ငရုတ်ကောင်းမြို့အနီးမှာ နိုင်ငံသားအထောက်အထားမဲ့ (၇၀)ဦး ဖမ်းမိ

ဧပြီ၊၂၀-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် ၊
ငရုတ်ကောင်းမြို့အနီး ပင်လယ်ကမ်းစပ်မှာ မနေ့ ဧပြီ (၁၉)ရက်က နိုင်ငံသားအထောက်အထားမဲ့သူ အယောက် ၇၀ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ အထောက်အထားမဲ့သူတွေကို တပ်မတော်(ရေ)က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်လင်း အောင်(ခ) သူရအောင်၊ ဝင်းထက်အောင်၊ အေးမင်း၊ငြိမ်းချမ်းထွန်း ၊ စိုးလှိုင် (ခ)အိတုန်၊တင်ကိုဝင်းစတဲ့သူတွေက ပြည်ပနိုင်ငံကိုပို့ဆောင်ပေးမယ်ဆိုကာခေါ်ဆောင်လာတဲ့အချိန် အခုလိုဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

”တပ်မတော်(ရေ)ကမိတာပါ၊ ပြည်ပနိုင်ငံကိုသွားဖို့ လာတာတဲ့၊ နိုင်ငံသားအထောက်အထားမဲ့သူ အကုန် ဖမ်းမိတာ အယောက် ၇၀ ပါ၊အသက် ၁၂ နှစ်နဲ့ ၁၇ နှစ် အရွယ်တွေလည်းပါတယ်၊အထောက်အထားမဲ့သူတွေကို ပို့ဆောင်ပေးသူတွေလည်းမိပါတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။

ဖမ်းဆီးရမိ နိုင်ငံသားအထောက်အထားမဲ့သူတွေအထဲမှာ အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၅၈ ယောက်ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ အထောက်အထားမဲ့သူ အယောက်(၇၀)ကို ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊နိဗ္ဗာန်လမ်းမှာရှိ တဲ့”ကောင်းသန့်” ရေသန့် ဂိုဒေါင်မှာ လုံခြုံရေးအစောင့်တွေချထားပြီး ယာယီထားရှိ ထိန်းသိမ်းထားကာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပကို ပို့ဆောင်ပေးမယ်လို့ဆိုကာခေါ်ဆောင်လာသူတွေကိုလည်း ငပုတောရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငပုတော #အထောက်အထားမဲ့ #ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW