အင်္ဂါဂြိုဟ်ကို (၄၅) ရက်အတွင်းရောက်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးပျံအင်ဂျင်နာဆာ တီထွင်နေ

ဝါရှင်တန်၊ မတ်-၁၀-၂၀၂၃
မျိုးဆက်(VOM)

အနာဂတ်မှာ လူသားတွေကို အင်္ဂါဂြိုဟ်ပေါ်ကို အချိန်တိုအတွင်းပို့ဆောင်ပေးနိုင်မယ့် နျူကလီးယားစွမ်းအင်သုံး ဒုံးပျံအင်ဂျင်ကို စမ်းသပ်မှုတွေပြုလုပ်သွားမယ်လို့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံကိန်းကို အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့သုတေသနဌာနဖြစ်တဲ့ Defense Advanced Research Projects Agency တို့ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်ကပြောပါတယ်။

နျူကလီးယားစွမ်းအင်သုံးဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်တီထွင်နိုင်ခဲ့မယ်ဆိုရင် နာဆာရဲ့လက်ရှိဒုံးပျံစနစ်ထက် ပိုမိုစွမ်းရည်မြင့်မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ကိုသွားရောက်ရမယ့် ကြာမြင့်ချိန်ကို ငါးဆလျှော့ချပေးနိုင်မှာဖြစ်ကာ ကြာမြင့်ချိန် ခုနှစ်လကနေ ၄၅ ရက်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ဒုံးပျံစနစ်ကို လွန်ခဲ့တဲ့ ၂၀ ရာစုအလယ်ပိုင်းလောက်ကတည်းက အမေရိကန်စစ်တပ်နဲ့ နာဆာတို့ပူးပေါင်းပြီး တီထွင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း အကောင်အထည် မပေါ်ခဲ့တာဖြစ်ပါတယ်။

နာဆာနဲ့ အမေရိကန်စစ်တပ်တို့ဟာ အာကာသနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းမွန်ခဲ့တဲ့ သမိုင်းတွေရိ်ှပြီး လူသားတွေကို လကမ္ဘာပေါ်စေလွှတ်နိုင်ခဲ့တဲ့ Saturn V ဒုံးကျည်ကိုလည်း အတူတကွတီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

Ref: IE
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

VOM News

FREE
VIEW