ထိုင်းမှာ ၁၂ နှစ်အရွယ် မြန်မာမိန်းကလေး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူအမျိုးသားက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွား

မတ်လ၊၇-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန့်စောင်ထုံးဒေသမှာ အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

”ကလေးရဲ့မိသားစုတွေက ထိုင်းမှာရွှေ့ပြောင်းအလုပ် လုပ်နေသူတွေပါ၊ အခု ထိုင်းရောက်မြန်မာတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကူညီပေးနေပါတယ်၊ ထိုင်းရဲတွေကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာကို လာစစ်ဆေးသွားတယ်၊ မိမိကိုယ် သတ်သေသွားသူက ဇနီးဟောင်းဖြစ်သူနဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုတွေအတွက် ဖမ်းဆီးခံရမှာကို ကြောက်လို့ လွတ်မြောက်ဖို့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားတာတွေ့ရတယ်။”လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးသူ ဦးသက်ပိုင်ကပြောပါတယ်။

ကျူးလွန်သူ အမျိုးသားဟာ လာအိုနိုင်ငံသားတ ယောက်ဖြစ်ပြီး မတ်လ ၆ ရက်က ကျူးလွန်ခဲ့တာ ဖြစ်ပြီး ညနေပိုင်းအချိန်မှာ သူနေထိုင်တဲ့ အခန်းအတွင်း ဆွဲကြိုးချ သတ်သေသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အမျိုးသားကို ထိုင်းအမျိုးသမီးတယောက်က
သူနေထိုင်တဲ့ အခန်းအတွင်းမှာ ဆွဲကြိုးချသတ်သေထားတဲ့ အနေအထားနဲ့တွေ့ရှိရတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမား တယောက်က”အဓမ္မပြုကျင့်ခံရတဲ့ ကောင်မလေးက အသက် ၁၂ အရွယ်ပါ ၊ အဓမ္မပြုကျင့်တဲ့ အမျိုးသားက အဆုံးစီရင်သွားတယ်၊ သူက အသက် ၄၈ နှစ်အရွယ် လာအိုနိုင်ငံသားလို့သိရတယ်၊ သူက မုဒိန်းမှု ၂ ခုအတွက် ဝရမ်းထုတ်ခံထားရ သူလို့လည်းသိရတယ်၊ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေသူတဲ့။”လို့ ပြောပါတယ်။

အဲ့ဒီ ကလေးငယ်ဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြန်မာမိန်ကလေးငယ်ရဲ့ မိဘတွေက ထိုင်းဘန်စူရဲစခန်းမှာတိုင်ကြားထားပြီး ရဲတပ်ဖွဲ့ ကလည်း သက်သေအထောက်အထားတွေကို စုစည်းထားကာ ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာမိန်းကလေး #အဓမ္မပြုကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW