ဆူဒန်မှာ အရပ်သားအစိုးရကူးပြောင်းရေး တင်းမာနေစဉ် စစ်တပ်နဲ့ အရန်တပ် တိုက်ပွဲဖြစ်

ခါတွမ်၊ ဧပြီ-၁၅-၂၀၂၃
မျိုးဆက်VOM)

ဆူဒန်နိုင်ငံမှာ အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင်တက်နေချိန်မှာ ဆူဒန်စစ်တပ်နဲ့အင်အားကြီး အရန်တပ်တို့အကြား မြို့တော်ခါတွမ်မှာ ဒီ နေ့တိုကျပှဲတှဖွေစျပှားနပွေီး လူသုံးဦးသေဆုံးသွာပါတယ်။

ဆူဒန်အရန်တပ်ဖြစ်တဲ့ (RSF) က အနည်းဆုံး လေဆိပ်သုံးခု စစ်တပ် အကြီးအကဲ နေအိမ်နဲ့ သမ္မတ အိမ်တော်တို့ကို ထိန်းချုပ်ထားတယ်လိုဆိုပါတယ်။

ဆူဒန်စစ်တပ်က ဒီအချက်ကို ငြင်းဆိုထားပြီး လေတပ်ဟာ အရန်တပ် တွေရဲ့ စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကနေ ဘေးလွတ်ရာကို ခိုလှုံဖို့ ကြိုးစားနေကြပါတယ်။ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူတွေက အိမ်ထဲမှာပဲ နေနေကြကာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲဖြစ်မယ်လို့ မမျှော်ထားတာကြောင့် တိုက်ပွဲကားမှာပိတ်မိ နေသူ အများအပြားရှိ ပြီး တံတား ှေလေမျးတှပေိတျဆို့ထားပါတယျ။

RSF တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန်ဒါဂါလို စစ်တပ်အခြေစိုက်စခန်းအားလုံးကို သိမ်းပိုက်ပြီးချိန်အထိ တိုက်ပွဲဝင်သွားမယ်လို အခိုင်အမာပြောပါတယ်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗဒယ်ဖာတာ့အယ်လ်ဘာဟန် ဟာ ရာဇ၀တ်ကောင်ဖြစ်ပြီး အသတ်ခံရ သို့မဟုတ် တရားရင်ဆိုင်ရမှာဖြစ်ကြောင်း သူကပြေဆိုပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ဆူဒန်

Related posts

Leave a Comment

VOM News

FREE
VIEW