အင်းတော်ဒေသမှာ မိုးသက်က်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေအပါအဝင် အဆောက်အဦ ၅၀ ကျော် ထိခိုက်ပျက်စီး

ဧပြီ၊၂၆-၂၀၂၃
MM[VOM]

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မနေ့ ဧပြီလ ၂၅ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တွေအပါအဝင် အဆောက်အဦ ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။

”မနေ့က ညနေ ၄ နာရီဝန်းကျင်က စတိုတ်ခတ်တာ၊ လေကတော်တော်ပြင်းတယ်၊ရုတ်တရက်မိုးတွေကလည်း တော်တော်သည်းထန်ရွာသွန်းတိုက်ခတ်တာ၊ ဘုန်းကြီးကျောင်းတွေ သုသာန်တွေ၊ မီးသင်္ဂြိုဟ်စက်ဂိုဒေါင်တွေ၊ ကျေးရွာလူမှုရေးအသင်းရုံးတွေ ၊ နားနေဆောင်တွေ ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ ပျက်စီးသွားတာ အားလုံး အဆောက်အဦ ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ တယ်။”လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လမ်းဘေးလျှပ်စစ်မီးတိုင်တွေ၊လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်လဲကျခဲ့ပြီး မိုးသီးတွေပါ ကြွေကျခဲ့တာကြောင့် လူတချို့လည်း ပွန်းပဲ့တဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်မှာ အခုဧပြီလး၂၁ ရက်ကလည်း အချိန်အခါမဟုတ် မိုးရွာ မိုးသက်လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်အပါအဝင် အဆောက်အဦ ၉၀ ကျော် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သေးတယ်လို့သိရပါတယ်။

မတ်လ ၊ ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန်မြင့်တက်မှု ဖြစ်ပွားကာ ရုတ်တရက် အချိန်အခါမဟုတ်မိုးတွေရွာသွန်းပြီး လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလပ်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Photo Credit- Ko Zin Lin Htut
#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW