ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေး ဘင်္ဂလားဒေ့ရ်ှနဲ့ တရုတ်ဆွေးနွေး

ဒါကာ၊ ဧပြီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေးအတွက် ကြား၀င်ညှိနှိုင်းပေးနေတဲ့ တရုတ်တာ၀န်ရှိသူတွေနဲ့ မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီး အေကေအဗ္ဗဒူမိုမန်က ဧပြီ ၁၈ ရက်မှာပြောပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး တရုတ်တာ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုအရ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေးအတွက် အဆင်ပြေချောမွေ့အောင်ကူညီပေးဖို့ အစီအစဉ်အများအပြား လုပ်ဆောင်နေပြီး မကြာခင်ပြန်နိုင်ကြမယ်လို့ နိုင်ငံခြားရေး၀န်ကြီး မိုမန်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှနဲ့မြန်မာအကြား ဆွေးနွေးမှုတွေ အဆင်ပြေစေဖို့ တရုတ်ကဆက်လက်ကြိုးပမ်းနေပြီး တရုတ်တာ၀န်ရှိသူတွေက အလွန်ကောင်းတဲ့ အစပျိုးမှုတွေ စတင်နေပြီလို့ သူကဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ကစပြီး ရခိုင်ပြည်နယ်ကရိုဟ်ဂျာတွေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားဒေသကို ထွက်ပြေးခိုလှုံခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၁ ဒသမ ၁ သန်းထိ ခိုလှုံနေကြပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်အရ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်က ပြန်ခေါ်ပေမယ့် ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးအခြေအနေတွေကြောင့် နေရပ်ပြန်ရေးကြိုးစားမှု နှစ်ကြိမ်စလုံး အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

Ref:BSS News
#voiceofmyanmar #VOM #ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW