ဧပြီ၊၂၄-၂၀၂၃ MM(VOM) ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့နယ် ၊ တာလေမြို့မှာ ဒီနေ့ ဧပြီ၂၄ ရက် မနက်ပိုင်းက အမျိုးသမီးတစ်ဦး နေအပူရှိန်ကြောင့် ရုတ်တရက်လဲကျသေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ သေဆုံးသူဟာ တာလေမြို့၊အမှတ်(၄)ရပ်ကွက် မတ်တန်းကျေးရွာမှာနေထိုင်တဲ့ အသက် (၅၃)နှစ် ဒေါ်ခင်သန်းရီ ဆိုသူဖြစ်ပြီး သွေးတိုးရောဂါအခံရှိသူဖြစ်တယ်လို့ သိရပါတယ်။ “သေဆုံးသူက သွေးတိုးရောဂါအခံရှိသူပါ၊ ပုံမှန်တော့ ဘာမှမဖြစ်ဖူး၊ ဒီနေ့မှ ထမင်းစားနေရင်းနဲ့ ရုတ်တရက် အသက်ပါသွားတာ၊ အခြားနေ့တွေနဲ့ယှဉ်ရင် ဒီနေ့ တာလေးမြို့မှာက နေအရမ်းပူပြင်းနေပါတယ်၊ အပူရှိန်ကြောင့် သေဆုံးတယ်လို့ပဲယူဆတယ်။”လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တာချီလိတ်မြို့နယ်၊ တာလေမြို့မှာ ဒီနေ့ အပူချိန်(၄၀)ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာပြီး သွေးတိုးရောဂါနဲ့ နှလုံးရောဂါအခံရှိသူတွေအထူး သတိထားနေထိုင်ရမယ့်အပြင် အသက်အရွယ်ကြီးသူတွေလည်း သတိထားရမယ်လို့ ကျန်းမာရေးပညာရှင်တွေရဲ့အကြုံပြုချက်အရ သိရပါတယ်။ ဒါ့အပြင် တာချီလိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကစပြီး…
Read MoreDay: April 24, 2023
ရွှေ့ပြောင်းဒုက္ခသည်ထောင်ပေါင်းများစွာ မက္ကကိုစီတီးသို့ ချီတက်လာနေ
မက္ကဆီကိုစီးတီ၊ ဧပြီ-၂၄-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုရှိ ဒုက္ခသည်ထိန်းသိမ်းရေးစခန်းတွေ ရပ်ဆိုင်းရေးတောင်းဆိုမှု တစိတ်တပိုင်းအဖြစ် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ မက္ကဆီကိုတောင်ပိုင်းကိုဖြတ်ပြီး မြို့တော်မက္ကဆီကိုစီးတီးကို ဧပြီ ၂၃ ရက်မှာ ချီတက်နေကြပါတယ်။ အမေရိကန်နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတခုမှာ လွန်ခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ မိမိတို့တောင်းဆိုနေတဲ့ တခုတည်းသောအရာဟာ တရားမျှတမှုနဲ့ အခြားသူတွေလိုဆက်ဆံခံရဖို့ဖြစ်ကြောင်း ဆန္ဒပြချီတက်ရာမှာ ပါ၀င်သူတဦးကပြောပါတယ်။ ဆန္ဒပြချီတက်သူတွေဟာ မြို့တော်မက္ကဆီကိုစီးတီးကို ၁၀ ရက်တွင်း ရောက်ရှိဖွယ်ရှိနေပါတယ်။ ဆန္ဒပြသူအများစုဟာ ဗဟိုအမေရိက၊ ကျူးဘား၊ ဗင်နီဇွဲလား၊ အီကွေဒေါနဲ့ ကိုလံဘီယာတို့မှဖြစ်ပါတယ်။ သူတို့စာ ဂွါတီမာလာနယ်စပ်အနီး မက္ကဆီကိုနိုင်ငံ တာပါချူလာမြို့မှ ဧပြီ ၂၃ ရက် အရုဏ်တက်မှာ စတင်ချီတက်လာခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်စုစုပေါင်း ၃၀၀၀ ကျော်ပါ၀င်ပါတယ်။ အခုလိုက်ချီတက်ရာမှာ အမေရိကန်နယ်စပ်ကို ဒုက္ခသည်ဘယ်လောက်ထိရောက်ရှိမလဲဆိုတာကို သေချာစွာမသိရသေးပါဘူး။ မက္ကဆီကိုစီးတီး သို့မဟုတ် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို မရောက်ရှိမီ ချီတက်လာတဲ့…
Read Moreတရုတ်ရဲ့ခြိမ်းခြောက်မှုတွေတန်ပြန်ရေး တာဝေးပစ်ဒုံးကျည်တွေ ပိုမို၀ယ်ယူဖို့ သြစတြေးလျစီစဉ်
ဆစ်ဒနီ၊ ဧပြီ-၂၄-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျဟာ တရုတ်နိုင်ငံရဲ့ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် တာဝေးပစ်ဒုံးကျည်တွေ ၀ယ်ယူရေးကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ဧပြီ ၂၃ ရက်က ထုတ်ပြန်တဲ့ ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ ဒုံးကျည်နည်းပညာခေတ်မှာ သြစတြေးလျနိုင်ငံရဲ့ ပထဝီအနေအထား သီးသန့်ဆန်မှုက နိုင်ငံကို အကာအကွယ်မပေးနိုင်တော့ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သြစတြေးလျအစိုးရအနေနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ဖြည့်ဆည်းဖို့ ဒေါ်လာ ၁၂ ဘီလီယံအသုံးပြုသွားမှာဖြစ်ပါတယ်။ စာမျက်နှာ ၁၁၀ ပါရှိတဲ့ အစီရင်ခံစာမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း သြစတြေးလျကာကွယ်ရေးအတွက် အကြီးမားဆုံး သုံးသပ်ပြင်ဆင်မှုလည်းဖြစ်ပါတယ်။ ထိုင်၀မ်ကို တရုတ်ပြည်မှုကြီးနဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါကအင်အားသုံးမယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်နိုင်ငံရဲ့ ထိုင်၀မ်အပေါ်ရပ်တည်ချက်သဘောထားကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုများတိုးလာချိန်မှာ သြစတြေးလျရဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာသုံးသပ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ အဓိကတည်ရှိနေတဲ့ အစိတ်အပိုင်းတွေကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုထားပြီး ဒီတောင်းဆိုမှုဟာ နိုင်ငံတကာဥပဒေနဲ့…
Read Moreမိုင်းဖြတ်မှာ ဘုရားဖူးကား ချောက်ထဲကျပြီး ၃ယောက်သေ၊ ၃ယောက်ဒဏ်ရာရ
ဧပြီ ၂၄ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ် ၊မိုင်းဖြတ်မြို့နယ်၊ နန့်နမ်းရှမ်းရွှာ အကျော်လောက်မှာ ဘုရားဖူးခရီးသွားကားတစ်စီး ချောက်ထဲထိုးကျပြီး ၃ ယောက်သေဆုံးကာ ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဘုရားဖူးကားဟာ ဒီနေ့ ဧပြီ၂၄ ရက် မနက် ၇ နာရီခွဲလောက်မှာ အရှိန်မထိမ်းနိုင်ဘဲ ပေ၂၀ အနက်ရှိတဲ့ ချောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ကားပေါ်လိုက်ပါလာသူ ၆ ယောက်မှာ ၃ယောက်ကသေဆုံးပြီး ၃ ယောက်က ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့ဆီသတင်းဝင်တာက၇ နာရီခွဲလောက်မှာ ပါ၊ နန့်နမ်းရှမ်းရွှာ အပေါ်ဘက်မှာ ကားကအရှိန်များပြီး ခေါင်းကိုမထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတာ။ဒဏ်ရာတွေက ဦးခေါင်းထိတာရှိတယ်၊ရင်ဘတ်ထိတာရှိတယ်၊ကျိုးတာပဲ့တာမရှိဘဲ အတွင်းပိုင်းဒဏ်ရာထိတဲ့သဘော၊အသက်ကလည်းကြီးသူတွေဖြစ်တယ်၊ ဆွေမျိုးတွေဖြစ်ဖို့များတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကားပေါ်မှာက အမျိုးသမီး ၅ ယောက်နဲ့ယာဥ်မောင်း အမျိုးသား ၁ ယောက် လိုက်ပါလာတာဖြစ်ပြီး…
Read Moreအမေရိကန်နဲ့ အနောက်အုပ်စု ပံ့ပိုးပေးသော ပက်ထရီယော့ ဒုံးကျည်စနစ် ယူကရိန်းကိုရောက်ပြီ
ဧပြီ-၂၄-၂၀၂၃ အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်များမှ ပံ့ပိုးပေးသော ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ ယူကရိန်းအရာရှိများက ကြေညာခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်မှုတစ်လျှောက်လုံးမှာ ရုရှားဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကိယက်ဗ်ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အကြိမ်ကြိမ်ပစ်မှတ်ထားခဲ့ပါတယ်။ ထို့အတွက် ယူကရိန်းဘက်က ရုရှားရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့အတွက် ခေတ်မီတဲ့ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရရှိရေးအတွက် မျှော်လင့်ခဲ့ပါတယ်။ “အိပ်မက်တွေကို ဘယ်လိုပုံဖော်ရမလဲဆိုတာ ခင်ဗျားတို့သိလား၊ ဒီအကြောင်းတွေကို ကမ္ဘာကသိစေဖို့ အသက်တွေပေးရမယ်” လို့ Twitter လူမှုကွန်ရက်ပေါ်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီ ရီဇနီကော့ဗ်က ရေးသားမျှဝေခဲ့ပါတယ်။ ယခုတော့ မျှော်လင့်ခဲ့တဲ့ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေဟာ ယူကရိန်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် လှပတဲ့ ယူကရိန်းကောင်းကင်ယံဟာ ပိုမိုလုံခြုံလာတော့မှာဖြစ်ပါတယ်။ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေထဲက တစ်ခုကို အမေရိကန်က ပံ့ပိုးပေးခဲ့တာဖြစ်ပြီး၊ နောက်ထပ်တစ်ခုကိုတော့ ဂျာမဏီနဲ့…
Read Moreဆူဒန်ကနေ သံတမန်တွေနဲ့ နိုင်ငံသားတွေကိုကယ်ထုတ်ရေး နိုင်ငံတကာအစိုးရတွေ လုပ်ဆောင်နေ
ခါတွမ်၊ ဧပြီ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် ကမ္ဘာ့နိုင်ငံအစိုးရတွေဟာ သူတို့ရဲ့ သံတမန်တွေနဲ့ နိုင်ငံသားတွေကို ဆူဒန်ကနေ ကယ်ထုတ်နေကြပါတယ်။ အမေရိကန်နဲ့ဗြိတိန်တို့ဟာ သူသတို့ရဲ့သံတမန်၀န်ထမ်းတွေကို ဆူဒန်မှကယ်ထုတ်ခဲ့ကြောင်း ဧပြီ ၂၃ ရက်မှာ ကြေညာပါတယ်။ ရဟတ်ယာဉ်သုံးစင်းနဲ့ လူပေါင်း ၁၀၀ ထက်မနည်းကို ကယ်ထုတ်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေကပြောပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်နိုင်ငံတို့ကလည်း နိုင်ငံသားတွေကို ကယ်ထုတ်နေကြပါတယ်။ ဆူဒန်စစ်တပ်နဲ့ ပြည့်သူ့စစ်အဖွဲ့တို့အကြား ပြင်းထန်တဲ့အာဏာလွန်ဆွဲမှုကြောင့် ဆူဒန်နိုင်ငံတ၀န်း အကြမ်းဖက်မှုများဆီသို့ ဦးတည်နေပါတယ်။ လူဦးရေခြောက်သန်းရှိတဲ့ မြို့တော်ခါတွမ်မှာ အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းကနေ လာရောက်တဲ့ ပြည်ပကျောင်းသားအများအပြားဟာ အကူအညီတောင်းခံမှုတွေလည်းရှိနေပါတယ်။ တချိန်တည်းမှာ ဆူဒန်မှာအင်တာနက်ဆက်သွယ်ရး လုံးလုံးလျားလျားနီးပါး ပြတ်တောက်မှုဖြစ်ပေါ်နေပြီး ခါတွမ်နဲ့ အခြားမြို့တွေမှာ ပိတ်မိနေသူတွေကို အကူအညီပေးဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆိုးရွားစွာအဟန့်အတားဖြစ်နေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ Ref: BBC Photo:AP #voiceofmyanmar…
Read Moreမြိတ်မြို့မှာ ကား ၁ စီးပေါက်ကွဲမှုဖြစ်လို့ လင်မယား ၂ ယောက်သေဆုံး
ဧပြီ ၊ ၂၄-၂၀၂၃ SP(VOM) တနင်္သာရီတိုင်း ၊ မြိတ်မြို့၊ကန်ဖျားရပ်ကွက်မှာ မနေ့ ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အချိန်က အိမ်စီးကား ၁ စီး သွားလာနေရင်း ပေါက်ကွဲမှုဖြစ်လို့ ကားပေါ်ပါ လင်မယား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မြိတ် ကညန ရုံးနားမှာ ပေါက်ကွဲတာဖြစ်တယ် ၊ ပေါက်ကွဲတဲ့ကား အမျိုးအစားက Honda Fit အနက်ရောင်ဖြစ်တယ် ၊ ကားပေါ်ပါ လူ ၂ ယောက် သေဆုံးသွားတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပေါက်ကွဲတဲ့ကားပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ခဲယမ်းတွေ ၊…
Read Moreတာမွေက အထည်ဆိုင် နောက်ထပ်တဆိုင် ဖောက်ထွင်းခံရပြီး သိန်း၃၀၀ ကျော်တန်ဖိုးရှိတဲ့ အထည်၄၀၀၀ ကျော်ပါသွား
ဧပြီ ၂၃ – ၂၀၂၃ GG(VOM) ရန်ကုန်၊တာမွေမြို့နယ်၊သမိန်ဗရမ်းလမ်းမှာဖွင့်ထားတဲ့ ” MAIN ” အဝတ်အထည်ဆိုင် ဖောက်ထွင်းခံရပြီး သိန်း၃၀၀ ကျော်တန်ဖိုးရှိ အထည် ၄၀၀၀ ကျော်ပါသွားတယ်လို့သိရပါတယ်။ ချည်ထိုးတီရှပ်ဒီဇိုင်းအစုံ၊Vshape T-shirt ဗြောင်၊Polo shirt ၊Apple hoodie/Bacon T-shirt ၊Its myday T-shirt ၊ Bacon T-shirt/Apple T-shirt အထည် စုစုပေါင်း ၄၁၀၀ ပါသွားတာဖြစ်တယ်လို့သိရပါတယ်။ ” အမတို့ မနေ့က ၂၂ ရက်မနက်ဆိုင်ရောက်တော့မှ ဖောက်ထွင်းခံထားရတာသိတယ်။ဒီတော့၂၁ ရက်နေ့ညပိုင်းမှာ လုပ်သွားတာလို့ထင်တယ်။ဆိုင်ထဲကအရှေ့ခြမ်းမှာထားတဲ့ အင်္ကျီတွေအကုန်ပါသွားတယ်။အံံဆွဲထဲမှာ စျေးဝယ်သူပြန်အမ်းဖို့ထားထားတဲ့အကြွေတွေရော အကုန်ပါသွားတယ်၊သူခိုးက အုပ်စုလိုက်လာတာမို့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ထားကြပါရှင်၊ကိုယ်ပိုင်ချွေးနည်းစာနဲ့ သမာအာဇီဝရှာထားရတဲ့ပိုက်ဆံမို့လို့ အရမ်းနှမြောပါတယ်”လို့ ဆိုင်ရှင်ဖြစ်သူကပြောပြပါတယ်။ အဝတ်အထည်တွေအပြင် ဆိုင်ထဲက Inverter၊ batteryအိုးနဲ့CCTV record စက် ၊ အလှကြည့်မှန်နဲ့ အဝတ်အစားထည့်တဲ့ချင်းတွေကိုပါ…
Read Moreဆီဆိုင်မှာ အချိန်အခါမဟုတ် မိုးရွာ၊လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွေ ပြိုကျပျက်စီး
ဧပြီ၊၂၃-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာ၊လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး စစ်ရှောင်စခန်း တဲအိမ် အလုံးရေ ၃၀ ထက်မနည်း ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီ ဒေသမှာ ဧပြီ၂၁ ရက်နဲ့ ဧပြီလ ၂၂ ရက်တွေက ရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မိုးကာနဲ့မိုးထားတဲ့ စစ်ရှောင်စခန်းတဲအိမ် ၊ သွပ်နဲ့မိုးထားတဲ့ စစ်ရှောင်စခန်း တဲအိမ် အားလုံးပေါင်း အလုံးရေ ၃၀ ထက်မနည်း ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ”လေပြင်း တိုက်ခတ်တဲ့အချိန်ကြာရင် အခုထက် အပျက်အစီးများမယ်၊ မိနစ် ၂၀ လောက်ပဲ တိုက်ခတ်သွားတာ၊ ဒါ့ကြောင့် အပျက်အစီး နည်းသွားတာ၊ဒါတောင် အဆောက်အဦ အလုံးရေ ၃၀ ကျော်အထိရှိမယ်၊ အရင်ကတည်းက အကူအညီက လိုနေတာ အခုတော့ လိုအပ်ချက် အခြေအနေက ပိုဆိုးကုန်ပြီပေါ့။”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။ အဲ့ဒီ လေပြင်းတိုက်ခတ်မှုနဲ့အတူ…
Read MorePV နဲ့ PE ကိုင်သူတွေ သက်တမ်းတိုးဖို့ ရပ်ကွက်၊ရဲစခန်း၊ ပြန်တမ်းဝင်အရာရှိတစ်ဦးရဲ့ ထောက်ခံစာလိုအပ်ကြောင်း ချင်းမိုင်ကောင်စစ်ဝန်ရုံး အသိပေး
ဧပြီ ၂၃ -၂၀၂၃ GG (VOM) မြန်မာနိုင်ငံကူးလက်မှတ် အလည်အပတ် Passport of Visit နဲ့ ပညာရေး Passport of Education ကိုင်ထားသူတွေအနေနဲ့ သက်တမ်းတိုးမယ်ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ရပ်ကွက်၊ရဲစခန်းထောက်ခံစာ နဲ့ မြန်မာနိုင်ငံက ပြန်တမ်းဝင်အရာရှိတစ်ဦးရဲ့ ထောက်ခံစာ (အရာရှိရဲ့ဝန်ထမ်းကတ်ပါရမယ်) တို့ကို ပူးတွဲတင်ပြရမယ်လို့ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးလိုက်ပါတယ်။ နောက်ပြီး မိဘ ထောက်ခံချက်၊ကာယကံရှင်ရဲ့ ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှုအသေးစိတ် ကိုယ်ရေးစာ၊ ကျောင်းတက်နေပါက ကျောင်းနဲ့ပတ်သက်တဲ့ အထောက်အထားအပါအဝင် မှတ်ပုံတင်ကတ်ကိုပါ ပူးတွဲတင်ပြရမှာဖြစ်တယ်လို့သိရပါတယ်။ ” အလည်အပတ်ဗီဇာနဲ့လာပြီး မြန်မာပြည်မပြန်တော့ဘဲ ဒီမှာပဲနေ၊ဒီမှာပဲအလုပ်လုပ်နေတာတွေကို ပြန်လာအောင်လုပ်ပြီး သေချာစိစစ်ချင်တဲ့သဘောထင်တယ်။ဘာလို့ဆို အခု သူတို့တောင်းတဲ့ရဲစခန်းထောက်ခံစာတို့ဆိုတာက လူကိုယ်တိုင်မှတ်ပုံတင်နဲ့သွားလုပ်မှရမယ့်အရာလေ။ ပြန်တမ်းဝင်အရာရှိထောက်ခံစာလည်းယူရမယ်၊ထောက်ခံစာက နိုင်ငံရေးကင်းရှင်းကြောင်းထောက်ခံချက်လို့တော့ကြားတယ်”လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။ ကောင်စစ်ဝန်ရုံးကတော့ သူတို့သတ်မှတ်လိုက်တဲ့ အချက်အလက်စာရွက်စာတမ်းတွေပြည့်စုံမှသာ သက်ဆိုင်ရာကို ဆက်လက်တင်ပြရမှာဖြစ်လို့ ခွင့်ပြုချက်ရရှိဖို့ကကြာမြင့်နိုင်တယ်လို့…
Read More