ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုအကြီးအကျယ်ဖြစ်ပွား

ဒါကာ၊ မတ်-၆-၂၀၂၃
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့တောင်ပိုင်းရှိ လူနေထူထပ်တဲ့ ဒုက္ခသည်စခန်းတခုမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ဒုက္ခသည်ထောင်ပေါင်းများစွာ နေထိုင်စရာအမိုးအကာများ ဆုံးရှုံးခဲ့ရကြောင်း တာ၀န်ရှိသူတွေက မတ် ၆ ရက်မှာ ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းမှာ မတ် ၅ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်တွေအတွက် ယာယီနေထိုင်စရာ နှစ်ထောင်ခန့်မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ ဒုက္ခသည် ၁၂၀၀၀ ကျော် နေထိုင်စရာဆုံးရှုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့ပြီးနောက် ဒုက္ခသည်တွေနေထိုင်ရာ ဝါးနဲ့တာပေါ်လင်အဆောက်အအုံတွေကို လျှင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ပြီး အမိုးအကာ ၂၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဂျာနာရာမန်းက အေအက်ဖ်ပီကိုပြောပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက် သုံးနာရီအတွင်း မီးထိန်းနိုင်ခဲ့ပေမယ့် ဗလီ ၃၅ လုံးနဲ့ ဒုက္ခသည်တွေအတွက် သင်ကြားရေးစင်တာ ၂၁ ခုလည်း မီးလောက်ပျက်စီးခဲ့ကြောင်း သူက ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW