်တယ်လို့ ရဲတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဘန်ကောက်
Read Moreနိူင်ငံရေးပြဿနာကို အကြမ်းမဖက်နိူင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လိုပြီလို့ ပြည်သူ့ပါတီဥက္ကဋ္ဌပြော
ဖေဖော်ဝါရီ ၂၇-၂၀၂၃ KK(VOM) နိုင်ငံရေးပြဿနာကို အကြမ်းမဖက်နိူင်ငံရေးနည်းလမ်းနဲ့ ယုံကြည်သူအချင်းချင်းလက်ချင်းချိတ်ပြီး ဘယ်လို့ရှေ့ဆက်ဆောင်ရွက်သွားမယ်ဆိုတာကို ခေါင်းအေးအေးနဲ့စဥ်းစားဖို့လိုပြီ လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့၊ဗဟန်းမြို့နယ် ရွှေဂုံတိုင်ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ “နိူင်ငံရေးပြသာနာဟာ နိူင်ငံရေးကြောင့်ဖြစ်တယ်ဆိုတာ လက်မခံကြသေးဘူးလား၊ နိူင်ငံရေးပြဿနာကို နိူင်ငံရေးနည်းလမ်းရှင်းရမယ်ဆိုတာ စွန့်လွှတ်လိုက်ကြပြီလားဆိုတာ ကျနော်တို့မေးရမယ်၊ နိူင်ငံရေးနည်းလမ်းကို စွန့်လွှတ်ပြီး ဘယ်လိုပုံစံနဲ့ဘယ်လောက်ကြာကြာ ရှေဆက်သွားကြမလဲ၊ အကြမ်းမဖက် နိူင်ငံရေးနည်းလမ်းကို ယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအချင်းချင်း လက်ချင်းချိတ်ပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့လိုပြီ၊ ပြဿနာတွေကို နိူင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိူင်ဖို့အတွက် ဘယ်လိုရှေ့ဆက်ပြီးဆောင်ရွက်ကြမလဲဆိုတာကို ခေါင်းအေးအေးနဲ့အမြင်ကျယ်ကျယ်နဲ့စဥ်းစားကြဖို့ ဆွေးနွေးကြဖို့လိုပြီလို့ တိုက်တွန်းချင်ပါတယ် “လို့ ဦးကိုကိုကြီးကပြောပါတယ်။ ပြည်သူ့ပါတီကို တည်ထောင်ခဲ့နဲ့ပတ်သတ်ပြီး “ပေါချောင်ကောင်းမဟုတ်ဘူး ဒီလမ်းကိုရွေးတာ လွယ်တယ်ထင်လို့ ရွေးခဲ့တာမဟုတ်ဘူး၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ် ကျော်ဖြတ်မယ်ဆိုပြီး သံဓိဌာန်ချပြီး ရွေးချယ်ခဲ့တာ”လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်ရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရကာ အသေအပျောက်များနေတာကြောင့်…
Read Moreပတ်စ်ပို့အသစ်လျှောက်ထားခြင်း ပြန်ပိတ်
ဖေဖော်ဝါရီ ၂၇ – ၂၀၂၃ GG(VOM) နိုင်ငံကူးလက်မှတ်စာအုပ်လျှောက်ဖို့အတွက် Online Booking စနစ်သစ်နဲ့ရက်ချိန်းရယူခြင်းကို ပတ်စ်ပို့ ရုံးဘက်က ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။ စာအုပ်အသစ်လျှောက်ထားမှုကို ရန်ကုန် ပတ်စ်ပို့ရုံးပြန်ဖွင့်တဲ့ ဖေဖော်ဝါရီ၂၄ ရက်မှာသာလက်ခံခဲ့ပြီး အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေစပြီး ဒီနေ့အထိ စာအုပ်အသစ်လျှောက်ထားမှုကို ရပ်နားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ စာအုပ်အသစ်လုပ်မယ့်သူတွေအနေနဲ့ online ကနေ ရက်ချိန်းယူလို့မရကြောင်း၊ စာအုပ်အသစ်လုပ်လို့ရမယ့်ရက်ကို website ကနေသာပြန်လည်ကြေညာပေးမယ်လို့ သိရပါတယ်။ ” ဖွင့်ပြီးနောက်ရက်မှာ ပြန်ပိတ်တယ်၊ ၂၆ ရက်နေ့ဖွင့်မယ်လို့ပြောထားပြီး နောက်တော့ ဖွင့်မယ့်ရက်ကိုထပ်ကြေညာမယ်ဆိုပြီးထုတ်တယ်။ သူတို့ကတော့ လက်ရှိအွန်လိုင်းစနစ်ကိုပြန်ပြင်နေတာကြောင့်လို့ပြောတာပဲ ၊စာအုပ်လျှောက်မလျှောက်ရသေးဘူး ပြန်ပိတ်တယ်ဆိုတော့ဗျာ”လို့ ပတ်စ်ပို့လျှောက်ဖို့စောင့်နေသူတဦးကပြောပါတယ်။ Online Appointment System စနစ်ကို ဖေဖော်ဝါရီ၂၅ ရက်နေ့မှာပြန်ပိတ်ခဲ့တာဖြစ်ပြီး ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေလို့ ပိတ်တာဖြစ်ကြောင်းနဲ့ ဝန်ဆောင်မှုပြန်လည်စတင် ဖွင့်လှစ်မယ့်အချိန်ကို ထပ်မံကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။…
Read Moreဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် မက္ကဆီကိုမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေ
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုနိုင်ငံမှာ ရွေးကောက်ပွဲတာ၀န်ရှိသူတွေကို ဖြိုခွဲဖို့ အစိုးရက ကြိုးပမ်းနေတယ်ဆိုကာ မက္ကဆီကိုမြို့ကြီးတွေမှာ လူသောင်းပေါင်းများစွာ အကြီးအကျယ်ဆန္ဒပြမှုများ ဖြစ်ပွားနေပါတယ်။ မြို့တော်မက္ကဆီကိုစီးတီးမှာ လူငါးသိန်းထိ ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့ကြောင်း ပွဲစီစဉ်သူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့်လည်း တာ၀န်ရှိသူတွေကတော့ ဆန္ဒပြသူ ကိုးသောင်းကျော်သာပါ၀င်တယ်လို့ ဆိုပါတယ်။ အမျိုးသားရွေးကောက်ပွဲကော်မရှင်ရဲ့ အသုံးစရိတ်ကိုဖြတ်တောက်ပြီး ၀န်ထမ်းအင်အားကိုလျှော့ချဖို့လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို အောက်လွှတ်တော်တွင်မဲခွဲပြီးနောက် အထက်လွှတ်တော်ကလည်း ဖေဖော်ဝါရီ ၂၂ ရက်တွင်အတည်ပြုခဲ့ကာ သမ္မတလိုပက်ဇ်အိုဘရာဒေါက လက်မှတ်ရေးထိုးပြီးပါက ပြုပြင်ပြောင်းလဲမှုတွေ စတင်သက်၀င်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်တာ၀န်ရှိသူတွေဟာ ပါတီစွဲရှိတယ်လို့ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါက စွဲစွဲထားပါတယ်။ အတိုက်အခံတွေကတော့ မကြာသေးမီက မဲခွဲဆုံးဖြတ်မှုဟာ ဒီမိုကရေစီကို အန္တရာယ်ရှိစေတဲ့လုပ်ရပ်ဖြစ်ပြီး အခြေခံပဒေနဲ့ မညီညွှတ်သော်လည်း အာဏာပိုင်တွေဟာ တရားရုံးချုပ်ကို ဖိအားပေးနေတယ်လို့ ပြောဆိုထားပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM…
Read Moreတနိုင်ငံလုံးမှာ(၂)လအတွင်း မီးလောင်မှု(၃၀၆) ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၂၁)ဦးသေဆုံးခဲ့
ဖေဖော်ဝါရီ၊၂၇-၂၀၂၃ MM[VOM] မြန်မာနိုင်ငံ တဝှမ်းလုံး အတိုင်းအတာနဲ့(၂)လအတွင်း မီးလောင်မှု(၃၀၆) ကြိမ်ဖြစ်ပွားကာ လူ(၂၁)ယောက် အထိသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ရဲ့စာရင်းတွေအရ သိရပါတယ်။ ဇန်နဝါရီ(၁)ရက်ကနေ ဖေဖော်ဝါရီ(၂၇)ရက်အထိ (၂)လအတွင်း မီးလောင်မှု (၃၀၆)ကြိမ်ဖြစ်ပွားခဲ့ပြီးမီးလောင်မှုဖြစ်စဉ်တွေကြောင့် သေဆုံးသူ(၂၁)ယောက်နဲ့ ဒဏ်ရာရရှိသူ (၅၈)ယောက်ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ကျပ်သန်းပေါင်း (၇၈၀၀)ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ”ဇန်ဝါရီလထဲမှာ မီးလောင်မှု (၁၆၇)ကြိမ်နဲ့ ဖေဖော်ဝါရီလ အတွင်းမှာ မီးလောင်မှု(၁၃၉)ကြိမ် ပေါင်း(၃၀၆)ကြိမ် ဖြစ်ပွားခဲ့တယ်၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ မီးလောင်မှုတွေ ပိုအဖြစ်များခဲ့တာတွေ့ရတယ်၊မီးလောင်မှု(၃၀၆)ကြိမ်ထဲမှာ ပေါ့ဆမီးနဲ့ လျှပ်စစ်မီးကြာင့်လောင်တဲ့ ဖြစ်စဉ်တွေကပိုများတယ်၊ လူသေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။”လို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတယောက် ကပြောပါတယ်။ လက်ရှိ မြန်မာတနိုင်ငံလုံး မီးလောင်မှုစာရင်းဟာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့စာရင်းတွေသာဖြစ်ပြီး စစ်ကိုင်းတိုင်း ၊ မကွေတိုင်း ၊ ကချင်းပြည်နယ် ၊ ချင်းပြည်နယ် ရခိုင်ပြည်နယ် ၊ ကယားနဲ့ ကရင်ပြည်တွေရဲ့ တကယ့်မြေပြင် မီးလောင်မှုတွေကတော့…
Read Moreယုဇနဥယျာဥ်အိမ်ယာက အဆောက်အဦတွေဖျက်ခံရပြီးနောက် အိမ်ငှားခစျေးတွေမြင့်တက်တာကြောင့် အဆင်မပြေဖြစ်နေ
ဖေဖော်ဝါရီ ၂၇ – ၂၀၂၃ GG(VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနဥယျာဥ်အိမ်ရာဝန်းထဲက လူနေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်သိမ်းလိုက်တာကြောင့် နေထိုင်သူတွေ အဆင်မပြေဖြစ်နေကြတယ်လို့ အိမ်ရာထဲနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဆိုင်ခန်းနဲ့လူနေအိမ်တွေ ဖျက်ခံရပြီး နောက်ဆက်တွဲအနေနဲ့ အိမ်ငှားခစျေးနူန်းတွေ တက်သွားတာကြောင့် ထပ်ပြီး အခက်ခဲဖြစ်နေရတယ်လို့ သိရပါတယ်။ “နဂိုအဲ့ဒီဟာတွေမဖျက်ခင်တုန်းက တိုက်ခန်းအလွတ်တွေမှအများကြီးပဲ၊ ပိုက်ဆံ ၁သိန်း ၁သိန်းခွဲဆိုရင် ခေါင်းခေါက်ငှားလို့ရတယ်၊ဒါပေမယ့် အဲ့ဒီနေရာတွေလည်းဖျက်ပြီးရော အငှားစျေးတွေတက်သွားတယ်။၁သိန်းခွဲတန်တွေက ၂သိန်းခွဲတွေဖြစ်ကုန်တယ်။ ၁ သိန်းတန်က ၁သိန်းခွဲ ၂သိန်းဖြစ်သွားတယ်။ ယုဇနမှာနေတဲ့ ဆိုင်တွေ လက်လုပ်လက်စားသမားတွေ အကုန်ဒုက္ခရောက်ကုန်တယ်၊ ယုဇနဥယျာဥ်အိမ်ယာဝန်းထဲက လမ်းတွေမှာ ရှိတဲ့နေအိမ်နဲ့ ဆိုင်ခန်းတွေကို အုပ်ချုပ်ရေးပိုင်းနဲ့အတူတာဝန်ရှိသူတွေက လာရောက်ဖျက်ခိုင်းခဲ့တာဖြစ်တယ် ၊ ဘာကြောင့်ဖျက်ပေးရတယ်ဆိုတာကိုတော့ မသိရဘူး “လို့ အိမ်ရာဝန်းအတွင်းနေထိုင်သူတဦးကပြောပါတယ်။ ဖျက်သိမ်းခံရတဲ့ ဆိုင်ခန်းတွေက လက်ဖက်ရည်ဆိုင်၊အဝတ်အထည်ဆိုင်၊စားသောက်ကုန်ဆိုင်၊ဖုန်းအရောင်းဆိုင်၊အလှပြုပြင်ရေးဆိုင် စတဲ့ ဆိုင်ခန်းတွေ အဖျက်ခံရတာဖြစ်ပြီး…
Read Moreဧရာဝတီတိုင်းက ဂဏန်းအရေပျော့လုပ်ငန်း ကန် တကြိမ်ဖော်ရင် ကျပ်(၁၀)သိန်းကျော်အရှုံးပေါ်နေ
ဖေဖော်ဝါရီ၊၂၇-၂၀၂၃ MM [ VOM ] ဧရာဝတီတိုင်းက ဂဏန်းအရေပျော့မွေးမြူတဲ့ လုပ်ငန်းတွေမှာ(၁)ကြိမ်ကို ကျပ်(၁၀)သိန်းကျော် အရှုံးပေါ်နေတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဂဏန်းပျော့ မွေးမြူရေး လုပ်ငန်းရှင်တွေ ဆီကနေ သိရပါတယ်။ ဂဏန်းပျော့မွေးမြူတဲ့ လုပ်ငန်းတွေမှာ ဂဏန်းတွေကန် ပြင်ဆင်စရိတ်တွေ အရင်ထက် ကုန်ကျမှုများလာတာ၊ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဂဏန်းအစာနဲ့ အခြားသွင်းအားစုတွေ အရင်ထက် ပိုမိုကုန်ကျလာတာ၊ ဂဏန်းကန်လုပ်သားတွေကို ပေးရတဲ့လုပ်သားခစရိတ်တွေ ကုန်ကျမှုအရင်ထက်များလာတာ၊ အရင်ကလို ပြည်ပဈေးကွက် ခိုင်ခိုင်မာမာမရှိတာ စတဲ့အခြေအနေတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။ အဲ့ဒီလို အခြေအနေ အခက်အခဲတွေကြောင့် ဂဏန်း မွေးမြူရေးလုပ်ငန်းတွေမှာ (၁)ကြိမ် ကန်ဖော်ရင် ငွေကျပ် (၁၀)သိန်းကျော်ကျော် အရှုံးပေါ်နေတဲ့အတွက် အခက်အခဲဖြစ်ပွားနေတာလို့ ဂဏန်းမွေးမြူရေးလုပ်ငန်းရှင် တယောက်ကပြောပါတယ်။ ”အရင်က အရှုံးဆိုတာမရှိပါဘူး ၊ ဈေးအတက် အကျတော့ ရှိခဲ့တာပေါ့ ၊ အရှုံးခံပြီး ဘာလို့ လုပ်နေတာလည်းဆို အဆင်ပြေလာနိုး…
Read More