ကိုလံဘီယာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အလုပ်သမား ၂၁ ဦးသေဆုံး

ဘိုဂိုတာ၊ မတ်-၁၇-၂၀၂၃
မျိုးဆက်(VOM)

ကိုလံဘီယာနိုင်ငံအလယ်ပိုင်းရှိ ကျောက်မီးသွေးတွင်းမှယ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၂၁ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက မတ် ၁၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

အဲဒီမတော်တဆမှုဟာ ကွန်ဒီနာမာကာပြည်နယ်ရှိ ကျောက်မီးသွေးတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုဟာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့်လို့ ယူဆရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အလုပ်သမားတဦးချင်းသေဆုံးမှုဟာ စီးပွားရေးအရသာမက လူမှုရေးနဲ့ အစိုးရရဲ့ရှုံးနိမ့်မှုလည်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုတွေကို အရှိန်မြှင့်တင်မယ်လို့ ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပက်ထရိုက ပြောပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ အတွက် ကိုလံဘီယာမှာ ကျောက်မီးသွေး၀ယ်လိုအား တိုးလာနေပြီး ကျောက်မီးသွေးတင်ပို့မှုဟာ ယမန်နှစ်ကထက် နှစ်ဆတိုးလာနေပါတယ်။

ဒါပေမယ့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေလိုက်နာမှုအားနည်းခြင်းကြောင့် သတ္တုတွင်းမတော်တဆမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ယမန်နှစ်အတွင်း မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားကာ လူ ၁၄၆ ဦးသေဆုံးခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘိုဂိုတာ

Related posts

Leave a Comment

VOM News

FREE
VIEW