ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိ ပြည်သူ့စစ်အဖွဲ့ပစ်မှတ်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်

ခါတွမ်၊ မေ-၁-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်မှာ အရပ်သားတွေဘးလွတ်ရာကို ရှောင်တိမ်းနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူထားပေမယ့် မြို့တော်ခါတွမ်တွင် ဧပြီ ၃၀ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ကိုချေမှုန်းဖို့ အတွက် မြို့တော်ခါတွမ်ရှိပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ်ကပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်သုံးရက် သက်တမ်းတိုးမယ်လို့ နှစ်ဘက်စစ်တပ်က ပြောဆိုထားသော်လည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား ၅၀၀ ကျော်သေဆုံးခဲ့ပြီး ဒီထက်ပိုသေဆုံးဖွယ်ရှိနေကာ မြို့တော်ခါတွမ်မှာ လူသန်းပေါင်းများစွာ ပိတ်မိနေပါတယ်။

ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးအယ်လ်ဘာဟန်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အကြီးအကဲ ဟမ်ဒန်ဒါဂါလိုတို့အကြား အာဏာလွန်ဆွဲပွဲကြောင့် ပဋိပက္ခများဖြစ်ပွားနေခြင်းဖြစ်ပြီး အထူးသဖြင့် အာအက်စ်အက်ဖ်အဖွဲ့ကို စစ်တပ်အောက်သို့ထားရှိမယ့်အစီအစဉ်အပေါ် သဘောထားကွဲလွဲနေကြပါတယ်။

အမေရိကန်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့ရဲ့ သံတမန်ရေးရာကြိုးပမ်းမှုအပြီးမှာ အပစ်အခတ်ရပ်စဲရေးတွေရရှိခဲ့ပေမယ့် တည်မြဲခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် အမေရိကန်နဲ့ ဆော်ဒီတို့ရဲ့ ကြား၀င်စေ့စပ်မှုနောက်တဆင့်အနေနဲ့ နှစ်ဘက်အကြား ဘယ်လိုဖြစ်လာမယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref:BBC
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW