အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တို့ ဒုံးကျည်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်

ဆိုးလ်၊ ဧပြီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်စွာတုံ့ပြန်နိုင်ဖို့အတွက် ဒုံးကျည်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၇ ရက်မှာ ပြုလုပ်နေပါတယ်။

မဟာမိတ်နိုင်ငံများအကြား သံတမန်ရေးနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမြှင့်တင်ဖို့အတွက် ဒုံးကျည်ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘောရန်ကာကွယ်တာဆီးရေးတို့အတွက် ဝါရှင်တန်မှာ သုံးနိုင်ငံဆွေးနွေးပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံအကြား ရေပိုင်နက်မှာ ဧပြီ ၁၇ ရက်ကစတင်နေတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တန်ချိန် ၇၆၀၀ အလေးချိန်ရှိ တောင်ကိုရီးယားရဲ့ ယူဂေါ့ရီ-၁ ဖျက်သင်္ဘော၊ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ဖျက်သင်္ဘော ဘန်ဖိုးဒ်နဲ့ ဂျပန်၏အာတာဂို ဖျက်သင်္ဘောတို့ပါ၀င်ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ဆိုးရွားတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် သုံးနိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေတဲ့အခွင့်အလမ်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်သစ်စမ်းသပ်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေခြင်းတွေကြောင့် မကြာသေးမီကာလတွေအတွင်း ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW