စလင်းက ရွာတရွာမှာ မီးလောင်လို့ နေအိမ် ၃၀ကျော် မီးလောင်ပြီး လူ ၁၀၀ကျော် မီးဘေးသင့်

မတ် ၂၄ – ၂၀၂၃
GG(VOM)

မကွေးတိုင်း၊စလင်းမြို့နယ်၊အောက်လှိုင်းကျေးရွာအုပ်စု၊ပိန္နဲပင်ကျေးရွာမှာ မနေ့ မတ်လ၂၃ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၃၂အိမ် ဝန်းကျင် မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

ပိန္နဲပင်ရွာက နေအိမ်တအိမ်ကနေ ရေနွေးအိုး တည်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ​ဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် နေအိမ်တွေကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မီးလောင်တာ ၅ နာရီခွဲလောက်ပေါ့။ကျနော်တို့ဆီသတင်းရလို့သွားတော့ မီးကအတော်လေးလောင်ပြီးနေပြီ၊ မီးလောင်ချိန် လျှပ်စစ်မီးမလာဘူး၊လူထိခိုက်တာမရှိဘူး၊မီးလောင်တာကြောင့်ရှော့ရတဲ့လူတယောက်ကိုပဲ ပြုစုလိုက်ရတာရှိတယ် ” လို့ စလင်းကြက်ခြေနီအသင်း အဖွဲ့ဝင်တဦးကပြောပါတယ်။

မီးလောင်မှုကြောင့် မီးသတ်တွက်ချက်တန်ဖိုးငွေ ၁၄၁သိန်းကျော် ဆုံးရှုံးခဲ့ပြီး ပျက်စီးခဲ့တဲ့နေအိမ်တွေဟာ သစ်သား ၊သွပ်မိုးအိမ်တွေ ဖြစ်ကြောင်း လူထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုကို စလင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ စလင်းကြက်ခြေနီအသင်း၊ဒေသခံရွာသားတွေက ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးကို ၁ နာရီကျော်ကြာ မီးငြီမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စလင်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW