အိန္ဒိယမြောက်ပိုင်းမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၁ ယောက်သေဆုံး

ဒေလီ၊ မေ-၁-၂၀၂၃
မျိူးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူ (၁၁)ဦးထက်မနည်း သေဆုံးသွားကြောင်း အိန္ဒိယတာ၀န်ရှိသူတွေက ဧပြီ ၃၀ရက်မှာ ပြောပါတယ်။

ပန်ဂျပ်ပြည်နယ် လူဒီယားနားဆိပ်ကမ်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုအတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေပါ၀င်ပြီး နေအိမ်တွေမှာ လူအများအပြား သတိလစ်မေ့မျောမှုတွေဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ငွေ့ယိုစိမ့်တဲ့နေရာမှ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး (၄)ဦးကတော့ ဆေးရုံမှာကုသမှုခံယူနေရကာ အဲဒီနေရာကို တာ၀န်ရှိသူတွေက ပိတ်ဆို့ထားပါတယ်။ ဓါတ်ငွေ့ယိုစိမ့်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

အနီးနားရှိ ဓါတ်ငွေ့တွင်းတွေကနေ စတင်ယိုစိမ့်မှုဖြစ်ပွားဖွယ်ရှိပြီး အချို့သော ဓါတုဗေဒပစ္စည်းတွေဟာ တွင်းတွေမှာရှိတဲ့ မီးသိန်းနဲ့ ဓါတ်ပြုနိုင်ကြောင်း တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

စက်မှုလုပ်ငန်းသုံး ဓါတ်ငွေ့ယိုစိမ့်မှုမှာ အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲပါတယ်။ အန်ဒရာပရာဒေ့ရ်ှပြည်နယ်မှာ လွန်ခဲ့တဲ့သုံးနှစ်က ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ဖူးပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW