ဘိုကလေးမှာ ကရင်၊ မွန်၊ မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမယ် 

ဖေဖော်ဝါရီ၊ ၁၉-၂၀၂၃ 

MM [VOM] 

ကရင်၊ မွန်၊ မြန်မာရိုးရာ လက်ခမောင်းသံ ကရင်၊ မွန်၊ မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးကာ မြန်မာ့ရိုးရာ 

လက်ဝှေ့ကလပ်က စီစဉ်မှုနဲ့”လက်ခမောင်းသံ”ကရင်၊ မွန်၊ မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကိုလာမယ့် ဖေဖော်ဝါရီ (၂၇)ရက်နဲ့ (၂၈)ရက်တို့မှာ ဘိုကလေးမြို့နယ်၊ အားကစားခန်းမမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

”ဘိုကလေးမြို့နယ်မှာ အခြေစိုက်တဲ့ တော်ဝင်ဧရာ မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်က စီစဉ်မှုနဲ့ ကျင်းပသွားမှာဖြစ်တယ်”လို့ ပွဲကျင်းပရေး တာဝန်ရှိသူတယောက်ကပြောပါတယ်။ 

အဲ့ဒီ လက်ဝှေ့စိန်ခေါ်ပွဲမှာ ၅ ချီစိန်ခေါ်ပွဲအဖြစ် သန့်ဇင်(တော်ဝင်ဧရာ)နဲ့ လှလေးစိန် (AMT-2)၊ ဒေါင်းဖြိုးဝေ(ဒေါင်းမြန်မာ)နဲ့ ခေတ်သစ်စိန်( Pyphon MMA)တို့ထိုးသတ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၄ ချီ စိန်ခေါ်ပွဲမှာ ရိုးရိုးလေး (တော်ဝင်ဧရာ)နဲ့ ဖြိုးကိုကို (ဒီနစ်)၊ ဗိုလ်မထား (တော်ဝင်ဧရာ)နဲ့ မောင်ဇော်(ဟံသာဝတီ)၊ အားမာန်(ရာထရာ)နဲ့ ဒေါင်းရာဇာ(ဒေါင်းမြန်မာ)၊ စိုးလင်းထွန်း (APP)နဲ့  ဒေါင်းသဲလေး(ဒေါင်းမြန်မာ)တို့ကထိုးသတ်ကြမှာဖြစ်တယ်လို့သိရပါတယ်။ 

၃ ချီ စိန်ခေါ်ပွဲမှာတော့ ကျော်ထက်နဲ့ လပြည့်လေး၊ ရဲကျော်စွာနဲ့ ထွန်းလင်းမောင်၊ ဗလနဲ့ လင်းထက်၊ ဇ နဲ့  အောင်အောင်၊ နိုင်းဝင်းနဲ့ ရှိုင်းတို့ရဲ့ ပွဲစဉ်တွေအပြင် အခြားဝါ သနာရှင်တွေရဲ့ ကြားပွဲတွေကိုထည့်သွင်း ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #ကရင်၊မွန်၊မြန်မာ #စိန်ခေါ်လက်ဝှေ့ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW