၂၀၂၃ခုနှစ်​ ရန်ကုန်သင်္ကြန်ကို ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ်လို့ သိရ

မတ် ၅ – ၂၀၂၃
GG (VOM)

ရန်ကုန်တိုင်းသင်္ကြန်ပွဲကို ပြည်သူ့ရင်ပြင်မှာ ပြောင်းလဲ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ပြည်သူ့ရင်ပြင်ထဲမှာ တိုင်းဗဟိုမဏ္ဍပ်တည်ဆောက်မှာဖြစ်တဲ့အပြင် တိုင်းအဆင့်ဌာနဆိုင်ရာတွေက ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

” မြို့တော်ခန်းမရှေ့မှာလည်း မဏ္ဍပ်ကတော့ရှိမှာပါ။ ဗဟိုမဏ္ဍပ်တော့မဟုတ်ဘူး ရေပက်ခံသင်္ကြန်မဏ္ဍပ်ပဲပေါ့။ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ၊ ယိမ်းအကအလှဖျော်ဖြေမှုတွေကိုလည်း ဆုချီးမြှင့်မှုတွေလည်းလုပ်မယ်လို့ မြို့တော်ဝန်ကပြောပါတယ်။ တိုင်းအဆင့်ပွဲတော်ကတော့ ရင်ပြင်ထဲမှာခုနှစ်အကုန်လုပ်မှာပါ၊”လို့ စည်ပင်သာယာရေးကော်မတီဝင်တဦးကပြောပါတယ်။

မြို့တော်ခန်းမမှာပြုလုပ်မယ့် သင်္ကြန်မဏ္ဍပ်မှာလည်း ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊သဘင်ပညာရှင်တွေရဲ့ မြန်မာ့ယဉ်ကျေးမှုအကအလှဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း အေးချမ်းလုံခြုံစွာရေကစားနိုင်အောင် လုံခြုံရေးပိုင်းကိုလည်း စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၃ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့ မတ်လ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကိုဗစ်ကာလမတိုင်ခင်က ရန်ကုန်မှာ လမ်းလျှောက်သင်္ကြန်၊ ရေသင်္ကြန်မဏ္ဍပ်တွေနဲ့စည်ကားခဲ့ပြီး တိုင်းဗဟိုမဏ္ဍပ်ကို မြို့တော်ခန်းမမှာ နှစ်စဥ်ကျင်းပခဲ့တာဖြစ်ပါတယ်။

Photo – အရင် ပုံဟောင်း
#voiceofmyanmar #VOM #ရန်ကုန်သင်္ကြန် #ပြည်သူ့ရင်ပြင်မှာကျင်းပမယ်

Related posts

Leave a Comment

VOM News

FREE
VIEW