တမူးမြို့နယ် ဘုက္ကန်ရဲစခန်း တိုက်ခိုက်ခံရ

မတ်၂၅ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကလေး – တမူး ကားလမ်း ၊ မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ ဘုက္ကန် ရဲစခန်းဟာ မနေ့ မတ် ၂၄ ရက် ၊ မနက် ၇ နာရီဝန်းကျင်က တိုက်ခိုက်ခံရတယ်လို့ တမူး-ကလေး ကားသမားတွေဆီက သိရပါတယ်။

” မနက်လင်းတာနဲ့ ဘုက္ကန်ရဲစခန်းဘက်မှာ သေနတ်သံတွေကြားရတယ် ၊ ရဲတွေနဲ့ NLA အဖွဲ့တွေ ပစ်ကြတာ “လို့ ဘုက္ကန်ရွာခံ တယောက်က ပြောပါတယ်။

တမူးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဘုက္ကန်ရွာဘက်မှာ ထိတွေ့မှုဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဘုက္ကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျန့်နှံ့နေတာက ဘုက္ကန် ရဲစခန်းကို NLAအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၊ ရဲတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးရမိကာ ၊ သေနတ် ၁၅ လက်၊ ကျည်မျိုးစုံ ၂၂၆၉ တောင့် ၊ ဘီအေ -၆၃ ရိုင် ဖယ် ကျည် အိမ် ၁၂ ခု ၊ ဘီအေ- ၉၄ ကျည်အိမ် ၂ ခု ၊ အေက-၄၇ ကျည် အိမ်၂ ခု ၊ မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ဘီအေ-၆၃ လှံစွပ် ၂ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လမ်းလျှောက်စကားပြောစက် ၆ လုံး၊ စကားပြောစက် အထိုင်စက် ၁ လုံး၊ လက်ထိပ် ၇ ခု၊ ကျင်စက် နံပါတ်တုတ် ၁ ချောင်း၊ ရိုးရိုး နံပါတ်တုတ် ၃ ချောင်း၊ ရဲယူနီဖောင်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ မစိန်ကျေးရွာမှာရှိတဲ့ မစိန်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ ပါသွားတာဖြစ်ခဲ့ပါသေးတယ်။

ပုံစာ – လူမှုကွန်ယက်မှာ ပျံ့နှံ့နေသည့်ပုံ
#voiceofmyanmar #VOM #တမူး #ဘုက္ကန်ရဲစခန်း #တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW