တရုတ်သမ္မတရှီကျင်းပင်နဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ်ဆွေးနွေး

ကိယက်ဗ်၊ ဧပြီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ဧပြီ ၂၆ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ သံတမန်တဦးခန့်အပ်ခြင်းနဲ့အတူ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဆက်သွယ်ဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေဖို့ တွန်းအားဖြစ်မယ်လို့ယုံကြည်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း အခုလိုဆက်သွယ်ဆွေးနွေးမှုကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ဟာ ငြိမ်းချမ်းရေဘက်မှာ အမြဲရပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့မတူဘဲ ရုရှားရဲ့ကျူးကျော်မှုကို ကြားနေပုံပေါက်ဖို့ ကြိုးပမ်းနေဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့လကလည်း သမ္မတရှီကျင်းပင်ဟာ ရုရှားကို နှစ်ရက်ကြာသွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွေကို အဆိုပါပြုခဲ့ပါသေးတယ်။

တရုတ်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ရဲ့ ဆက်သွယ်ဆွေးနွေးမှုကို ကောင်းတဲ့အချင်းအရာအဖြစ် ကြိုဆိုကြောင်း၊ ဒါပေမယ့် အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု သို့မဟုတ် အဆိုပါပြုချက်အချို့ကို ဦးတည်နိုင်ခြင်းရှိမရှိ သိနိုင်ဖို့ အချိန်စောလွန်သေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW