သန်လျင်မှာ ရေဆင်းကူးတဲ့ သင်္ဘောသား၂ဦး ရေနစ်သေဆုံး

မတ် ၂၁ – ၂၀၂၃ GG (VOM) ရန်ကုန် ၊သန်လျင်မြို့နယ်မှာ သင်္ဘောသား သူငယ်ချင်း ၃ ယောက် ရေဆင်းကူးရာကနေ ၂ ယောက်ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီခန့်မှာ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်က စက်ကန် ၂ မှာ ရေဆင်းကူးရာကနေ လူ၂ယောက် သေဆုံးခဲ့တာဖြစ်ကြောင်း လက်ရှိမှာ ရုပ်အအလောင်းတလောင်းကို ဆယ်ယူရရှိထားတယ်လို့ သိရပါတယ်။ “သင်္ဘောသားသုံးဦး ရန်ကုန်ပြန်ရောက်ပြီး သူငယ်ချင်း နေအိမ်ဖြစ်တဲ့ သန်လျင်၊ အမှတ် ၁၇ ရွှေဝါလမ်းသွယ် ၊အမှုထမ်းရပ်ကွက်က ဦးကိုကိုမြတ် အိမ်ကို အလည်လာပြီး ရေသွားကူးရာကနေ ရေနစ်သေဆုံးတာပါ။တယောက်က်ရေနစ်တာကို နောက်တယောက်က ကယ်ရင်းကနေ နှစ်ယောက်လုံးပြန်ပေါ်မလာတော့တာလို့ ကျန်ရှိသူ ဦးကိုကိုမြတ်ကပြောတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်ကပြောပါတယ်။ ရေနစ်သေဆုံးသူတွေက…

Read More

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှာသမ္မတပူတင်နဲ့ တရုတ်သမ္မတတို့ အလွတ်သဘောဆွေးနွေး

မော်စကို၊ မတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ မတ် ၂၀ ရက်က အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။ တရုတ်သမ္မတရှိင်္ကျင်းပင်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားကိုသုံးရက်ကြာအလည်အပတ်ရောက်ရှိနေပြီး ယူကရိန်းကို ရုရှားက ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှ ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကို ပထမဆုံးအကြိမ် သွားရောက်မှုလည်းဖြစ်ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံကအဆိုပြုထားတဲ့အချက်တွေကို သေချာစွာလေ့လာခဲ့ပြီး အဂ်ါနေ့မှာလုပ်မယ့် ဆွေးနွေးပွဲမှာ သမ္မတရှီကျင်းပင်နဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ရုရှားသမ္မတပူတင်ကပြောပါတယ်။ တရုတ်နဲ့ရုရှားတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အပြင် မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကြောင့် ရည်မှန်းချက်များအောင်မြင်နိုင်တယ်လို့ တရုတ်သမ္မတရှိကျင်းပင်ကပြောပါတယ်။ ဒီနေ့မှာဆက်လက်ပြုလုပ်မယ့် သူတို့နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ အခြားသောနိုင်ငံတကာရေးရာတွေကို အသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။ Ref:NHK Photo:AP #voiceofmyanmar #VOM #မော်စကို

Read More

ထိုင်းနိုင်ငံ ကန်ချနာဘူရီမှာ မြန်မာ ၁၂ ဦး ထပ်မံဖမ်းဆီးခံရ

မတ် ၂၁-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအခြေစိုက် မြန်မာလုပ်သားတွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ မြန်မာနိုင်ငံသား ၁၂ ယောက်ကို မနေ့ မတ် ၂၀ရက် မနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင်အတွင်းမှာ ထိုင်းရဲတပ်ဖွဲ့တွေက လုံခြုံရေးအတွက် ပုံမှန် စစ်ဆေးရေးလုပ်နေချိန် ပစ်ကပ်ကား အနက်ရောင်(၁)စီးဟာ စစ်ဆေးဂိတ်အရောက် ရပ်တန့်မပေးဘဲ အရှိန်ပြင်းပြင်း တိမ်းရှောင်မောင်းနှင်သွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”မြန်မာလုပ်သား ၁၂ ယောက်ပါတဲ့ မောင်းပြေးတဲ့ ကားကို ကီလိုမီတာ ၄၀ ခန့်လောက်အကွာမှာ ရပ်တန့် ဖမ်းဆီးလိုက်တာ၊ ကားရဲ့အရှေ့ခန်းနဲ့ အမိုးအုပ်ထားတဲ့ ကား အနောက်ခန်းတွေမှာ အမျိုးသား ၄ဦး၊ အမျိုးသမီး ၇ ဦးနဲ့ ကလေး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။”လို့…

Read More

ထိုင်းနိုင်ငံကို ထောပတ်သီး တရားမဝင်တင်ပို့မှုက စျေးအနှိမ်ခံရတဲ့အပြင် စျေးကွက်ခိုင်မာမှုလည်းမရှိ

မတ် ၂၁ -၂၀၂၃ GG (VOM) မြန်မာနိုင်ငံကထွက်ရှိတဲ့ ထောပတ်သီးကို ထိုင်းနိုင်ငံကို နားလည်မှုနဲ့ တရားမဝင်တင်ပို့မှုက စျေးကွက်ခိုင်မာမှုမရှိတဲ့အပြင် စျေးနှိမ်ခံရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ နိုဝင်ဘာအကုန်လောက်ကဆိုရင် ဘန်ကောက်မှာ အအေးခန်းနဲ့တရားဝင်သွင်းတဲ့အသီးကို 1kg ဘတ်300 ရောင်းချိန်မှာ တရားမဝင်ကမ်းကူးသီးကို 1kg ဘတ် 50 ပဲ ပေါက်တယ်။ရှမ်းမှာ တောင်သူရောင်းဈေး 1kg ဘတ် 30လောက်ပဲရတယ်၊ အဲ့ဒီတော့ ထိုင်းသစ်သီးကုန်သည်တွေက တရားမဝင်အသီးကို 1kg ဘတ် 50နဲ့ အလွယ်ဝယ်ပြီး သူတို့ဘာသာ ပါကင်ထုတ် အအေးခန်းထဲထည့်ပြီး ဘတ်300နဲ့ပြန်ရောင်းကြတယ်။အဲ့ဒါအကျင့်ပါသွားရင် မြန်မာသီးတွေ တရားဝင်တိုးရခက်မယ် “လို့ ထောပတ်သီးစျေးကွက်နဲ့ ကုန်သွယ်ရေးကိစ္ အအကြံပေးသူတဦးကပြောပါတယ်။ ဒါကြောင့် မြန်မာထောပတ်သီးကို ထိုင်းနဲ့တရုတ်ကို တရားဝင်တင်ပို့ခွင့်ရဖို့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ဆွေးနွေးမှုတွေလုပ်နေကြောင်း ၊ တရားဝင်တင်ပို့ခွင့်ပြုတဲ့အခါ တင်းကျပ်ထားတဲ့မူဝါဒတွေကို ဖြေလျှော့ပေးမှ တောင်သူတွေအဆင်ပြေမယ်လို့ ထောပတ်စိုက်ပျိုးသူတွေက ပြောပါတယ်။ “တရားမဝင်သွားတာက…

Read More

KBCရဲ့ဆမားဇုံနယ် အတွင်းရေးမှူး အဖမ်းခံရပြီး ရက် ၅၀ ခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာ

မတ်၂၁ – ၂၀၂၃ SN (VOM) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဆမားဇုံနယ် အတွင်းရေးမှူး သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ခလမ်ဂွမ်ဖန်လတ်ဟာ အဖမ်းခံရပြီး ရက်ပေါင်း ၅၀ ခန့်အကြာ မနေ့ မတ်၂၀ ရက် ညနေ ၄ နာရီဝန်းကျင်က မြစ်ကြီးနားအကျဥ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဆရာကြီး ခလမ်ဂွမ်ဖန်လတ်ဟာ ကေအိုင်အို ထိန်းချုပ်နယ်မြေက အသင်းသူအသင်းသားအချို့ ပို့ဆောင်ပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ဇန်နဝါရီ ၃၀ ရက်နေ့ညက အသိမိတ်ဆွေနဲ့ ဆွေမျိုးတွေထံ လိုက်လံပို့ဆောင်နေစဥ်မှာ လုံခြုံရေး ပတ်ကင်းအဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “အခု ပြန်ရောက်နေပါပြီ။ ကျန်းကျန်းမာမာပါပဲ။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကနေတဆင့် ဆမာဇုံနယ်ရုံးခွဲကို မနေ့က လာပို့ပေးခဲ့တာပါ”လို့ အမည်မဖော်လိုသူ သင်းအုပ်ဆရာတဦးက ပြောပါတယ်။ လက်ရှိအချိန်အထိ ဆရာကြီး ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကို သေ‌ချာမသိရပေမယ့်…

Read More

ဆိုမာလီမှာ မိုးခေါင်ရေရှားမှုကြောင့် လူလေးသောင်းကျော်သေဆုံး

ကုလသမဂ္ဂ၊ မတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကြောင့် လွန်ခဲ့တဲ့နှစ်အတွင်း လူပေါင်း ၄၃၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဆိုမာလီအစိုးရနဲ့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါဟာ အာဖရိကဦးချိုဒေသမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကြောင့် သေဆုံးမှုကို ပထမဆုံးအကြိမ် တရား၀င်ထုတ်ပြန်ခြင်းဖြစ်ပြီး သေဆုံးမှုရဲ့ထက်၀က်ဟာ ငါးနှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ယမန်နှစ်ပထမခြောက်လအတွင်း သေဆုံးသူ ၁၈၀၀၀ မှ ၃၄၀၀၀ ကြားထိရှိပြီး အဲဒီအကျပ်အတည်းက ပြီးဆုံးဖို့မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း ဆိုမာလီယာမှာ အငတ်ဘေးကြောင့် လူနှစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။ နိုင်ငံမှာဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုနဲ့ပတ်သက်ပြီး ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး လက်ရှိချိန်ထိ ၁၅ ရာခိုင်နှုန်းသာ ထောက်ပံ့ပေးထားရသေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုဖောက်ပြန်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စားနပ်ရိက္ခာစျေးနှုန်းတွေမြင့်တက်မှုတို့ကြောင့် အကျပ်အတည်းတွေရင်ဆိုင်နေရတဲ့ ဆိုမာလီယာနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့်…

Read More

ဟိုပန်မြို့မှာ ရေတွင်းတူးတဲ့ အမျိုးသား၃ယောက်အောက်ဆီဂျင်ပြတ်ပြီး သေဆုံး

မတ် ၁၈ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း) မှာ ဒီနေ့မတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရေတွင်းတူးသူ ၃ ယောက် အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” နေ့လယ် ၂နာရီခွဲလောက်မှာဖြစ်တာပါ။ ရေတွင်းဆင်းတူးတဲ့ ၃ယောက်လုံးသေသွားတယ်။ ဒေသခံတွေလို့သိရတယ် ” လို့ ဟိုပန်ဒေသခံတဦးကပြောပါတယ်။ အမျိုးသား ၃ ယောက်ဟာ ရေတွင်းတူးစဥ် အထဲမှာအောက်ဆီဂျင်ပြတ်လတ်ပြီး သတိမေ့နေကြောင်း သတင်းရလို့ ရှာဖွေကယ်ဆယ်ရေးသွားရောက်လုပ်ခဲ့ပေမယ့် သေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ သေဆုံးသူ အမျိုးသား ၃ယောက်ကို စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ဟိုပန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ဟိုပန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကူညီလုပ်ကိုင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ဟိုပန်

Read More

နိုင်ငံတကာအဆင့်မီ စံချိန်စံနှုန်း နဲ့ ရွှေဈေးနှုန်းတွက်ချက်ပြီး စျေးတန်းတခုသတ်မှတ်ဖို့ လုပ်နေ

မတ် ၁၈ – ၂၀၂၃ GG (VOM) ပြည်တွင်း ရွှေစျေးကွက်မှာ အခြေခံရည်ညွှန်စျေးနဲ့ပြင်ပ ပေါက်စျေး အကြားကွာဟမှုရှိနေတဲ့အပေါ် စျေးတန်းတခုတည်းသတ်မှတ်နိုင်ဖို့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” အစိုးရကကျတော့ ဒေါ်လာ ၂၁၀၀ နဲ့တွက်တယ်၊ ပြင်ပစျေးကွက်က ပြင်ပဒေါ်လာစျေးနဲ့တွက်တယ် ဒါကြောင့် ရွှေစျေးက မတူညီဘဲ ၂မျိုးဖြစ်နေတာပေါ့။အလေးချိန်ကျတော့လည်း ပြင်ပကပိုသာတယ်။ အဲ့ဒီလိုစျေးတွေက အမျိုးမျိုးမတူညီဖြစ်နေတာကို ထိန်းဖို့ ရွှေစျေးကို တခုတည်းဖြစ်အောင်လုပ်ဖို့ စီစဥ်နေတာပေါ့”လို့ ရွှေလုပ်ငန်းရှင် တဦးကပြောပါတယ်။ ဒါ့ကြောင့် ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျတဲ့ နိုင်ငံတကာအဆင့်မီအလေးချိန်စံချိန်စံနှုန်း သတ်မှတ်ရေးအပါအဝင် ရွှေဈေးနှုန်းတွက်ချက်မယ့်နည်းစနစ်နဲ့ ရည်အသွေးဆိုင်ရာသတ်မှတ်ဖို့အတွက် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ” လုပ်ငန်းရှင်တွေကတော့ စျေးတန်းသတ်မှတ်တာကိုသဘောကျတယ်။ စျေးမငြိမ်တော့ အရောင်းအဝယ်မဖြစ်ဘူးလေ ဒီတော့ စျေးတန်းသတ်မှတ်တာကောင်းပါတယ်။အပြင်မှာ စျေးကစားတဲ့ ဝယ်ရောင်းသမားတွေကတော့ သဘောကျမှာမဟုတ်ဘူး။ ” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။…

Read More

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် စသုံးတာနဲ့မှတ်ပုံတင် ကုန်အမှတ်တံဆိပ်အားလုံး ဥပဒေအကာအကွယ်ရရှိမယ်

မတ် ၁၈ – ၂၀၂၃ GG(VOM) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး အာဏာသက်ဝင်ကျင့်သုံးမှာဖြစ်လို့ အဲ့ဒီနေ့ကစပြီး မူပိုင်ခွင့် အခွင့်အရေးရှိတဲ့ ကုန်အမှတ်တံဆိပ်တွေကို ယူသုံးမိရင် ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။ ဥပဒေ ကျင့်သုံးပြီဆိုတာနဲ့ ကုန်အမှတ်တံဆိပ်အတုပြုလုပ်တာတွေ၊ အမှတ်တံဆိပ်အတု အသုံးပြုတာတွေ၊ အမှတ်တံဆိပ်အတုပြုလုပ်တဲ့ပစ္စည်း ဒါမှမဟုတ် ကိရိယာတွေကို လက်ဝယ်ထားရှိတာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ဖြစ်စေ ချမှတ်ခံရနိုင်သလို အဲ့ဒီပြစ်ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပါရှိချက်အရ သိရပါတယ်။ ” အရင် စာချုပ်စာတမ်းရုံးမှာ တင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ်ဟောင်းတွေ အားလုံးကိုလည်း မူပိုင်ခွင့် ဥပဒေရဲ့အကာအကွယ် ရဖို့အတွက် မူပိုင်ခွင့်ဦးစီးဌာနမှာ အမှတ်တံဆိပ်အားလုံး ပြန်လည်လျှောက်ထားရမှာပါ။ကုန်အမှတ်တံဆိပ်တွေနဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ ဥပဒေအရဆုံးဖြတ်ရင် အရင် စာချုပ်စာတမ်းရုံးမှာ…

Read More

သြစတြေးလျက မြစ်တစင်းမှာ ငါးသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွား

ဆစ်ဒနီ၊ မတ် -၁၈-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရဲ့မြို့တော် မန်နင်ဒီရှိ မြစ်ထဲမှာ ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံနဲ့ တာ၀န်ရှိသူတွေက မတ် ၁၇ ရက်မှာပြောပါတယ်။ ငါးများသေဆုံးမှုကို မတ် ၁၇ ရက်မှာ ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေတဲ့ အပူလှိုင်းကြောင့် ငါးတွေသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့သောသုံးနှစ်ကလည်း အဲဒီမြို့မှာငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး လက်ရှိသေဆုံးမှုကတော့ ငါးအသေအပျောက်အများဆုံးဖြစ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။ မန်နင်ဒီမြို့ရဲ့အပူချိန်ဟာ မတ် ၁၈ ရက်မှာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါလင်ဘာခါမြစ်ဟာ မာရေးဒါလင်မြစ်ဝှမ်းရဲ့ အဓိကအစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ လက်ရှိမှာ ငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီ နောက်ခံအကြောင်းရင်းတွေကို သက်ဆိုင်ရာ တာ၀န်ရှိသူတွေအတူ စုံစမ်းအဖြေရှာသွားမှာဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဆစ်ဒနီ

Read More
VOM News

FREE
VIEW