ရန်ကုန်မှာ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပါယ်ပွဲတွေ ပြုလုပ်

ဧပြီ၊၁၃-၂၀၂၃
MaungMaung(VOM)

ရန်ကုန်တိုင်းဒေသကြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ၊ ရခိုင်လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းကျင်းပတဲ့ ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ဒီကနေ့ ဧပြီလ ၁၃ ရက် မနက်(၉)နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ရှိတဲ့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို နမောသဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နံ့သာရေတွေနဲ့ ဘုရားရေသပ္ပါယ်တဲ့ ကုသိုလ်ကို ဒေါက်တာအေးချမ်း၊ဒေါက်တာအေးမောင်၊ဒေါ်ခင်စောေ၀ စတဲ့ ရခိုင်ပြည်နယ်က လူသိထင်ရှား နိုင်ငံရေးနယ်ပါယ်က ပုဂ္ဂိုလ်တွေ အပြင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ၊ရန်ကုန်ရောက် ရခိုင်သူရခိုင်သားတွေလည်း တက်ရောက် ကုသိုလ် ယူခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားတွေကိုရခိုင်ပြည်နယ်ဓမ္မာရုံ အပြင် ရခိုင်ဓညဝတီ ဘုန်းတော်ကြီးကျောင်းမှာလည်း ပြုလုပ်ခဲ့ကြတယ်လို့ ရခိုင်မောင်မယ်အဖွဲ့က သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်သင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW