ယူကရိန်း ဘက်မွတ်မြို့ကို ရုရှားတပ်တွေ သိမ်းဖို့ပြင်ဆင်နေ၊ ယူကရိန်းတပ်တွေ ဆုတ်ခွာဖို့ ရာဇသံပေး

ကိဗ်ယက်၊ မတ်-၅-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံရဲ့ အဓိကမြို့ဖြစ်တဲ့ ဘက်မွတ်မြို့ ကို သိမ်းယူတော့မယ်လို့ ရုရှားတပ်ဖွဲ့တွေက ပြောပြီး ယူကရိန်းသမ္မတကို သူ့တပ်တွေ ရုပ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။

ရုရှားနိုင်ငံ ဝက်ဂနာကြေးစားအဖွဲ့ရဲ့ အကြီးအကဲ Yevgeny Prigozhin က သူ့တပ်တွေဟာယူကရိန်း နိုင်ငံအရှေ့ဘက် ဒွန်နက်ဒေသရှိ ယူကရိန်းတပ်ဖွဲ့တွေရဲ့ အမာခံနယ်မြေ ဘက်မွတ်ကို လက်တွေ့ကျကျ ဝိုင်းရံထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အဲဒီမြို့မှာ ကျန်ရှိနေတဲ့ ယူကရိန်းစစ်သားတွေအတွက် ဆုတ်ခွာဖို့ လမ်းကြောင်းတခုသာ ကျန်တော့တယ်လို့ သူကပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရန်သူတွေကို ချေမှုန်းခြင်းဟာ လာမယ့်လတွေအတွင်း မိမိတို့ရဲ့ ကာကွယ်ရေး စစ်ဆင်ရေးတွေ အောင်မြင်မှုအတွက် မဖြစ်မနေ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

ဘက်မွတ်မြို့မှာ ရန်သူတွေကို ခုခံတိုက်ခိုက်နေတဲ့ ရဲစွမ်းသတ္တိအတွက် ယူကရိန်းစစ်သားတွေကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ ယုကရိန်းအတွက် စစ်လက်နက်တွေ ထပ်မံအကူအညီပေးဖို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

Ref:NHK
Photo:Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW