ရေနံထုတ်လုပ်မှု လျှော့ချခြင်းကြောင့် ကမ္ဘာ့ရေနံစျေး မြင့်တက်လာ

ရီယတ်၊ ဧပြီ-၃-၂၀၂၃
မျိုးဆက်(VOM)

ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံအများအပြားက ရေနံထုတ်လုပ်မှုကို လျှော့ချကြောင်း အံ့အားသင့်ဖွယ် ကြေညာပြီးနောက် ကမ္ဘာ့ရေနံစျေးတွေ မြင့်တက်လာနေပါတယ်။

ဆော်ဒီအာရေဗျ၊ အီရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံအများအပြားဟာ ရေနံံထုတ်လုပ်မှုကို တနေ့စည်ပေါင်း တစ်သန်းကျော် လျှော့ချထုတ်မယ်လို့ ဧပြီ ၂ ရက်မှာ ကြေညာပြီးနောက်မှာ ရေနံစျေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။

အခုလိုထုတ်လုပ်မှုလျှော့ချခြင်းကို အိုပက်နဲ့မဟာမိတ်နိုင်ငံတွေက လုပ်ဆောင်နေခြင်းဖြစ်ပြီး အဲဒီနိုင်ငံတွေဟာ ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်ရောင်းချမှုရဲ့ ၄၀ ရာခိုင်နှုန်းရှိပါတယ်။

ဆော်ဒီအာရေဗျဟာ တစ်နေ့လကို ရေနံစိမ်းစည် ငါးသိန်း၊ အီရတ်က နှစ်သိန်းကျော်အပြင် ယူအေအီး၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယားနဲ့အိုမန်တို့ကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချလျှက်ရှိပါတယ်။

ဒါဟာ ရေနံစျေးကွက်တည်ငြိမ်မှုရှိစေရေး အထောက်အကူဖြစ်စေဖို့အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ကြောင်း ဆော်ဒီစွမ်းအင်၀န်ကြီးဌာန တာ၀န်ရှိသူတဦးကပြောပါတယ်။

ဒါပေမယ့် အမေရိကန်ကတော့ စွမ်းအင်စျေးနှုန်းတွေ ကျဆင်းဖို့အတွက် ထုတ်လုပ်မှုတိုးမြှင့်ဖို့ ရေနံထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW