(၃)နှစ်ကြာ ပိတ်ထားခဲ့တဲ့ တာချီလိတ်-မယ်ဆိုင်၊ အမှတ် (၁)တံတား ပြန်ဖွင့်၊ ကိုဗစ်ဆေး (၂)ကြိမ်း ထိုးပြီးတဲ့ လက်မှတ်ပါမှဖြတ်သန်းခွင့်ပြုမယ် 

ဖေဖော်ဝါရီ ၂၀-၂၀၂၃  MM [ VOM ]  အချိန်(၃)နှစ်ကြာ ပိတ်ထာားခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ် -မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁)တံတားကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်က ပြန်ဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။  အဲ့ဒီ တံတားဟာ ကိုဗစ်-၁၉ရောဂါ စတင်ကူးစက်ဖြစ်ပွားတဲ့ ၂၀၂၀ခုနှစ်၊ မတ်လ ၂၃ ရက်မှ စတင်ကာ မြန်မာ-ထိုင်း နယ်စပ်တွေကို နှစ်နိုင်ငံသဘောတူ ညီချက်တွေနဲ့ ပိတ်ပင်ထားခဲ့တာဖြစ်ပြီး တံတားကို ပိတ်ထားရာမှာ အချိန်(၃) နှစ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။  တံတားကို ပြန်လည်ဖွင့်လှစ်ထားပေမဲ့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်အထိ ထိုးနှံပြီးကြောင်း လက်မှတ် မိတ္တူပါရှိမှသာ တံတားကနေ ဖြတ်သန်း သွားလာခွင့် လက်မှတ်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။  ”တစ်ဖက်ကို နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ် ထုတ်ပေးတာမှာတော့ ကန့်သတ်ထားဆဲပါ ၊ဘာလည်းဆိုတော့…

Read More

ရုရှားကို တရုတ်ကလက်နက်တွေ ထောက်ပံ့ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တရုတ်နိုင်ငံကလက်နက်တွေ ထောက်ပံ့ဖို့စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ ရုရှားကို သေစေလောက်တဲ့လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေကို ယခင်ကတည်းပေးနေပြီး ရရှိထားတဲ့သတင်းသစ်တွေအရ သေစေလောက်တဲ့ လက်နက်အထောက်အပံ့တွေလည်း ပေးအပ်နိုင်ကြောင်း ဘလင်ကင်ကပြောပါတယ်။ အဲဒီလိုထောက်ပံ့မယ်ဆိုရင် တရုတ်နိုင်ငံအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။  စစ်လက်နက်ပစ္စည်းတွေ ရုရှားကတောင်းဆိုထားတယ်ဆိုတဲ့သတင်းတွေကို တရုတ်နိုင်ငံဘက်ကတော့ ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်နဲ့ မဟာမိတ်ဖြစ်သူ တရုတ်သမ္မတရှိင်္ကျင်းပင်ဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားခြင်းမရှိဘဲ ပဋိပက္ခတွင်ကြားနေရန်ကြိုးစားနေပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုထားပါတယ်။ ရုရှားနဲ့ဆက်ဆံရေးအပေါ် အမေရိကန်က လက်ညှိးထိုးပြောဆိုပြီး အတင်းအကျပ်ဖိအားပေးခြင်းများကို လက်ခံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ခန္တီး – ဟုမ္မလင်း လမ်းပိုင်း မိုင်းနောင်းတံတား ကျိုးကျလို့ ကုန်စည်ကူးသန်းမှု ပျက်တောက်

ဖေဖော်ဝါရီ ၊ ၂၀-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့နယ် ၊ လင်းဖားကျေးရွာအုပ်စု ၊ မိုင်းနောင်းကျေးရွာနားက ဟုမ္မလင်း – ခန္တီး ကားလမ်းပေါ်က မိုင်းနောင်း သံဘေလီ သစ်သား တံတားဟာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ကျိုးကျ ပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့ မရတော့ဘဲ ကုန်စည်ကူသန်းတာတွေ ပြတ်တောက်သွားတယ်လို့ ခန္တီးမြို့ခံ ကုန်သည် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့မနက်ပိုင်းက ကုန်ကားတစ်စီး အဲ့ဒီ တံတားပေါ် ဖြတ်သန်းမောင်းတဲ့အခါ ၊ တံတားကျိုးကျ ပျက်စီးသွားတာဖြစ်တယ် ၊ အဲ့ဒီ တံတားက ခန္တီး ဟုမ္မလင်း မန္တလေး ကုန်သွယ်ရေးလမ်းပေါ်မှာ အဓိကကျတဲ့ တံတားဖြစ်တယ် ၊ တံတားကျိုးကျတဲ့အတွက် ခန္တီးမြို့မှာ ကုန်စည် စီးဆင်းဝင်ရောက်တာ မရှိတော့ဘူး”လို့ ခန္တီးမြို့ခံ…

Read More

ထိုင်းကို ရေလမ်းကနေဝင်လာတဲ့ မြန်မာနိုင်ငံသား(၈)ဦးနဲ့ပွဲစား(၁)ဦး အဖမ်းခံရ 

ဖေဖော်ဝါရီ ၂၀-၂၀၂၃  MM(VOM)  ထိုင်းနိုင်ငံ၊ ကရာ့ဘူရီမြို့နယ်၊ သမုကျေးရွာ၊ အုပ်စု- ၄ မှာရှိတဲ့ ဆီအုန်းခြံ တခုအနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသမီး ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား(၈)ဦးနဲ့ ပွဲစား(၁)ဦးဟာ ရေလမ်းကနေ လှေနဲ့ ဝင်လာချိန် အဖမ်းခံရလိုက်ရတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့အဖွဲ့ အစည်းတွေဆီကနေ သိရပါတယ်။  အဲ့ဒီ မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အခြေစိုက်လုံခြုံပူးပေါင်း ရဲတပ်ဖွဲ့ တွေက ကင်းလှည့်နေတဲ့အချိန် လှေနဲ့ ရေလမ်းကြောင်းကနေဝင်လာတာကိုတွေ့ရှိလို့ ဖမ်းမိခဲ့တာလို့ သိရပါတယ်။  ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို ပစ်ကပ်ကားနဲ့ လာကြိုတဲ့ အလုပ်ပွဲစားဆိုသူ အမျိုးသား ၁ ယောက်ကိုလည်းကိုလည်း ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။  ”မနေ့က ဖမ်းမိတာ မြန်မာနိုင်ငံသား အမျိုးသားက ၆ ယောက်နဲ့ အမျိုးသမီးက ၂…

Read More

မုဒုံမြို့မှာ အမျိုးသမီး ၁၂ ဦးအပါအဝင် နိုင်ငံသား အထောက်အထားမဲ့ ၄၀ ဦးဖမ်းမိ 

ဖေဖော်ဝါရီ ၂၀-၂၀၂၃  MM(VOM)  မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု ပိုင်ကွင်း အမှတ် (၉၀၂)မှာ အမျိုးသမီး ၁၂ ယောက်အပါအဝင် နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၄၀ ကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာကသိရပါတယ်။  ”ဝင်လာတယ်လို့ သတင်းရတာကြောင့် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပါတဲ့သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေကဖမ်းတာ ၊ မနေ့က အားလုံး အယောက် ၄၀ ပါ ၊ မိန်းကလေး ၁၂ ယောက်ပါတယ်၊ ဖမ်းမိတဲ့သူတွေ အားလုံးကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ။”ဟု လုံခြုံရေးတာဝန်ရှိသူ တယောက်ကပြောပါတယ်။  ဖမ်းမိတဲ့ အထောက်အထားမဲ့ အယောက် ၄၀ ထဲမှာ  အမျိုးသား ၂၅ ယောက် ၊ အမျိုးသမီး ၁၂ ယောက်နဲ့  ကလေး ၃ ယောက်ပါဝင်ပြီး လက်ရှိမှာ မုဒုံမြို့နယ်၊…

Read More

ရှင်သန်ဖို့လိုနေတဲ့ ရခိုင်ပြည် ဆားလုပ်ငန်း

ဖေဖော်ဝါရီ ၂၀- ၂၀၂၃ SW(VOM) ပင်လယ်ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်ဟာ ရေသယံဇာတတွေပေါများသလို ပင်လယ်ပြင်နဲ့ ဆားငန်ရောက်တဲ့ မြစ်ချောင်းတွေကို အမှီပြုရင်း ဆားလုပ်ငန်းဟာလည်း အရေးပါလှပါတယ်။ ရှည်လျားတဲ့ ရခိုင်ကမ်းရိုးတန်းဟာ မြောက်ဘက်အဆုံး နတ်မြစ်ဝကနေ မော်တင်စွန်းထိရှိပြီး ကီလိုမီတာ (၇၄၀) ရှည်လျားတဲ့ ကမ်းရိုးတန်းဒေသဖြစ်ပြီး အဲဒီလို ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်နယ်မှာ အရင်က ဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ကြောင်း ဆားလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။  လက်ရှိ ရခိုင်ပြည်နေလှန်ဆားလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆားတောင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက် အဲဒီလုပ်ငန်းကို လုပ်ကိုင်လာကြသူတွေဖြစ်ပြီး နေလှန်းဆားအလုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်ကနေ ဇောက်ချလုပ်ကိုင်လာခဲ့ကြတာလို့ သိရပါတယ်။ “ကျနော်တို့ ဆားလုပ်ငန်းကို လုပ်တာက ဘိုးဘေး၊ ဘီဘင်တွေ လက်ထက်ကတည်းက လုပ်တာ။ အမေတို့ဆိုရင် ၁၉၈၅ ဝန်းကျင်လောက်က လုပ်ကြတာ။ ကျနော်တို့ကတော့ တတိယမျိုးဆက် (Third Generation)လို့ ပြောလို့ရတာပေါ့”လို့ သံတွဲမြို့နယ်မှ…

Read More

မတ်ပဲအထွက်နူန်း လျော့ကျလို့ ပဲခူးအနောက်ခြမ်းက တောင်သူတွေ အရင်းမကျေတဲ့အပြင် အရှုံးနဲ့ရင်ဆိုင်နေရ 

ဖေဖော်ဝါရီ ၂၀- ၂၀၂၃ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်းက မတ်ပဲစိုက်ခင်းတွေ အခုနှစ် မတ်ပဲရာသီမှာ ပဲအထွက်နူန်းသိသိသာသာလျော့ကျသွားလို့ ပဲစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ပြည်ခရိုင်ဘက်မှာဆိုရင် မတ်ပဲစိုက်ခင်း လယ် ၁ ဧကကို မတ်ပဲ ၂ တင်း ၊ ၃တင်း သာထွက်တဲ့လယ်တွေအထိရှိနေလို့ စိုက်ပျိုးမှုကူန်ကျစရိတ်မရတဲ့အပြင် အရှုံးနဲ့ပါကြုံနေရတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ” ပဲ ၁ဧက အတွက်ဆိုရင် စိုက်ပျိုးစရိတ်အရင်းက ၃ သိန်းအောက်ထစ်ရှိတယ်၊ ဒီတော့ အခုစျေးနဲ့ဆိုရင် ၁ ဧက ၅တင်းထွက်မှကျနော်တို့မှာ အရင်းပဲရတယ်၊အဲ့ဒါ အခုစျေးကောင်းလို့ရတာ၊ဒါပေမယ့် တဧကကို ၂တင်းထွက်တဲ့လယ်ရှိတယ်၊ ဒါဆို ရှုံးပြီလေ၊  ဒီနှစ်အရှုံးအရမ်းများတယ်”လို့ ပြည်မြို့နယ်ထဲက မတ်ပဲစိုက်တောင်သူတဦးက ပြောပါတယ်။ အခုနှစ်မှာ မတ်ပဲစိုက်ခင်းအများစု အဝါရောင်မှိုစေ့ရောဂါကျပြီး အခင်းလိုက်ပျက်စီးတာ၊ အပင်ပေါက်ပြီးမှ အပင်တွေသေကုန်တာ ၊သွင်းအားစုစျေးတွေကြီးမြင့်လို့ ဆေးသုံးမှုနည်းတာတွေကြောင့် မတ် ပဲအထွက်နူန်းတွေ သိသိသာသာလျော့ကျသွားတာဖြစ်တယ်လို့…

Read More

အတက်ကြမ်းနေတဲ့ ဆန်ဈေး

ဖေဖော်ဝါရီ ၂၀ – ၂၀၂၃ SN (VOM) ပြည်တွင်းမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းတွေ ဆက်တိုက် မြင့်တက်လာတာနဲ့အပြိုင် ဆန်စျေးနှုန်းတွေကလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်အရင်က ဆန်ကြမ်းတပြည်ကို ငွေကျပ် ၇၅၀ မှ ၈၀၀ အထိနဲ့ ၂၄ ပြည် တအိတ်ကို ငွေကျပ် ၁၉၂၀၀ မှ ၂၁၆၀၀ အထိသာရှိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ဆန်ဈေးတွေ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့ရာမှာ သက်တမ်း ၂ နှစ်ကျော်ကြာရှိလာတဲ့ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာတော့ ဆန်ကြမ်းတပြည်ကို ကျပ် ၂၇၀၀ နဲ့ တအိတ်ကိုကျပ် ၆၅၅၀၀ အထိ ရှိလာတယ်လို့ သိရပါတယ်။ နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ…

Read More

ညောင်ဦး၊ဂျိုးကန်ရွာ မီးလောင်လို့ အိမ်(၁၆)အိမ်ခန့်နဲ့ တိရိစ္ဆာန်တွေပါ မီးလောင်​သေဆုံး

ဖေဖော်ဝါရီ ၂၀ – ၂၀၂၃ GG(VOM) ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု ၊ဂျိုးကန်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၆ အိမ်ထက်မနည်း မီးလောင်ပြာကျခဲ့ပြီး တိရစ္ဆာန်တွေလည်းမီးလောင်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လယ် ၁၂ နာရီကျော်ခန့် ဂျိုးကန်ရွာထဲက လူနေအိမ်တအိမ်ရဲ့ ထင်းမီးဖိုကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်လူနေအိမ်တွေနဲ့ ဆိတ်၊သိုး၊ဝက်ခြံတွေကိုပါ မီးကူးကာ မီးလောင်သေဆုံးခဲ့တာ​ ဖြစ်တယ်လို့ သိရပါတယ်။ “  အိမ်စောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာကနေ မီးဖိုနားက ထန်းလက်အကာကို မီးကူးပြီး ဘေးအိမ်တွေကိုပါ မီးလောင်ခဲ့တာလို့သိရတယ်၊သိုးတွေရောဝက်တွေရော သေတယ်၊မီးထဲပါတဲ့အိမ်တွေလည်း အကုန်ဘာမှရစရာမရှိအောင်ပျက်စီးကုန်တယ် ” လို့ ဂျိုးကန်ရွာအနီးနေထိုင်သူတဦးကပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တာက ၁၆ပေပတ်လည် ထန်းရွက်မိုး ဝါးထရံကာ မြေစိုက်လူနေအိမ် ၊၁၆ ပေပတ်လည် သွပ်မိုးဝါးထံကာ မြေစိုက် လူနေအိမ်၊၂၄ ပေပတ်လည် သွပ်မိုး ဝါးထရံကာ ၂…

Read More

ဘိုကလေးမှာ ကရင်၊ မွန်၊ မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမယ် 

ဖေဖော်ဝါရီ၊ ၁၉-၂၀၂၃  MM [VOM]  ကရင်၊ မွန်၊ မြန်မာရိုးရာ လက်ခမောင်းသံ ကရင်၊ မွန်၊ မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။  အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးကာ မြန်မာ့ရိုးရာ  လက်ဝှေ့ကလပ်က စီစဉ်မှုနဲ့”လက်ခမောင်းသံ”ကရင်၊ မွန်၊ မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကိုလာမယ့် ဖေဖော်ဝါရီ (၂၇)ရက်နဲ့ (၂၈)ရက်တို့မှာ ဘိုကလေးမြို့နယ်၊ အားကစားခန်းမမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။  ”ဘိုကလေးမြို့နယ်မှာ အခြေစိုက်တဲ့ တော်ဝင်ဧရာ မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်က စီစဉ်မှုနဲ့ ကျင်းပသွားမှာဖြစ်တယ်”လို့ ပွဲကျင်းပရေး တာဝန်ရှိသူတယောက်ကပြောပါတယ်။  အဲ့ဒီ လက်ဝှေ့စိန်ခေါ်ပွဲမှာ ၅ ချီစိန်ခေါ်ပွဲအဖြစ် သန့်ဇင်(တော်ဝင်ဧရာ)နဲ့ လှလေးစိန် (AMT-2)၊ ဒေါင်းဖြိုးဝေ(ဒေါင်းမြန်မာ)နဲ့ ခေတ်သစ်စိန်( Pyphon MMA)တို့ထိုးသတ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၄ ချီ စိန်ခေါ်ပွဲမှာ ရိုးရိုးလေး (တော်ဝင်ဧရာ)နဲ့…

Read More
VOM News

FREE
VIEW