အာရှနွယ်ဖွား မင်းသမီးမီရှဲလ်ယို အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် အော်စကာဆုဆွတ်ခူး

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၃
မျိုးဆက်(VOM)

မင်းသမီး မီရှဲလ်ယိုဟာ အမေရိကန်နိုင်ငံ လော့စ်အ်ိန်ဂျယ်လိမြို့မှာကျင်းပတဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဒါဟာ အော်စကာဆုပထမဆုံးရရှိခဲ့တဲ့ အာရှနွယ်ဖွား သရုပ်ဆောင်မင်းသမီးအဖြစ် မှတ်တမ်း၀င်သွားပါတယ်။

မီးသမီး မီရှဲယိုဟာ ၉၆ ကြိမ်မြောက်အော်စကာ ဆုပေးပွဲမှာ Everything Everywhere All at Once ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုတော့ The Wale ဇာတ်ကားနဲ့ Brendan Fraser ကရရှိသွားခဲ့ပါတယ်။

မီရှဲလ်ယို ပါ၀င်သရုပ်ဆောင်ထားတဲ့ Everything Everywhere All at Once ဇာတ်ကားဟာ ရသစုံပါ၀င်တဲ့ စိတ်ကူးယဉ် ဒရာမာအက်ရှင်ကားအမျိုးအစားဖြစ်ပြီး အိမ်မက်တွေတကယ်ဖြစ်လာပြီလို့ မင်းသမီးမီရှဲလ်ယိုက ပြောပါတယ်။

မီရှဲလ်ယိုနဲ့အတူ အဲဒီဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Ke Huy Quan နဲ့ Jamie Lee Curtis တို့ဟာ ဇာတ်ပို့ဆုတွေအသီးသီးရရှိခဲ့ပြီး အဲဒီဇာတ်ကားဟာ အကောင်းဆုံး တည်းဖြတ်ဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆုနဲ့ ဇာတ်ကားဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW